ထိုင်းနိုင်ငံ အရှေ့ပင်လယ်ပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် ရှေ့ပြေးစီမံချက်တစ်ခု၌ ရင်းနှီးမြှုပ်နှံကြရန် လှုံ့ဆော်

 

ဘန်ကော်  ဧပြီ  ၂၀
၂၀၂၆    ခုနှစ်တွင်   ထိုင်းနိုင်ငံ   Eastern   Economic Corridor  (EEC) ရှိ ရည်မှန်းထားသော စက်မှုလုပ်ငန်း ငါးခုတွင်    ထိုင်းဘတ်ငွေ    ၂  ဒသမ  ၂   ထရီလီယံ တန်ဖိုးရှိသည့် ရင်းနှီးမြှုပ်နှံမှုများကို  တွန်းအားပေး ခြင်းဖြင့် ထိုင်းနိုင်ငံ၏   GDP  ကို   မြှင့်တင်ရန် ထိုင်း အာဏာပိုင်များက ရည်မှန်းထားသည်။
ယခင်နှစ်က စတင်ခဲ့သောအစီအစဉ်အရ  ထိုင်း နှင့်    နိုင်ငံခြားသားများကို     ဆေးဘက်ဆိုင်ရာနှင့် ကျန်းမာရေး၊     ဒစ်ဂျစ်တယ်၊      အီလက်ထရွန်နစ်၊ မော်တော်ယာဉ်နှင့် bio-circular and green (BCG) လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းခဲ့ကြောင်း EEC ရုံး၏ အထွေထွေအတွင်းရေးမှူးဖြစ်သူ Chula Sukmanop က ပြောသည်။
Prayut    Chan - o - cha    အုပ်ချုပ်ရေးက အမျိုးသားအဆင့် အစီအစဉ်တစ်ခုအဖြစ်  ကြေညာ ထားသော  BCG သည်  ထုတ်ကုန်များကို   တန်ဖိုး မြှင့်တင်နိုင်ပြီး            သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုကို လျှော့ချပေးနိုင်သည်။
EEC တွင် ရည်ရွယ်ထားသော  စက်မှုလုပ်ငန်း များမှ   ထိုင်းနိုင်ငံ၏   စီးပွားရေးကို တစ်နှစ်လျှင် ၅ ရာခိုင်နှုန်း သို့မဟုတ် နှစ်စဉ်ဘတ်   ၄၀၀   ဘီလီယံ ၀န်းကျင်တိုးတက်သင့်ကြောင်း၊   EEC   သည် Chon Buri၊ Rayong နှင့်  Chachoengsao   ၏ အစိတ် အပိုင်းများကို  လွှမ်းခြုံထားသည့် နိုင်ငံ၏ နည်းပညာ မြင့်   စက်မှုဗဟိုချက်     ဖြစ်လာမည်ဖြစ်ကြောင်း၊ ဆေးဘက်ဆိုင်ရာနှင့်      ဆေးဝါးရင်းနှီးမြှုပ်နှံသူများ EEC    ဇုန်သို့     ဝင်ရောက်မှု    အားပေးရန်အတွက် အီတလီတွင်    Roadshow   တစ်ခုဆောင်ရွက်ရန်  တာဝန်ရှိသူများက   စီစဉ်နေကြကြောင်း၊    အီလက် ထရွန်နစ်လုပ်ငန်းမှ        စီးပွားရေးလုပ်ငန်းများကို ရည်ရွယ်သည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လှုပ်ရှားမှု တစ်ခုကို     ဆွစ်ဇာလန်နိုင်ငံ၌    စတင်သွားမည် ဖြစ်ကြောင်း Mr Chula က ပြောကြားခဲ့သည်။
အစိုးရက ရင်းနှီးမြှုပ်နှံမှု ပရောဂျက်အသစ်များ အဆင်ပြေချောမွေ့စေရန်    စက်မှုဇုန်များ    ဒီဇိုင်း ရေးဆွဲရန် မြေယာလုပ်ငန်းရှင်များနှင့် ဆွေးနွေးနေ ကြောင်း၊ အာဏာပိုင်များသည် ရင်းနှီးမြှုပ်နှံသူတို့၏ လုပ်ငန်းများကို      တွန်းအားပေးကူညီရန်အတွက် အရည်အချင်းရှိသော      လုပ်သားရရှိနိုင်ကြောင်း ရင်းနှီးမြှုပ်နှံသူများအား အာမခံနိုင်စေရန်  လုပ်သား များအား    ပိုမိုကောင်းမွန်သော    ကျွမ်းကျင်မှုများနှင့် နည်းပညာဆိုင်ရာ အသိပညာများ  မျှဝေလိုကြောင်း ၎င်းက ဖြည့်စွက်ပြောကြားခဲ့သည်။
EEC    ဧရိယာအတွင်း    ရင်းနှီးမြှုပ်နှံသူများကို လည်ပတ်မှုကုန်ကျစရိတ် သက်သာစေရန်  သယ်ယူ ပို့ဆောင်ရေးနှင့်       ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရန် အစိုးရက အစီအစဉ်များ      ဆက်လက်လုပ်ဆောင်နေသည်။ အာဏာပိုင်များသည် ဘန်ကောက်၊ Samut Prakan နှင့် Rayong လေဆိပ်သုံးခုကို    ဆက်သွယ်သည့် မြန်နှုန်းမြင့် ရထားလမ်းကို  တည်ဆောက်နေသော် လည်း ရုရှား-ယူကရိန်း  ပဋိပက္ခများ၏   အကျိုး သက်ရောက်မှုကြောင့်   ဆောက်လုပ်ဆဲ    စာချုပ်ပါ အခြေအနေအချို့ကို ပြန်လည်သုံးသပ်ရန် Charoen Pokphand Group-led Consortium က အစိုးရကို တောင်းဆိုပြီးနောက်  နှောင့်နှေးကြန့်ကြာမှုများနှင့် ရင်ဆိုင်နေရသည်။
ဘတ်ငွေ ၂၂၄ ဘီလီယံကုန်ကျမည့် ရထားလမ်း သည် ၂၀၂၇ ခုနှစ်တွင် အပြီးသတ်ရန်  မျှော်မှန်းထား သည်။  EEC သည်   ဆောက်လုပ်ရေးလုပ်ငန်းစုနှင့် ပြဿနာကိုဆွေးနွေးခဲ့ပြီး  ရွေးကောက်ပွဲအပြီးတွင် အစိုးရအသစ်ထံသို့      ဆက်လက်တင်ပြသွားမည် ဖြစ်ကြောင်း Mr Chula က ပြောကြားသည်။
စီးပွားရေးလုပ်ငန်းကဏ္ဍသည်      အစိုးရအား ဆောက်လုပ်ရေး     ကန်ထရိုက်များတွင်    အခြေခံ အဆောက်အအုံဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ များကို ထိန်းညှိပေးစေလိုပြီး မမျှော်လင့်ထားသော ဖြစ်ရပ်များ   ပေါ်ပေါက်လာပါက ပြုပြင်ပြောင်းလဲမှု များကို ဆောင်ရွက်ပေးစေလိုကြောင်း ဘန်ကောက်ပို့စ် ၏ သတင်းကို  ဘန်ကောက်မြို့ရှိ  စီးပွားရေးသံမှူးက ပြန်လည်သတင်းပေးပို့ထားသည်။