နိုင်ငံ့ဝန်ထမ်းများအတွက် Metaphysics အမြင်

Type

 

Executive-12

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေး ဦးတည်ချက် (၄)ရပ်နှင့် လူမှုရေးဦးတည်ချက်(၄)ရပ် ချမှတ်ပြီး ရှေ့လုပ်ငန်းစဉ် (၅) ရပ်  သတ်မှတ်ကာ   ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို    အခြေခံသည့်    ပြည်ထောင်စုတည်ဆောက်ရေး လုပ်ငန်းစဉ်များကို ကြိုးပမ်းတည်ဆောက်လျက်ရှိပါသည်။
ထိုကဲ့သို့   ကြိုးပမ်းတည်ဆောက်ရာတွင်  အုပ်ချုပ်သူအစိုးရနှင့် နိုင်ငံ့ဝန်ထမ်းများ၏ အခန်းကဏ္ဍသည် လွန်စွာအရေးကြီးလှပါသည်။ အုပ်ချုပ်သူအစိုးရသည် နိုင်ငံတော်၏ အနာဂတ်မျှော်မှန်းချက်(Vision)၊ ရည်မှန်းချက် (Mission) နှင့် ယင်းရည်မှန်းချက်များကို ပေါက်မြောက် အောင်မြင်စေမည့် မူဝါဒ(Policy)ကို ချမှတ်ပေးရသော အဖွဲ့အစည်း ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများသည် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရား စီရင်ရေးမဏ္ဍိုင်သုံးရပ်ဖြင့် တည်ဆောက်ထားသော ယန္တရားတစ်ခုလုံး ကို  သက်ဝင်လည်ပတ်   လှုပ်ရှားနိုင်စေရန်အတွက် အရေးကြီးသော ပင်မအစိတ်အပိုင်းများဖြစ်ကြသည်။
နိုင်ငံ့ဝန်ထမ်းများအား စိတ်ဓာတ်နှင့် စည်းကမ်းကောင်းမွန်စေရန် နှင့် စွမ်းဆောင်ရည်မြှင့်တင်နိုင်စေရန်အတွက် အစိုးရက နိုင်ငံ့ဝန်ထမ်း တက္ကသိုလ်များ  ဖွင့်လှစ်၍  လက်ရုံးရည်နှင့် နှလုံးရည်များ  မြှင့်တင် ပျိုးထောင်ပေးလျက်ရှိပါသည်။ 
မန္တလေးတိုင်းဒေသကြီး   ပြင်ဦးလွင်ခရိုင်   ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးကျေးရွာအနီးရှိ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်(အထက်မြန်မာ ပြည်)တွင်  နိုင်ငံ့ဝန်ထမ်းများအား  ပျိုးထောင်ပေးလျက်ရှိပြီး   နိုင်ငံ့ ဝန်ထမ်းအဖွဲ့အစည်းအကြီးအမှူးသင်တန်းအမှတ်စဉ်(၁၂) ကို  ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်မှ မတ်လ ၃၁ ရက်အထိ ဖွင့်လှစ်လျက်ရှိရာ တွင် ဝန်ကြီးဌာန၊ အဖွဲ့အစည်းအသီးသီးမှ ဒုတိယညွှန်ကြားရေးမှူးချုပ် နှင့် အဆင့်တူ အရာရှိကြီး ၁၇ ဦး တက်ရောက်လျက်ရှိပါသည်။ 
သင်တန်းမှာ Student Center Learning System ဖြစ်ပါသည်။ နိုင်ငံရေးအမြင်၊ စီးပွားရေးအမြင်၊ အုပ်ချုပ်ရေးအမြင်၊ လူမှုရေးအမြင်၊ ပြည်သူ့ရေးရာစီမံခန့်ခွဲမှုအမြင်များ စသည်ဖြင့် ကဏ္ဍစုံလင်စွာလေ့လာ သင်ကြားရပါသည်။ တက္ကသိုလ်ရှိ ပါမောက္ခချုပ်၊  ဒုတိယ ပါမောက္ခချုပ် များ၊ ပါမောက္ခများ၊ ကထိကများ၏ သင်ကြားမှုများသာမက ဝန်ကြီး ဌာန အဖွဲ့အစည်းအသီးသီးမှ  အတွေ့အကြုံရင့်ကျက်ပြီး လက်တွေ့ တာဝန်ထမ်းဆောင်နေသော အကြီးအမှူးများ၊ နယ်ပယ်အသီးသီးမှ ပြင်ပပညာရှင်များပါ   လာရောက်သင်ကြားပို့ချပါသည်။   နယ်ပယ် ပေါင်းစုံမှ  ပညာရှင်များ၏  အတွေ့အကြုံ၊   ပညာဗဟုသုတများက ပညာလိုလားသူများအတွက် အဖိုးမဖြတ်နိုင်အောင် တန်ဖိုးကြီးမား လှပါသည်။ 
Executive  Level များအတွက် ရှိရမည့် စွမ်းဆောင်ရည်များဖြစ်သော အနာဂတ် မျှော်မှန်းချက်၊ မဟာဗျူဟာမြောက် တွေးခေါ်မြော်မြင်မှု၊ ဝေဖန်ပိုင်းခြားခြင်းနှင့်   ခွဲခြမ်းစိတ်ဖြာတွေးခေါ်ခြင်း၊    Financial Acumen ၊ အလုပ်နှင့်ပတ်သက်ပြီး အမြင်စူးရှမှု၊ အပြောင်းအလဲကို ဦးဆောင်နိုင်ခြင်း၊ Risk Management နှင့် Political Will များအား  Level တစ်ဆင့် မြင့်တက်လာစေရန်အတွက် ဆင်ခြင်သုံးသပ်မှုများအား ရှုထောင့်ပေါင်းစုံ လေ့လာသင်ယူခဲ့ရပါသည်။ 
သင်ခန်းစာများတွင် အပြန်အလှန်ဆွေးနွေးမေးမြန်းခြင်း၊  Group ဖြင့်   ဆွေးနွေးတင်ပြခြင်းနှင့်   နယ်ပယ်အသီးသီးမှ     အတွေ့အကြုံ ဗဟုသုတများကို ကောင်းစွာ ဖလှယ်နိုင်ခဲ့ကြပါသည်။ သင်တန်းသား များက  ကိုယ်စီစာတမ်းများ ပြုစုခြင်း၊ Individual Presentationနှင့် Group Prasentation များ ဆောင်ရွက်ခဲ့ကြရပါသည်။ ထိုသို့ဆောင် ရွက်ခဲ့ခြင်းမှ နိုင်ငံ့ဝန်ထမ်းများအတွက် အရေးပါသော အယူအဆ တစ်ခုကို  ရေးသားတင်ပြလိုခြင်း ဖြစ်ပါသည်။   
အယူအဆတစ်ခု
အယူအဆအသစ် တစ်ခုမဟုတ်သော်လည်း အနောက်နိုင်ငံများ တွင် ခေတ်စားနေသည့် ပျော်ရွှင်ချမ်းမြေ့မှုကို အခြေခံ၍ စွမ်းဆောင် ရည်မြှင့်တင်ပေးသော Metaphysics အယူအဆ နည်းလမ်းများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်ကို ချိတ်ဆက်ထားခြင်း ဖြစ်ပါသည်။
Metaphysics သဘောတရား
အကြမ်းဖျင်းဆိုရသော် Metaphysics  သည် Philosophy ၏ Branch တစ်ခုဖြစ်ပြီး ပရမတ္ထသဘာဝတရား၏ စစ်မှန်သောဖြစ်တည်မှု ကို လေ့လာခြင်း၊ စိတ်နှင့်ရုပ်အကြား ဆက်နွှယ်ပေါင်းကူးမှု၊ အာကာသ နှင့် အချိန်၏  သဘောသဘာဝ၊ Energy ၏  သဘောသဘာဝကို လေ့လာသော ဘာသာရပ်ဖြစ်သည်ဟုဆိုသည်။ လူအပါအဝင် သက်ရှိ သက်မဲ့ အရာဝတ္ထုအားလုံးတို့သည်  Energy  ဖြင့်   ဖွဲ့စည်းထားပြီး Energy နှင့်   ဖွဲ့စည်းထားသော  အရာမှန်သမျှ  Vibration ရှိပြီး Vibration တိုင်းတွင် Frequency ရှိပါသည်။ လှုပ်ရှားမှုတစ်ခုကို စတင်ဆောင်ရွက်ရန် ဦးနှောက်က အမိန့်ပေးသည့်အခါ အာရုံကြော တစ်လျှောက်  Electrical  Energy  စီးဆင်းသွားပြီးနောက် ကြွက်သား များအား လှုပ်ရှားစေရန်အတွက်  Chemical energy အဖြစ် ပြောင်းလဲ ရပါသည်။ ၎င်း Chemical energy သည် အရိုးများကို လှုပ်ရှားစေရန် အတွက်  Mechanical Energy အဖြစ်သို့ ပြောင်းလဲပေးရသည် စသည် ဖြင့် Metaphysics ၏ အရေးပါသော energy ၏  အခြေခံသဘော တရားများကို တင်ပြထားပါသည်။ 
စကားလုံးများ၊ အသံများ၏ သက်ရောက်မှု 
လူတို့၏ လှုပ်ရှားမှုများသာမက စကားလုံးများ၊ အသံများ၊ အတွေး များ၊ ခံစားမှုများ အားလုံးသည် energy ဖြစ်ကြသည်။ ဂျပန်ပညာရှင် မာဆူရုအိမိုတို၏ ဆန်များအပေါ် စကားလုံးများ၏  သက်ရောက်မှု စမ်းသပ်ခြင်း၊ ရေခဲ Crystal များအပေါ် အသံများ၏ သက်ရောက်မှု စမ်းသပ်ခြင်းများက စကားလုံးများ၊ အသံများသည် ရုပ်ဝတ္ထုပစ္စည်းများ ၏ Cell များအပေါ်တွင်  သိသာထင်ရှားစွာ   ပြောင်းလဲနိုင်ကြောင်း သက်သေပြခဲ့ခြင်းဖြစ်သည်။   
အတွေးများ၏ သက်ရောက်မှု
အတွေးများတွင်လည်း  Energy  နှင့် Vibration  ရှိကြသည်။  Imagination ဟူသည် မိမိတို့၏ ရယူပိုင်ဆိုင်လိုသော အရာပေါ်တွင် အမှန်တကယ်ဖြစ်နေသည်ဟု  ယုံကြည်စွာ  ပုံဖော်ခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် မနောကံဖြစ်သည်။ မနောကံသည် ကံသုံးပါးတွင် အားအကြီးဆုံး ကံဖြစ်လေရာ  အတွေးများက  လူတစ်ယောက်၏ ဘဝဖြစ်စဉ်တွင် အရေးပါသည်။ Power of Imagination အား ချီကာဂို တက္ကသိုလ်မှ Dr Biasiotto က စိတ်ဖြင့် ဘတ်စကက်ဘောလေ့ကျင့်ခြင်း၊ စိတ်ဖြင့်စက်ဘီးစီးခြင်း စသောလေ့ကျင့်ခန်းများဖြင့် သက်သေပြခဲ့ ခြင်းဖြစ်သည်။ ထိုမျှမက ဂေါက်သီးလောက၏ ဆရာတစ်ဆူဖြစ်သော တိုက်ဂါးဝုဒ်သည်လည်း စိတ်ဖြင့် ဂေါက်သီးရိုက် လေ့ကျင့်ခဲ့ခြင်းဖြစ် သည်။ ဂေါက်တံ မျက်နှာပြင်နှင့်  ဂေါက်သီးထိမိသော အခြေအနေ၊ ပြီးပြည့်စုံသော  Swing နှင့်  ရည်မှန်းချက်သို့   ဂေါက်သီးတိကျစွာ ကျရောက်မှုတို့အား စိတ်ဖြင့်ခံစားစေပြီး Visualization ဆောင်ရွက်ပြီး မှ လက်တွေ့ ဂေါက်သီးရိုက်ခြင်း ဖြစ်သည်။     
တကယ်တော့  Metaphysics  သည်  ကျယ်ပြန့်နက်ရှိုင်းသော ပညာရပ် တစ်ခုဖြစ်သည်။ Affirmation အကြောင်း Reluxation ၏ အကျိုးကျေးဇူးများ၊  Positive  thinking ၏ ရလဒ်များ၊ Negative Thinking ကြောင့် Cortisol ကဲ့သို့သော ဟော်မုန်းများ ထုတ်လွှတ်နိုင် ခြင်း၊ စိတ်စွမ်းအား၊ အတွေးများ၏စွမ်းအားများက ရုပ်ခန္ဓာအပေါ် သက်ရောက်နိုင်မှုများ၊ Meditation ကြောင့် Endorphins ခေါ် ဓာတ် တစ်မျိုးထွက်၍ Restorative Energy ရရှိနိုင်ပုံများ ပါဝင်ပါသည်။ Restorative   Energy   က  မိမိကိုယ်ကို   လေးစားမှုတိုးလာခြင်း၊ ခန္ဓာကိုယ်အတွင်း နာကျင်ကိုက်ခဲမှုများ  ပျောက်ကင်းစေခြင်း၊ ပျော် ရွှင်ချမ်းမြေ့စေခြင်း၊    ပိုလျှံသော    အလေးချိန်များကျဆင်းစေခြင်း စသော အကျိုးကျေးဇူးများကိုလည်း ရရှိစေနိုင်ပါသည်။ 
Metaphysics နှင့် ဝန်ထမ်းများ၏  Capacity အား ချိတ်ဆက်
ပြောလိုသည်မှာ  သင်တန်းသား၊  သင်တန်းသူများ၏  Group Presentation  မှ တင်ပြခဲ့သော Metaphysics သဘောတရားများနှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြင့်မားရေးကို  ချိတ်ဆက်ထားမှုပင် ဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများသည် နေ့စဉ် နိုင်ငံ့ဝန်ထမ်း သစ္စာအဓိဋ္ဌာန် (၆)ချက်ကို ရွတ်ဆိုရသည်။ ၎င်းသစ္စာအဓိဋ္ဌာန်သည် ယုံကြည်ကိုးစားစွာ စိတ်နှစ်၍ Affirmation အသွင် ဆောင်ရွက်ပါက မိမိတို့ အဖွဲ့အစည်း အပေါ် ယုံကြည်ကိုးစားမှု၊ သစ္စာရှိမှု ခိုင်မာရင့်သန်လာမည်ဖြစ်ကြောင်း တင်ပြထားပါသည်။ 
အထက်အကြီးအကဲ၏  Leadership 
ဝန်ထမ်းများ ပျော်ရွှင်စွာဖြင့် လုပ်ငန်းခွင်အတွင်း စွမ်းဆောင်ရည် ပြည့်ဝစွာ တာဝန်ထမ်းဆောင်နိုင်ရေးအတွက် အထက်အကြီးအကဲ၏ ဦးဆောင်မှု၊ သွန်သင်မှု Energy   အပြည့်ပါသော အားပေးကူညီမှု၊ မိဘသဖွယ် စိတ်ဓာတ်များကလည်း အရေးပါကြောင်း ဆိုသည်။
ဒီမိုကရေစီစနစ်နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်ရေး
ဒီမိုကရေစီခေတ်တွင် နိုင်ငံ့ဝန်ထမ်းများအတွက်  ပြည်သူ့ရေးရာစီမံ ခန့်ခွဲမှု၊ အုပ်ချုပ်ရေးဆိုင်ရာ သီအိုရီများ ပေါ်ထွက်ခဲ့သည်။ ပြည်သူ့ ရေးရာ   စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ  သီအိုရီသစ်   (New   Public Management-NPM) ၊   ပြည်သူ့ရေးရာ   စီမံခန့်ခွဲအုပ်ချုပ်မှုဆိုင်ရာ ခေတ်သစ်သီအိုရီ(Modern Theory of Public Administration)နှင့် ပြည်သူ့ရေးရာစီမံခန့်ခွဲအုပ်ချုပ်မှု  အနာဂတ်သီအိုရီ(Post Modern Public Administration Theory)တို့ ဖြစ်ကြပါသည်။ ပြည်သူ့ရေးရာ စီမံခန့်ခွဲ အုပ်ချုပ်မှုဆိုင်ရာ သီအိုရီသစ်ကို ၁၉၉၅ တွင် Charles Fax နှင့် Hugh Miller  တို့က  ဖော်ထုတ်ခဲ့ခြင်းဖြစ်သည်။   သီအိုရီအရ ရှုပ်ထွေးသော ကိစ္စရပ်များကို စီမံခန့်ခွဲနိုင်ရန်အတွက် Metaphysics ပါ နည်းလမ်းများဖြင့်  ချိတ်ဆက်အသုံးပြုနိုင်ကြောင်း  ထောက်ပြ ထားခြင်းဖြစ်သည်။ 
ကိုယ်ကျင့်တရား
ကိုယ်ကျင့်တရားသည် ဒဿနိကဗေဒတွင် အကျုံးဝင်သောပညာ ရပ်ဖြစ်သည့် ဝန်ထမ်းတစ်ဦး၏ သိက္ခာနှင့် ကိုယ်ကျင့်တရားအတွက် စံထားရသည် ထေရဝါဒ ဗုဒ္ဓဝါဒကို အခြေခံထားသော ကျင့်ဝတ်များကို လည်း လိုက်နာရမည်ဟု ညွှန်းဆိုထားသည်။


Metaphysics အယူအဆများနှင့် ဝန်ထမ်းများ၏ 
စွမ်းဆောင်ရည်ကို ချိတ်ဆက်အသုံးပြု  
ဝန်ထမ်းများသည် မိမိတို့၏လုပ်ငန်းများကို တန်ဖိုးထား အလေး အနက် ဆောင်ရွက်ခြင်း၊ ပြည်သူများအတွက် ဆောင်ရွက်ပေးရမည် ဟူသော ခံယူချက်ဖြင့် စိတ်ရောကိုယ်ပါ  အားသွန်ကြိုးပမ်းခြင်း၊ အမှန် တကယ် အကျိုးပြု၍ ဖြစ်ထွန်းအောင်မြင်ရမည်ဟူသော စိတ်ဓာတ်ဖြင့် ဆောင်ရွက်ခြင်းတို့အတွက် စေ့ဆော်ခြင်း(Motivation) ၊  ကျွမ်းကျင် မှုပြည့်ဝခြင်း၊ တီထွင်ဖန်တီးတတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်း၊ တစ်ဦးနှင့်တစ်ဦး၊ တစ်ဖွဲ့နှင့်တစ်ဖွဲ့ ချိတ်ဆက် ခြင်း၊ စိတ်ခံစားမှု၊ ကိုယ်ချင်းစာစိတ်ရှိခြင်းတို့နှင့်  ပြည့်စုံရပါမည်၊၊ ထိုသို့ ပြည့်စုံရန်အတွက် Metaphysics  အယူအဆများဖြစ်သော Energy ၊ Positive Thinking ၊ Power of Imagination ၊ Affirmation၊ Reluxation နှင့် Meditation ကအစ  ထိုက်သင့်သလို အသုံးပြု၍ အောင်မြင်နိုင်ကြောင်း ချဉ်းကပ်မှုတစ်ခုဖြစ်သည်။ 
နိုင်ငံ့ဝန်ထမ်းများ       ကြုံတွေ့ရသော   အခက်အခဲများတွင် လက်အောက်ငယ်သားတချို့၏  တစ်ကိုယ်ကောင်းဆန်မှု၊ ပူးပေါင်း ဆောင်ရွက်ရန် မလိုလားမှု၊ အာဏာဖီဆန်မှု၊ ခုခံချေပ ပြောဆိုတတ်မှုတို့ ပါဝင်သည်။ ထိုသို့ ဝန်ထမ်းများနှင့်  ဆက်ဆံဆောင်ရွက်သည့်အခါ မည်ကဲ့သို့တွန်းအားပေး၍ ဆွဲဆောင်စည်းရုံးမည်နည်း။ Energetic Field ၏ သဘောတရားများကို နားလည်ထားရမည်။ ရိုးသားမှုသည် အမှန်တရားကို ပြောဆိုခြင်းဖြစ်ပြီး ဖြောင့်မတ်တည်ကြည်ခြင်းသည် မိမိတို့ပြောဆိုသည့် စကားလုံးများနှင့် အမှန်တရား ညီညွတ်မျှတခြင်း ဖြစ်သည်။ အထက်လူကြီးက ငါပြောတဲ့အတိုင်းလုပ်ဆိုသော ကြီးကြပ် ကွပ်ကဲခြင်းသည် သူနိုင် - ကိုယ်ရှုံးစနစ်ဖြစ်သည်။ သူနိုင် -  ကိုယ်နိုင် လုပ်ဆောင်ရန် သဘောတူညီချက်ကို ဖန်တီးနိုင်ခြင်းသည် မိမိတို့စီမံ ခန့်ခွဲမှု၏ ပင်မလုပ်ရပ်ဖြစ်သည်။ ဝန်ထမ်းများ  ပြည့်စုံရန်လိုအပ်သော  Skills  များသည် Positive Thinking မှ ပေါက်ဖွားလာခြင်းဖြစ်သည်။ တစ်နည်းအားဖြင့် ယောနိသော မနသီကာရ ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းများ၏  Capacity 
အမျိုးသားအကျိုးစီးပွားသည် နိုင်ငံတော်နှင့်  နိုင်ငံသားတို့၏ လိုအပ်ချက်ဖြစ်သည်။ အမျိုးသားအကျိုးစီးပွားကား နိုင်ငံ့စွမ်းအား   ဖြင့် အကောင်အထည်ဖော်ကြရပါသည်။   နိုင်ငံ့စွမ်းအားသည် မိမိတို့ နိုင်ငံ၏ ပြည်တွင်း၊ ပြည်ပ မူဝါဒများအား အကောင်အထည်ဖော်နိုင် သော စွမ်းဆောင်ရည်ဖြစ်သည်။ နိုင်ငံ့စွမ်းအားတွင်  Soft Power ၊ Hard Power နှင့် Smart Power တို့ပါဝင်သည်။ 
မူဝါဒများအား အကောင်အထည်ဖော်ပေးရသော ဝန်ထမ်းများ၏ Capacity မြင့်မားရေးသည်   နိုင်ငံ့စွမ်းအားအတွက်   အသက်တမျှ အရေးပါခြင်းဖြစ်သည်။ နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးအတွက်  အထောက်အကူပြုနေသော Metaphysics အမြင်နှင့် နည်းလမ်းများကို  အကြီးအမှူးသင်တန်း အမှတ်စဉ် (၁၂)မှ သင်တန်း သား၊ သင်တန်းသူများက ဖော်ထုတ်ထောက်ပြခဲ့သော  အယူအဆ ဖြစ်သည်။
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ်များသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ မူဝါဒများနှင့်အညီ  နိုင်ငံ့ဝန်ထမ်းများ၏ စွမ်းဆောင်ရည် မြင့်မားရေး လေ့ကျင့်ပျိုးထောင်ပေးလျက်ရှိသည်။ သင်တန်းကာလ အတွင်း ပါမောက္ခချုပ်အပါအဝင် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ ဌာနမှူးများ၊ နည်းပြဆရာ/ ဆရာမများ၏ စေတနာထက်သန်စွာ သင်ကြားပို့ချမှုကြောင့် သင်တန်းသား/ သင်တန်းသူများ၏ ဆန်းသစ် သော အတွေးအခေါ်၊ တီထွင်ဖန်တီးနိုင်စွမ်းသော အယူအဆများကို ဆင်ခြင်ဖော်ထုတ်နိုင်ခဲ့ခြင်းပင်ဖြစ်သည်။
 နိုင်ငံ့ဝန်ထမ်းများအနေဖြင့်    လုပ်ငန်းခွင်အတွင်း   ပျော်ရွှင် ချမ်းမြေ့စွာ တာဝန်ထမ်းဆောင်နိုင်ရန်၊ စွမ်းဆောင်ရည်မြင့်မားစေရန် နှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ အရေးပါသော စံတန်ဖိုးများ ပြည့်မီစေရေး၊ စိတ်ဓာတ်ပိုင်းဆိုင်ရာ   အားပေးလှုံ့ဆော်မှု   (Motivation)    များ အတွက်  Metaphysics ပါ အယူအဆများနှင့်   နည်းလမ်းများသည်  တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပေးနိုင်လိမ့်မည်ဟု ယုံကြည်မိ ပါသည်။ 
သို့ဖြစ်၍ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အထက်မြန်မာပြည်) အကြီး အမှူးသင်တန်း အမှတ်စဉ်(၁၂) သင်တန်းသား သင်တန်းသူများ၏  ပူးပေါင်းဆောင်ရွက်မှု ဉာဏ်စွမ်းများဖြင့် ပြုစုတင်ပြသော အယူအဆ တစ်ရပ်အား နိုင်ငံ့ဝန်ထမ်းများအတွက် လက်တွေ့ ကျင့်ကြံနိုင်ပါစေ ကြောင်း ဆန္ဒပြုရေးသားတင်ပြလိုက်ပါသည်။      ။