လေပြင်းတိုက်၊ မိုးကြိုးပစ်၊ မိုးသီးကြွေခြင်းနှင့် မိုးထစ်ချုန်းခြင်းဖြစ်ပေါ်နိုင်

 

မြန်မာနိုင်ငံအရပ်ရပ်တွင် မိုးကြိုကာလဖြစ်သည့်  ဧပြီလလယ်မှ မြန်မာနိုင်ငံသို့  အနောက်တောင်မုတ်သုံလေမဝင်ရောက်မီ  ကာလအတွင်း   လေထုမငြိမ်မသက်မှုများကြောင့် လည်းကောင်း၊ နေ့အပူချိန်များ တဖြည်းဖြည်းမြင့်တက်လာရာမှ  အပူပျံတက်တိမ်များဖြစ်ထွန်း၍ မွန်းလွဲ/ ညနေပိုင်းတို့တွင် မိုးတိမ်တောင်များ ဖြစ်ထွန်းခြင်းကြောင့် လည်းကောင်း၊    လေပြင်းများတိုက်ခတ်ခြင်း၊   လေပြင်းနှင့်အတူ ထစ်ချုန်းခြင်း၊ မိုးကြိုးပစ်ခြင်း၊ လျှပ်စီးလက်ခြင်း၊  မိုးသီးကြွေခြင်းနှင့် နေရာကွက်ကျား  မိုးထစ်ချုန်းရွာခြင်း စသည့်မိုးလေဝသဖြစ်စဉ်များ ဖြစ်ပေါ်နိုင်သည်။လေပြင်းတိုက်ခတ်စဉ် မြေပြင်/ရေပြင် လေသည် တစ်နာရီလျှင် ၃၅ မိုင်မှ မိုင် ၄၀ အထိ တိုက်ခတ်နိုင်သည်။

 


သို့ဖြစ်ပါ၍   ပြည်သူများအနေဖြင့်   မိုးကြိုကာလဖြစ်သည့် ဧပြီလလယ်မှ    မြန်မာနိုင်ငံသို့   အနောက်တောင်မုတ်သုံလေ မဝင်ရောက်မီကာလအတွင်း ဖြစ်ပေါ်လာနိုင်သည့် မိုးလေဝသဖြစ်စဉ်နှင့် ပတ်သက်၍    အထူးဂရုပြုနေထိုင်သွားကြရန်နှင့်   ပြည်တွင်း လေကြောင်းပျံသန်းရေးနှင့်     ရေကြောင်းခရီးစဉ်များဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် အသိပေးနှိုးဆော်အပ်ပါသည်။ 

မိုး/ဇလ