
နေပြည်တော် မတ် ၂၅
ပြည်တွင်းစားသုံးမှုဖူလုံစေရေးအတွက် သမဝါယမ အသင်းများက ဆီစက်များကို တည်ထောင်ဆောင်ရွက် လျက်ရှိရာ ဆီစက်များစွမ်းအားပြည့် လျာထားချက် ပြည့်မီအောင် ထုတ်လုပ်လည်ပတ်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ရုံး အစည်းအဝေးခန်းမ၌ မတ် ၂၄ ရက်က အွန်လိုင်းစနစ်ဖြင့် ပြုလုပ်ခဲ့သည်။
အစည်းအဝေးသို့ သမဝါယမဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးအောင်သူရ၊ ဒုတိယ ညွှန်ကြားရေးမှူး ချုပ်များ၊ ညွှန်ကြားရေးမှူးများနှင့်တာဝန်ရှိသူများ၊ နေပြည်တော်ကောင်စီ၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနများမှ ညွှန်ကြားရေးမှူး များနှင့် မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးအရာရှိများ၊ မြို့နယ်သမ ဝါယမအသင်းစုဥက္ကဋ္ဌများနှင့် ဆီစက် လုပ်ငန်းလုပ်ကိုင်ကြသည့် သမဝါယမအသင်းများမှ တာဝန်ရှိသူများတက်ရောက်ပြီး ညွှန်ကြားရေးမှူးချုပ် က ဆီစက်များ စွမ်းအား ပြည့်လည်ပတ်နိုင်ရေးအတွက် ဆောင်ရွက်ကြရန်၊ သီးနှံများပေါ်ချိန်တွင် ကုန်ကြမ်း များ ဝယ်ယူသိုလှောင်ထားရှိရေး၊ ဈေးကွက်များ ရရှိနိုင်ရေး၊ သမဝါယမအသင်းသားတောင်သူများ က ဆီထွက်သီးနှံများ လာရောက်ရောင်းချပါက Refund ပြန်လည်ထုတ်ပေးနိုင်ရေးတို့ကို ဆွေးနွေး သည်။
နေပြည်တော် ပုပ္ဗသီရိမြို့နယ် ဖြုတ်ခွဲကျေးရွာရှိ ကျောက်စိမ်းလယ်ယာနှင့် အထွေထွေစီးပွားရေး လုပ်ငန်းသမဝါယမအသင်းပိုင်ဆီစက်၊ မကွေးတိုင်း ဒေသကြီး မကွေးမြို့နယ်သမဝါယမ အသင်းစုပိုင် ဆီစက်နှင့် အောင်လံမြို့နယ်သမဝါယမအသင်းစုပိုင် ဆီစက်၊ ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် သမ ဝါယမအသင်းစုပိုင်ဆီစက်နှင့် ရွှေတောင်မြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်နှင့် ဟင်္သာတမြို့နယ် သမဝါယမအသင်းစုပိုင်ဆီစက်၊ ကချင်ပြည်နယ် မြစ်ကြီးနားနှင့် မိုးညှင်းမြို့နယ်တို့တွင် ဆီစက်များ တည်ထောင်လည်ပတ်၍ ဆီကြိတ်ခွဲရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ ဆီစက်များကို စွမ်းအားပြည့်လည်ပတ်နိုင်ရေး ကြိုးစား ဆောင်ရွက်နေကြောင်း၊ ဆီထွက်နှုန်းကောင်းမွန်စေ ရေးနှင့် ဆီကျန်ပါဝင်မှုနည်းပါးစေရေးတို့အတွက် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်း အစည်းအဝေးမှ သိရသည်။
သတင်းစဉ်