မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ အခမ်းအနားကျင်းပ

 

မန္တလေး   ဧပြီ   ၁၃


မန္တလေးမြို့တော်   မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲအခမ်းအနားကို   မြန်မာသက္ကရာဇ် ၁၃၈၄ခုနှစ်(သင်္ကြန်အကြိုနေ့) ယနေ့ညနေပိုင်းတွင်  မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံးရှေ့၌  စည်ကားသိုက်မြိုက်စွာ ကျင်းပ ရာ  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဦးမောင်ကိုနှင့် ဇနီး၊ မန္တလေးတိုင်းဒေသကြီး   ဝန်ကြီးချုပ်   ဦးမျိုးအောင်၊  အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်  ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် အောင်ဇော်ထွေးနှင့် ဇနီး၊ တိုင်းဒေသကြီး  ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ မန္တလေးမြို့   အခြေစိုက်အိန္ဒိယနှင့်   တရုတ်ကောင်စစ်ဝန်ချုပ်များ၊ စစ်ဘက်ဆိုင်ရာ၊ ဌာနဆိုင်ရာတို့မှ  အရာရှိအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ရုပ်ရှင်နှင့် ဂီတအနုပညာရှင်များ၊  အခြေခံပညာကျောင်းများနှင့်   အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်တို့မှ   သင်္ကြန်ယိမ်းအဖွဲ့များ၊   ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ကြသည်။ 

 


ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြား


အခမ်းအနားတွင် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင် က  မန္တလေးမြို့ မြန်မာ့ရိုးရာယဉ်ကျေးမှု    မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ  ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီးနောက်  မန္တလေး မြို့တော်ဝန် ဦးကျော်ဆန်းက   မြို့တော်မဟာသင်္ကြန်မဏ္ဍပ်ဖွင့်ပွဲ     နှုတ်ခွန်းဆက် စကား ပြောကြားသည်။

 


ဆက်လက်၍    နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင် ကို၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ဒုတိယတိုင်းမှူး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့် အဖွဲ့တို့က မန္တလေးမြို့တော် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်နှင့် မြို့တော်မဟာသင်္ကြန် မဏ္ဍပ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးလိုက်သည်နှင့်တစ်ပြိုင်နက် သင်္ကြန် ယိမ်းအကအဖွဲ့ ၉၀၀ နှင့် တက်ရောက်လာသူတို့က မိုးပျံပူဖောင်းများ လွှတ်တင်ကာ မန်းစည်ပင်တေးဂီတအဖွဲ့နှင့်အတူ ချမ်းအေးစေမည့် မန္တလေးသင်္ကြန်နှင့်   မန်းတောင်ရိပ်ခိုသီချင်းတို့ဖြင့် ကပြဖျော်ဖြေပြီး နောက်  နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်   ဦးမောင်ကိုနှင့် အဖွဲ့သည်   မန္တလေးမြို့တော်     မဟာသင်္ကြန်မဏ္ဍပ်ရှေ့မှ   ဖြတ်သန်း ဂါရဝပြုနှုတ်ဆက်သည့် မန္တလေးမြို့ဂုဏ်ဆောင် မြို့မငွေငန်းအလှပြ ယာဉ်မှ သီဆိုသူများနှင့် ယိမ်းအကအဖွဲ့တို့ကို အပြန်အလှန် နှုတ်ဆက် ကြသည်။

 


ယင်းနောက်       နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် နှင့်အဖွဲ့သည် မန်းစည်ပင်ဆိုင်းဝိုင်းနှင့်အတူ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်  (မန္တလေး) မှ   ယဉ်ကျေးမေမင်္ဂလာဆိုင်းဝိုင်း၊ မြို့တော်စည်ပင်ယိမ်းအဖွဲ့၊ နိုင်ငံကျော်ရုပ်ရှင်၊ ဂီတအနုပညာရှင်များ၏ အဆိုအကအလှတို့ဖြင့်     ဖျော်ဖြေမှုများကို    ကြည့်ရှုအားပေးကာ အတာရေများ အပြန်အလှန်ပက်ဖျန်းကြသည်။

 


ရေကစားမဏ္ဍပ်တက်ရောက်ဖွင့်လှစ်


အလားတူ   နံနက်ပိုင်းတွင်   နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဦးမောင်ကို ၊ မန္တလေးတိုင်းဒေသကြီး  ဝန်ကြီးချုပ် ဦးမျိုးအောင်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုဦး၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်အဖွဲ့သည် မန္တလေးမြို့မိမြို့ဖ ဈေးချိုသူဈေးချိုသားများ ပါဝင်သည့် ဈေးချိုသူ  သင်္ကြန်ဖျော်ဖြေရေးနှင့်   ရေကစားမဏ္ဍပ်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကာ  မြို့မ တေးဂီတအဖွဲ့နှင့်အတူ ယိမ်းအဖွဲ့၏ သင်္ကြန်အကအလှများဖြင့်  ကပြဖျော်ဖြေမှုများကို     ကြည့်ရှုအားပေးပြီး     ဈေးချိုသူသင်္ကြန်မဏ္ဍပ်ရှေ့ ဖြတ်သန်းဂါရဝပြုနှုတ်ဆက်သည့် မြို့မ ငွေငန်းအလှပြယာဉ်မှ သီဆိုသူများနှင့် ယိမ်းအကအဖွဲ့တို့အား  အပြန် အလှန်  နှုတ်ဆက်အားပေးသည်။ 

 


ဆက်လက်၍         နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဦးမောင်ကိုနှင့်အဖွဲ့သည်   မင်္ဂလာမန္တလေး   မြန်မာ့ရိုးရာလမ်းလျှောက် အတာသင်္ကြန်ပွဲတော်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးပြီး ယိမ်းအက အဖွဲ့များ၏  အကအလှများနှင့်   နိုင်ငံကျော်အဆိုတော်များ  အနုပညာ ရှင်များ၏ သီဆိုဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးသည်။ 

 


အလားတူ တိုင်းဒေသကြီး  ဝန်ကြီးများနှင့် တာဝန်ရှိသူများက   မန္တလေးမြို့သူမြို့သားများ၏     အတာသင်္ကြန်ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ ကျုံးအရှေ့ဘက်ခြမ်း၊ စတုဒိသာမဏ္ဍပ်များနှင့် တောင်ဘက်ခြမ်းရှိ ဝန်ကြီးဌာနများနှင့် မြို့သူမြို့သားများ၏ မဟာ သင်္ကြန်ရေကစားမဏ္ဍပ်များကို ဖွင့်လှစ်ပေးခဲ့ကာ ကပြသီဆိုဖျော်ဖြေမှု များကို ကြည့်ရှုအားပေးကြသည်။

 


ပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် စည်ကား


မြန်မာလူမျိုးတို့၏  ၁၂ လရာသီပွဲတော်များထဲမှ မြန်မာ့ပြက္ခဒိန်၏  ပထမဦးဆုံး တန်းခူးလ၌ ကျင်းပသည့် မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာ သင်္ကြန်ရေပွဲတော်သည် နိုင်ငံတကာ နှစ်သစ်ကူးပွဲတော်များနှင့် မတူ ခြားနားကာ ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်ပြီး ရေကစားမဏ္ဍပ်များ၊ ဖျော်ဖြေရေးမဏ္ဍပ်များ၊ စတုဒိသာမဏ္ဍပ်များနှင့် ရေသဘင်ပွဲတော်ကို ပျော်ရွှင်စွာဆင်နွှဲကြသူများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။ 

သတင်းစဉ်