
နေပြည်တော် မတ် ၂၄
အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သည် ပညာရေး ဝန်ကြီးဌာနနှင့်ပူးပေါင်း၍ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့်စပ်လျဉ်း၍ အသိပညာရရှိစေရန်၊ အဂတိလိုက်စားမှုကို တွန်းလှန်တိုက်ဖျက်ရာတွင် အဓိကကျသည့် ဖြောင့်မတ် တည်ကြည်မှုရှိသည့် အသိုက်အဝန်း တည်ဆောက်ရန်အတွက် ဆရာ ဆရာမများ မွမ်းမံသင်တန်းများတွင် အသိပညာပေး အစီအစဉ်များကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက်လျက်ရှိရာ ကော်မရှင်အဖွဲ့ဝင်များက ကြီးကြပ်လိုက်ပါလျက် ကော်မရှင် (ရုံးခွဲ) များမှ အရာထမ်း များက မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစည်မြို့နယ်ရှိ အထက (၂၆) တွင်လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ရှိ ကျိုင်းတုံ အ.ထ.က (၂) နှင့် ရှမ်းပြည်နယ် (တောင်ပိုင်း)ရှိ တောင်ကြီး အ.ထ.က (၂) တို့တွင် လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးရှိ ပုသိမ် အ.ထ.က(၁)တွင်လည်းကောင်း၊ ကယားပြည်နယ်ရှိ လွိုင်ကော် အ.ထ.က (၁) နှင့် အ.လ.က(၂)၊ ဘော်လခဲခရိုင်နှင့် မယ်စဲ့ခရိုင်ရှိ အထကကျောင်းတို့တွင် Online စနစ်ဖြင့်လည်းကောင်း အသိပညာပေး ဆောင်ရွက်ခဲ့ ပြီး ဆရာ ဆရာမများကလည်း စိတ်ဝင်တစား မေးမြန်းဆွေးနွေး ခြင်းများ ဆောင်ရွက်ကြောင်း သိရသည်။
သတင်းစဉ်