ပုလဲလမ်းရှိ အားကစားကွင်း ပြုပြင်ဆောင်ရွက်နေမှုနှင့် မြို့တော်အသံလွှင့်ဌာန City FM ၏ လုပ်ငန်းဆောင်ရွက်နေမှုများ ရန်ကုန်မြို့တော်ဝန် စစ်ဆေး

 

ရန်ကုန် ဖေဖော်ဝါရီ ၁၈

ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ (မြို့တော်ဝန်) ဦးဗိုလ်ဌေး၊ ဒုတိယမြို့တော်ဝန် ဦးညီညီ နှင့်အတွင်းရေးမှူး ဦးညွန့်ဖေတို့သည် ယနေ့နံနက် ၁၁ နာရီက ဗဟန်း မြို့နယ် ပုလဲလမ်းရှိ ပုလဲအားကစား ကွင်း အဆင့်မြှင့်တင်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။

ထိုသို့ ကြည့်ရှုစစ်ဆေးစဉ် ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာန၊ ဌာနမှူး ဦးကိုကိုလင်းက မြို့နယ် တိုင်းတွင် အားကစားကွင်းများ စီစဉ် ဆောင်ရွက်ထားရှိမှုနှင့် ယခုပုလဲ အားကစားကွင်းတွင် အများပြည်သူ များ ဘောလုံးအားကစား လေ့ကျင့်နိုင် ရန် ပြင်ဆင်ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က အားကစားကွင်း ပြီးစီးသည့်အခါ အများပြည်သူများ ကျန်းမာကြံ့ခိုင်စေ ရေးနှင့် စည်းကမ်းတကျ အားကစား ပြုလုပ်စေရေး အဓိကလိုအပ်ကြောင်း မှာကြားသည်။

ဆက်လက်၍ မြို့တော်ဝန်နှင့် အဖွဲ့သည် ပုလဲလမ်းရှိ မြို့တော် အသံလွှင့်ဌာန City FM သို့ ရောက်ရှိရာ ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေး ဌာန၊ ဌာနမှူး ဒေါက်တာတိုးအောင် နှင့် ရွှေနေခြည်ဝန်ဆောင်မှု ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဦးရဲနိုင်စိုးတို့က အသံလွှင့်လုပ်ငန်းများကို ဖေဖော်ဝါရီ ၁ ရက်တွင် ယာယီရပ်ဆိုင်းခဲ့ပြီး ဖေဖော်ဝါရီ ၁၅ ရက်မှစ၍ ပြန်လည် ထုတ်လွှင့်လျက်ရှိကြောင်း၊ ထုတ်လွှင့် မည့် အစီအစဉ် အသေးစိတ်ကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်က မြို့တော်သူ မြို့တော်သားများအတွက် ဖျော်ဖြေရေးအစီအစဉ်များနှင့် အကျိုး ရှိစေမည့် ဆောင်ရန်၊ ရှောင်ရန် လိုက်နာရမည့် အစီအစဉ်များကိုလည်း ထုတ်လွှင့် ပေးသွားစေလိုကြောင်း မှာကြားပြီး City FM အသံလွှင့် လုပ်ငန်းဆောင်ရွက်နေမှုနှင့် City FM ဝင်းအတွင်းရှိ လုပ်ငန်းများ ဆောင် ရွက်ထားရှိမှုများ လှည့်လည်ကြည့်ရှု ခဲ့ကြောင်း သိရသည်။

သတင်းစဉ်