
ရန်ကုန် ဧပြီ ၁၂
မြန်မာနိုင်ငံ ရွှေလုပ်ငန်းရှင်များအသင်းချုပ်၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတော်ဗဟို ဘဏ်၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဗဟိုအဖွဲ့၊ အဖိုးတန် သတ္တုရောင်းဝယ်သူများကြီးကြပ် ရေးအာဏာပိုင်ဖြစ်သည့် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနတို့သည် အသင်းချုပ်၏ အသင်းဝင် အသင်းသားများ၊ ရွှေလုပ်ငန်းရှင်များ၊ စုစုပေါင်း သင်တန်းသား ၁၀၅ ဦးအား ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ အသိပညာမြှင့်တင်ခြင်းသင်တန်းကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင် များအသင်းချုပ်၌ ဖေဖော်ဝါရီ ၂၆ ရက်မှ ၂၇ ရက်အထိ ဖွင့်လှစ်ပို့ချပေးခဲ့သည်။
ယခုအခါ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှု ကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေး လုပ်ငန်း စဉ်၏ ပထမအဆင့်ဖြစ်သည့် အဖိုးတန်သတ္တု (ရွှေ)ရောင်းဝယ်သူများ အသိအမှတ်ပြုမှတ်ပုံတင် လက်မှတ်လျှောက်လွှာ စုစုပေါင်း ၁၅ စောင်ကို ဧပြီလ ပထမပတ်တွင် မြန်မာနိုင်ငံရွှေလုပ်ငန်း ရှင်များအသင်းချုပ် ရုံးခန်း၌ အသင်းချုပ်မှ သက်ဆိုင်ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။
မောင်ကျော်ကြီး