လင်းခေး‌ဒေသမှ မောင်ရင်လောင်းအား ပခုံးထမ်းသည့် စုပေါင်းရှင်‌လောင်းပွဲ

 

မြူမှုံဝေကင်း  မြန်မာ့ရိုးရာနှစ်သစ်ကူး‌တော့ မည့်‌    နွေဦးကာလ    တန်ခူးလခါသမယ ရှမ်းအညာမြေ၏   သာယာသောနံနက်ခင်း တစ်ခုတွင်   ရှမ်းအိုးစည်တီးသံ၊   လင်ကွင်း ဗုံမောင်းတီးသံတို့က  ဘဝဂ်ညံလျက်    ရှမ်း တိုင်းရင်းသားတို့    ရိုးရာအကအလှ မြင်ကွင်း များက   ကြားရ၊    မြင်တွေ့ရသူအပေါင်း၏   ဘဝင်နှလုံးအား           ရွှင်ပြုံးစေလေသည်။ ထိုမြင်ကွင်းကား ရှမ်းတိုင်းရင်းသား လူမျိုးတို့ ၏    ဓလေ့ရိုးရာ    စုပေါင်းမောင်ရင်လောင်း (စုပေါင်းရှင်ပြု)ပွဲတော်    ကျင်းပနေခြင်းပင် ဖြစ်ပေသည်။

 


တပေါင်း၊  တန်ခူး  နွေရာသီကာလတွင်      မြန်ပြည်တစ်ဝန်း အနယ်နယ်အရပ်ရပ်တို့၌ မိဘတို့၏ ရင်နှစ်သည်းခြာ သားသမီးရတနာတို့  ကို သာသနာ့ဘောင် သွတ်သွင်းခြင်းဟူသည့်  စုပေါင်းရှင်ပြုရဟန်းခံနှင့်     နားသမင်္ဂလာ အလှူပွဲများကို မြန်မာတို့၏ ထုံးတမ်းစဉ်လာ မပျက် ဆင်နွှဲကြရာ လင်းခေးမြို့နယ်တွင်လည်း  ရှမ်းတိုင်းရင်းသားလူမျိုးတို့၏    ရိုးရာဓ‌လေ့ စုပေါင်းရှင်ပြုပွဲကို  ဤအချိန်တွင် အများဆုံး စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။

 


လင်းခေးမြို့နယ်အတွင်းရှိ ဒေသများတွင်  တန်ခူးလဆန်းပိုင်းမှစတင်ကာ    ကဆုန် လပြည့်နေ့မတိုင်မီရက်အထိ နှစ်စဉ်နှစ်တိုင်း ရိုးရာရှင်လောင်းပွဲများ စုပေါင်းကျင်းပကြကာ  ရှမ်းဘာသာစကားအားဖြင့်       ရှင်ပြုပွဲ (မောင်ရင်လောင်းပွဲ)ကို   “ပွဲဆံလောင်း” ဟု ခေါ်ဆိုပြီး စုပေါင်းရှင်ပြုအလှူမင်္ဂလာပွဲကို “ဟူမ်စူမ်းပန်ပွဲဆံလောင်း”ဟု ခေါ်ကြသည်။  

 


“ကျွန်တော်တို့ ရှမ်းလူမျိုးတို့ရဲ့ ရှေးခေတ် အဆက်ဆက်ကတည်းက    ဒီလိုစုပေါင်း ကျင်းပလာခဲ့ကြတာပါ။    ကျွန်တော်တို့ရဲ့ စုပေါင်းရှင်ပြုပွဲ ရှမ်းလို  “ပွဲဆံလောင်း”  ကို အခုလို ပူးပေါင်း ဆောင်ရွက်ကြခြင်းအားဖြင့် အချင်းချင်း စည်းလုံးညီညွတ်မှုကို ပိုမိုရရှိစေ ပါတယ်ဟု  မောင်ရင်လောင်းမိဘတစ်ဦးက ဆိုပါသည်။

 


ရှမ်းလူမျိုးတို့၏ ရိုးရာရှင်ပြုပွဲ ကျင်းပ ကြရာတွင်     ဒေသတစ်နေရာနှင့်  တစ်နေရာ ထုံးတမ်းအစဉ်အလာ တူညီကြသည်ရှိသကဲ့ သို့ မတူကွဲပြားမှုများ   ရှိကြသည်ကိုလည်း တွေ့ရှိရသည်။ လင်းခေးမြို့နယ်မှ  ရှမ်းရိုးရာ ရှင်ပြုပွဲက      အခြားဒေသဖြစ်သည့်     မိုးနဲ၊ မောက်မယ်၊     မိုင်းပန်မြို့များနှင့်    ကျင်းပပုံ ထုံးတမ်း အနည်းငယ်စီကွဲပြားခြားနားသည်။ မိုးနဲ၊   မောက်မယ်မြို့နှင့်    မိုင်းပန်မြို့တို့၌ ကျင်းပကြရာတွင်  မောင်ရင်လောင်းများအား အမွှေးနံ့သာရည်ဖြင့်    ရေချိုးပေး၊  မောင်ရင် လောင်း        ဝတ်စုံဝတ်ဆင်ပေးကြပြီးနောက် ဘိသိက်ဆရာက       ဘိသိက်မင်္ဂလာပေးကာ မောင်ရင်လောင်းတို့အား  ဆင်(သို့မဟုတ်)မြင်း  စီးစေ၍ မောင်ရင်လောင်းလှည့်ကြသည်။

 


လင်းခေးဒေသ၌မူ မောင်ရင်လောင်းအား ရှင်လောင်းထိန်း(ခေါ်)  မောင်ရင်လောင်းထိန်း များက   ပခုံးထမ်း၍   လှည့်လည်ကြသည်။ ပခုံးထမ်း၍   ရှင်လောင်းအက ကကြသည့် ရိုးရာဓလေ့သည် အခြားမြို့များနှင့်မတူ တမူ ထူးခြားခြင်းကို  မြင်တွေ့ရသည်။  ရှေးခေတ် ဘိုးဘွားများလက်ထက်ကတည်းမှ ရှိလာခဲ့ သော   လင်းခေးရှင်လောင်းပွဲ၏    မောင်ရင် လောင်းအား လူပခုံးထမ်းကာ ဆင်နွှဲကြသည် မှာ   လင်းခေးဒေသ‌နေ ရှမ်းလူမျိုးတို့၏  ရိုးရာ ဓလေ့တစ်ခုဖြစ်သည်။

 


စုပေါင်းရှင်လောင်းပွဲ ကျင်းပတော့မည်ဆို လျှင် ရပ်ကွက်ကျေးရွာ လူကြီးများက ပွဲကျင်းပ ရေးကော်မတီနှင့်     လုပ်ငန်းကော်မတီများ ဖွဲ့ကြပြီး     ဘုန်းတော်ကြီးကျောင်းများတွင် သော်လည်းကောင်း၊    ရွာလယ်ဓမ္မာရုံများ၌ လည်းကောင်း    ရှင်ပြုအလှူမင်္ဂလာမဏ္ဍပ် များ စုပေါင်းပြုလုပ်၍  စု‌ပေါင်းဧည့်ခံကျွေးမွေး ကြသည်။   အလှူပစ္စည်းနှင့်   ပွဲကုန်ကျစရိတ် ငွေကြေးကို အများအချိုးကျ စု‌ပေါင်းထည့်ဝင် ကြသည်။ သို့တည်းမဟုတ် အလှူရှင်များထဲမှ ငွေကြေးပိုမိုပြည့်စုံတတ်နိုင်သူ    ဒါယကာ ဒါယိကာမတချို့က       တစ်ဦးတည်းမတည် အကုန်အကျခံ၍ ငွေကြေးအနည်းအကျဉ်းသာ တတ်နိုင်သူတို့အား   လက်တွဲခေါ်ယူခြင်းဖြင့် လည်း           ရိုးရာစုပေါင်းရှင်လောင်းပွဲကို ဦးဆောင်ကျင်းပလေ့ရှိသည်။

 


၎င်းအပြင်  ချက်ပြုတ်ရေး၊ ဧည့်ခံကျွေး မွေးရေး၊ မောင်ရင်လောင်းထမ်းတပည့်များ နှင့်    ကွမ်းတောင်ပန်းတောင်ကိုင်လှပျိုဖြူ များ၊  ရှမ်းအိုးစည်    ဗုံ‌မောင်းတီးသူများနှင့်  ရှမ်းရိုးရာအက    ကပြကြမည့်သူများအား     သီးသန့်ဖိတ်ကြား      အကူအညီတောင်း ဆောင်ရွက်ကြပါသည်။     မောင်ရင်လောင်း ယူသည့်နေ့   အလှူဝင်သည့်   ပထမနေ့တွင် မောင်ရင်လောင်းများအား     ဆရာတော် သံဃာတော်တို့ထံ   ရှင်လောင်းအပ်ပြီး  ဧည့် ပရိသတ်အား ဧည့်ခံကျွေးမွေးကြသည်။ အချို့ အလှူများတွင်    ‌ရှင်လောင်းယူနေ့အပြင် နောက်ရက်များတွင်လည်း  ဆက်လက်ဧည့်ခံ ကျွေးမွေးကြသည်။  အလှူပွဲကို  နှစ်ရက်မှ ငါးရက်အထိ  ကျင်းပလေ့ရှိသည်။ ညအခါ၌ ရှမ်းရိုးရာခေတ်ဟောင်းခေတ်သစ် ဇာတ်သဘင်၊  စတိတ်ရှိုး စသည့်ပျော်ပွဲရွှင်ပွဲများကိုလည်း ထည့်သွင်းကျင်းပကြခြင်းဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)       လင်းခေးမြို့နယ်အတွင်း စည်ကားသိုက်မြိုက်စွာ ဆင်ယင်ကျင်းပလေ့ရှိ သည့်   ရှမ်းရိုးရာ    စုပေါင်းရှင်လောင်းပွဲများ အကြောင်း     တစေ့တစောင်း  ရေးသားဖော်ပြ လိုက်ရပါသည်။      ။


စိုင်းဇော်လတ်(လင်းခေး)