
နေပြည်တော် ဧပြီ ၂၀
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေ ဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိ လျက်ရှိသည်။
၂၂- ၄- ၂၀၂၃ ရက်(စနေနေ့)တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၅) ၊ အမှတ် (၁၆) တွင် ပုပု၏ သခင်အပေါ် ချစ်ခင်၍ သခင်၏ဘေးအန္တရာယ်ကို တားဆီးကာကွယ်ပေးခဲ့သည့် ခွေးလိမ္မာ လေး တိုးပွားအကြောင်း တင်ဆက်ထားသည့် “ပုပုပါဝင်သည့် တိုးပွားရေ ကျေးဇူးပါ” မျက်နှာဖုံးကာတွန်း၊ ကမ္ဘာဦးအစ ရှေးခေတ် လူသားတို့၏ စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တီထွင်မှုများအကြောင်း ဗဟုသုတဖြစ်ဖွယ် တင်ဆက်ထားသည့် “စိုက်ပျိုးရေးလုပ်ငန်းဆိုင်ရာ တီထွင်မှုများ” သုတဆောင်းပါး၊ ကလေးတို့ကိုယ်တိုင် ရေးဆွဲထား သည့် ပန်းချီလက်ရာများကို တင်ဆက်ထားသည့် “ရွှေသွေးတို့ လက်ရာ” ကဏ္ဍ၊ အာတူးသည် ဦးလေးဖြစ်သူကို ခန္ဓာကိုယ်တွင်း ဉာဏ်မုသွင်းခြင်း နှင့် ပတ်သက်၍ အကြံပေးနေပုံအကြောင်း ဟာသဖြစ်ဖွယ် သရုပ် ဖော်ထားသည့် “အာတူးရဲ့ ဉာဏ်မုသွင်းနော်” နှစ်မျက်နှာကာတွန်း၊ အရောင်အသွေးစုံလင်လှသော ပညာရေးပန်းပွင့်များကို ပြုစုပျိုးထောင် ပေးခဲ့သူ ဥယျာဉ်မှူးအကြောင်း ရေးဖွဲ့ထားသည့် “ဥယျာဉ်မှူး” ဝတ္ထု ကဏ္ဍ၊ တစ်ချိန်က အဘိုးကိုယ်တိုင် စိုက်ပျိုးပြုစုခဲ့သော သရက်ပင်မှ သရက်သီးများကို အဘိုး၏ သားသမီးများ စားသုံးရသည့်အပြင် အဘိုး ၏မြေးများပင် သရက်သီးများကို စားသုံးနိုင်ခြင်းကြောင့် သီးပင်၊ စားပင် များ စိုက်ပျိုးခြင်းဖြင့် ရရှိလာနိုင်သော အကျိုးကျေးဇူးများအကြောင်း သားသား၊ မီးမီးတို့ အတုယူဖွယ် ရေးဖွဲ့ထားသည့် ဆရာမန်းတင့်မော် ၏“အတုယူပါ”ကဗျာကဏ္ဍအပါအဝင် ဉာဏ်စမ်းကဏ္ဍနှင့် ရွှေသွေး စကားဝိုင်းကဏ္ဍ စုံလင်စွာဖြင့် ထွက်ရှိပြီရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ် အရောင်းဆိုင်များတွင် ဝယ်ယူနိုင် ကြောင်း သိရသည်။ သတင်းစဉ်