သစ်တောများပြုစုထိန်းသိမ်းရေး တောခေါင်း တောကြပ်များအား စာတွေ့လက်တွေ့သင်တန်းပေး

 

ကသာ    မတ်    ၂၅


ကသာခရိုင်အတွင်း    သစ်တော များ   ပြုစုထိန်းသိမ်းရေးအတွက် တောခေါင်း/တောကြပ်များအား     စာတွေ့လက်တွေ့     သင်တန်းကို ခရိုင်သစ်တောဦးစီးဌာနက   မတ်  ၂၀    ရက်မှ   စတင်၍    ပို့ချပေးနေ ကြောင်း သိရသည်။

 


စာတွေ့လက်တွေသင်ကြား


သင်တန်းတွင်      ကသာခရိုင်  သစ်တော               ဦးစီးဌာနမှ   လက်ထောက်  ညွှန်ကြားရေးမှူး     ဦးတင်စိုးက   ဇီဝမျိုးစုံမျိုးကွဲနှင့်        သဘာဝထိန်းသိမ်းရေး        နယ်မြေ များ  ကာကွယ်စောင့်ရှောက်ခြင်း ဆိုင်ရာဥပဒေအကြောင်း၊ အပူပိုင်း အညာဒေသတွင်         သစ်တော သစ်ပင်များ      စိမ်းလန်းစိုပြည်လာ ရေး၊     ဒိုချက်ကင်နှင့်    အီးအမ် ဘိုကာရှီ       သဘာဝမြေဩဇာများ   ပြုလုပ်ခြင်း၊ အခြေခံရုက္ခဗေဒနှင့် သစ်မျိုးခွဲပညာ၊    သဘာဝတော တောင်   အခြေအနေ၊   သစ်တော ဥပဒေနှင့် နည်းဥပဒေ၊  စိုက်ခင်း တည်ထောင်ခြင်း       လုပ်ငန်းစဉ် အဆင့်ဆင့်၊    ပျိုးဥယျာဉ်   တည် ထောင်ခြင်း၊   ဒေသခံပြည်သူအစု အဖွဲ့ပိုင်        သစ်တောလုပ်ငန်း အကြောင်း၊           ကြိုးဝိုင်းကြိုးပြင် ကာကွယ်တော တိုးချဲ့ဖွဲ့စည်းခြင်း ဆိုင်ရာ  လုပ်ငန်းများစသည်တို့ကို စာတွေ့လက်တွေ      သင်ကြားပို့ချ ပေးလျက်ရှိသည်။ 

 


ဆက်လက်ပို့ချသွားမည်


သင်တန်းသို့        ကသာခရိုင် အတွင်းရှိ    ကသာ၊    အင်းတော်၊ ဗန်းမောက်၊ ထီးချိုင့်မြို့နယ်များမှ   တောခေါင်းတောကြပ်  သင်တန်း သား    ၂၂  ဦး   တက်ရောက်ပြီး သင်တန်းတွင်    ဓမ္မတာမျိုးဆက် ခြင်း  လုပ်ငန်း၊   ဓာတ်ပုံမှတ်တမ်း ရယူခြင်း၊     မြေပုံလေ့လာခြင်း၊ တရားမဝင်         သစ်ဖမ်းဆီးခြင်း၊ အရေးယူခြင်းနှင့်          လုပ်ထုံး လုပ်နည်းများ၊    ဖမ်းဆီးရမိသော သစ်တောထွက်ပစ္စည်းများ     စီမံ ခန့်ခွဲခြင်း၊     ရုံးလုပ်ငန်းသဘော တရားနှင့် ရုံးစာရေးသားနည်းများ ကိုလည်း   မတ်    ၃၁    ရက်အထိ    ဆက်လက်         ပို့ချသွားမည်ဖြစ် ကြောင်း သိရသည်။  


ငွေအိုး(ကသာ)