ချောင်းဆုံမြို့နယ်ရှိ ကျေးရွာပြည်သူများအတွက် သောက်သုံးရေများ သွားရောက်လှူဒါန်း

 

ချောင်းဆုံ  ဧပြီ   ၁၉


မွန်ပြည်နယ် ချောင်းဆုံမြို့နယ်၌ ပူပြင်းခြောက်သွေ့ပြီး     နွေရာသီ တွင်    ကျေးရွာ/   ရပ်ကွက်များရှိ ပြည်သူများ      သောက်သုံးရေ ပြတ်လပ်မှုမရှိစေရေး   ရည်ရွယ်ပြီး မွန်ပြည်နယ် မီးသတ်ဦးစီးဌာနက ဦးဆောင်ပြီး       ကျေးရွာရှိ ရေလှောင်ကန်နှင့်  နေအိမ်များသို့ သောက်သုံးရေများ  အခမဲ့ဖြန့်ဝေ ပေးခြင်းကို    ဧပြီ   ၁၈    ရက်က    ချောင်းဆုံမြို့နယ်       ကွမ်ရိုက် ကျေးရွာသို့    သွားရောက်ဖြန့်ဝေ ပေးခဲ့သည်။

 


အဆိုပါ     သောက်သုံးရေများ အခမဲ့ဖြန့်ဝေပေးခြင်းကို ပြည်နယ်      မီးသတ်ဦးစီးဌာန       ဒုတိယ ညွှန်ကြားရေးမှူး    ဦးကျော်ကျော် ဦးဆောင်ပြီး     ပြည်နယ်၊    ခရိုင်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန် ရှိသူများ၊    မီးသတ်တပ်ဖွဲ့ဝင်များ က  ပြည်နယ်မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ်သုံးစီး၊     မြို့နယ် မီးသတ်ဦးစီးဌာနမှ ရေသယ်ယာဉ် သုံးစီး၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ    ရေသယ်ယာဉ်တစ်စီးဖြင့် စုစုပေါင်းရေဂါလန် ၁၂၁၀၀ ဂါလန် ကို ကျေးရွာရှိ  ရေလှောင်ကန်နှင့် နေအိမ်များသို့ အိမ်တိုင်ရာရောက် အခမဲ့     ဖြန့်ဝေပေးခဲ့ကြောင်းနှင့် ရေရှားပါးသော   အခြားကျေးရွာ/ရပ်ကွက်များသို့လည်း  ဆက်လက် အခမဲ့ ဖြန့်ဝေပေးမည်ဖြစ်ကြောင်း    မြို့နယ်မီးသတ်ဦးစီးဌာနမှ     သိရ သည်။


မြို့နယ်(ပြန်/ဆက်)