
တိုကျို ဧပြီ ၁၄
ဂျပန် ကိုယ်ပိုင်ကာကွယ်ရေး တပ်ဖွဲ့သည် လွန်ခဲ့သော သီတင်း ပတ်က ဂျပန်နိုင်ငံ အနောက် တောင်ပိုင်း၌ လူ ၁၀ ဦးနှင့်အတူ ပျောက်ဆုံးခဲ့သော ရဟတ်ယာဉ် ၏ အစိတ်အပိုင်းကို ရှာဖွေတွေ့ရှိ ခဲ့ပြီဖြစ်ကြောင်း နိုင်ငံတကာ သတင်းတစ်ရပ်တွင် ဖော်ပြခဲ့ သည်။ ကယ်ဆယ်ရေးနှင့် ရှာဖွေ ရေးအဖွဲ့က သေဆုံးသူတစ်ဦး၏ ရုပ်အလောင်းကို တွေ့ရှိခဲ့ကြ သည်။
ရေအောက် ကင်မရာသည် ပျောက်ဆုံးနေသော မြေပြင် ကိုယ်ပိုင် ကာကွယ်ရေးတပ်ဖွဲ့၏ ရဟတ်ယာဉ် အစိတ်အပိုင်းနှင့် သေဆုံးသူ၏ ရုပ်အလောင်းကို ဖမ်းယူနိုင်ခဲ့ကြောင်း ကာကွယ်ရေး ဝန်ကြီးဌာန သတင်းအရင်းအမြစ် များအရ သိရသည်။ သေဆုံးသူ တစ်ဦးထက်မက တွေ့နိုင်ကြောင်း အဆိုပါ သတင်းအရင်းအမြစ်များ တွင် ဖော်ပြထားသည်။
ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့သည် အသေးစိတ်အချက် အလက်များကို ထပ်မံအတည်ပြု နိုင်ရေးအတွက် ရေငုပ်သမားများ ကို အဆိုပါနေရာသို့ စေလွှတ်ရန် စီစဉ်နေပြီဖြစ်သည်။
ဧပြီ ၆ ရက်က အိုကီနာဝါခရိုင် မီယာကိုဂျီမာကျွန်းမှ ရဟတ်ယာဉ် ပျံတက်ပြီးမကြာမီ ရေဒါမှ ပျောက် သွားပြီးနောက် အသံအချက်ပြ စနစ် ဆိုနာတပ်ဆင်ထားသော ဂျပန်ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့ ရေယာဉ်များသည် ရဟတ်ယာဉ် ပျက်ကျနိုင်ခြေရှိသည့် နေရာကို ရှာဖွေခဲ့ကြသည်။
ရှာဖွေကယ်ဆယ်ရေး အဖွဲ့ သည် ခေါင်းဆောင်းဦးထုပ်၊ လောင်စာ သိုလှောင်ကန်နှင့် ရဟတ်ယာဉ်ပန်ကာတို့ကို တွေ့ရှိ ခဲ့ကြသည်။
အင်န်အိတ်ချ်ကေ