တရုတ်-မြန်မာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက်ပွဲကျင်းပ

 

ရန်ကုန်    မတ်    ၂၂
တရုတ်(ချုံချင့်ပီရှန်း)- မြန်မာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မိတ်ဆက် ပွဲကို ယနေ့နံနက်ပိုင်းက ရန်ကုန်မြို့ ပြည်လမ်းရှိ Lotte Hotel ၌ ကျင်းပသည်။
ရှေးဦးစွာ   မြန်မာ - တရုတ်   ချစ်ကြည်ရေးအသင်း(ဗဟို)ဥက္ကဋ္ဌ ဦးစိန်ဝင်းအောင်၊  UMFCCI  အသင်းဥက္ကဋ္ဌ  ဦးအေးဝင်း၊  မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးမင်းဇော်ဦးနှင့် ပီရှန်းဒေသ ဒုတိယဒေသမှူး ကျန်းချွမ်း တို့က အမှာစကားများ ပြောကြားသည်။
ဆက်လက်၍     ပီရှန်းဒေသ    လုပ်ငန်းကိုယ်စားလှယ်များနှင့်   မြန်မာနိုင်ငံလုပ်ငန်း  ကိုယ်စားလှယ်များက  ထုတ်ကုန်စီမံကိန်းများ မိတ်ဆက်ကြပြီး အပြန်အလှန်စီးပွားရေးအမြင်များ ဖလှယ်ကြသည်။
တရုတ် - မြန်မာ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ဆက်ဆံမှု တိုးမြင့်လာ စေရေး၊ ပူးပေါင်းဆောင်ရွက်ရေး၊ အခွင့်အလမ်းများရှာဖွေရေး၊ နှစ်ဦးနှစ်ဖက်အပြန်အလှန်အကျိုးရှိမှု အကောင်အထည်ဖော်ရေးတို့အတွက် ချုံချင့်မြို့၊ ပီရှန်းဒေသပြည်သူ့အစိုးရမှ တရုတ်(ချုံချင့်ပီရှန်း)-မြန်မာ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုမိတ်ဆက်ပွဲကို ကျင်းပဆောင်ရွက် ခြင်းဖြစ်ကြောင်း ယနေ့အခမ်းအနားမှ သိရသည်။        အာကာလင်း