ကယားပြည်နယ်ဝန်ကြီးချုပ် ထိခိုက်ဒဏ်ရာရရှိသော ဝန်ထမ်းများနှင့် အပြစ်မဲ့ပြည်သူများကို ကြည့်ရှုအားပေးပြီး ထောက်ပံ့ငွေများ ပေးအပ်

 

လွိုင်ကော်        ဧပြီ    ၁၅


၁၃၈၄  ခု၊  မြန်မာ့ရိုးရာယဉ်ကျေးမှု  အတာသင်္ကြန်ပွဲတော်     (သင်္ကြန် အကြတ်နေ့)     နံနက်ပိုင်းတွင်  နောင်ယား(ခ)  ရပ်ကွက်ရှိ   ပြည်နယ်အစိုးရအဖွဲ့ရုံး    ဗဟိုမဏ္ဍပ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှု အတာသင်္ကြန်ပွဲတော် ကျင်းပ  နေစဉ်    PDF  အမည်ခံ   အကြမ်းဖက်သမားများက  Drop Bomb  ဖြင့် ယုတ်မာရက်စက်စွာ ပစ်ချတိုက်ခိုက် သဖြင့် အပြစ်မဲ့ပြည်သူအများအပြား ထိခိုက်ဒဏ်ရာ   ရရှိခဲ့သည်။

 


ပြည်နယ် ဝန်ကြီးချုပ် ဦးဇော်မျိုးတင်နှင့်  တာဝန် ရှိသူများ သည် လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု     ခံယူလျက်ရှိသည့်    ထိခိုက်ဒဏ်ရာရ  ဝန်ထမ်းများနှင့်   အပြစ်မဲ့ပြည်သူများကို   ကြည့်ရှု အားပေးပြီး  ထောက်ပံ့ငွေများပေးအပ်ကြောင်း  သိရ သည်။


သတင်းစဉ်