ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့်  မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  

ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန်မပြတ်ဆောင်ရွက်နိုင်ရန်နှင့် 
မူဝါဒပိုင်းဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍  ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ  

================================================================

နေပြည်တော်   ဖေဖော်ဝါရီ    ၄
ဆောက်လုပ်ရေးဝန်ကြီးဌာန၏ လုပ်ငန်းများ အရှိန်အဟုန် မပြတ်ဆောင်ရွက်နိုင်ရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ မူဝါဒပိုင်းဆိုင်ရာများနှင့်စပ်လျဉ်း၍ ပထမ အကြိမ် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင်   နေပြည်တော်  ဆောက်လုပ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
တက်ရောက်
အစည်းအဝေးသို့   ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရွှေလေး၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန လက်အောက်ရှိ ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ် များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ အင်ဂျင်နီယာချုပ် များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများသည်  နေပြည်တော်မှ ကိုဗစ်-၁၉ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ တက် ရောက်ကြပြီး   တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေးမှူး များသည် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။ 
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးရွှေလေးက ယခုအခါ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး လုပ်ငန်းများဆောင်ရွက်ရာတွင် မိမိတို့ဌာန၏ ရည်မှန်းချက်တာဝန်များကို  နိုင်ငံတော် အစိုးရ၏ လက်ရှိလမ်းညွှန်ချက်များနှင့်အညီ လုပ်ငန်းများ အရှိန်အဟုန်မပြတ် အောင်မြင်အောင် ဆက်လက်ကြိုးပမ်း အကောင်အထည်ဖော် ဆောင်ရွက်ရမည်ဖြစ်ကြောင်း။ 
လက်ရှိအခြေအနေအရ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ် ၊  ကုသ ရေးနှင့်ပတ်သက်သည့် အမိန့်နှင့်ညွှန်ကြားချက်များကို ဝန်ထမ်းများအားလုံး    လိုက်နာရန်   လိုအပ်ပါကြောင်း၊   လုပ်ငန်းများ ဆောင်ရွက်ရာတွင် လက်ရှိဆောင်ရွက်ဆဲ လမ်း / တံတား တည်ဆောက်ရေးလုပ်ငန်းများ၊  ပုဂ္ဂလိကနှင့်  ပူးပေါင်းဆောင်ရွက်သည့် လုပ်ငန်းများကို မူဝါဒများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆက်လက်ခွင့်ပြုသွားမည် ဖြစ်ကြောင်း။
လုပ်ငန်းစီမံကိန်းများ အကောင်အထည်ဖော် ဆောင် ရွက်ရာတွင်  ဥပဒေ၊  စည်းမျဉ်း စည်းကမ်းများနှင့်အညီ ဆောင်ရွက်သွားရန်လိုအပ်ပါကြောင်း၊ စာရင်းစစ်ဆေးသည့် အပိုင်းများတွင်လည်း ဌာနအနေဖြင့် ဘဏ္ဍာရေးဆိုင်ရာ လုပ်ထုံးလုပ်နည်း၊   စည်းမျဉ်းစည်းကမ်း၊    ဥပဒေများနှင့် အညီ အပြည့်အဝလိုက်နာဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဦးစီးဌာနများ၊   တိုင်းဒေသကြီး /  ပြည်နယ်များမှ တာဝန်ခံ ညွှန်ကြားရေးမှူးများ အနေဖြင့် လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်သွားကြရန် လိုပါကြောင်း၊ နိုင်ငံတော်အဆင့် လုပ်ငန်းစီမံကိန်းကြီးများ၊ နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်း ကြီးများနှင့် ပတ်သက်ပြီး အခက်အခဲများရှိပါက အချိန်နှင့် တစ်ပြေးညီတင်ပြပြီး နှောင့်နှေးမှုမရှိအောင် ဆောင်ရွက် သွားကြရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် အဆောက်အဦ ဦးစီးဌာန၊ လမ်းဦးစီးဌာန၊ တံတားဦးစီးဌာန၊ မြို့ပြနှင့် အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနနှင့် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူး ချုပ်တို့က မိမိတို့ဦးစီးဌာနအလိုက် လုပ်ငန်းဆောင်ရွက် ပြီးစီးမှု၊   လက်ရှိလုပ်ငန်းများ    ဆောင်ရွက်နေမှုနှင့်          ရှေ့ဆက်လက်ဆောင်ရွက်မည့်   လုပ်ငန်းအစီအစဉ်များကို Power Point ဖြင့် ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် တိုင်းဒေသကြီး/ ပြည်နယ်ညွှန်ကြားရေး မှူးများက   မိမိတို့တိုင်းဒေသကြီး၊  ပြည်နယ်များတွင် ဆောင်ရွက်နေသည့် လုပ်ငန်းစီမံချက်များ ၊ စီမံကိန်းများနှင့် ဆက်လက်ဆောင်ရွက်မည့်    လုပ်ငန်းအစီအမံများကို    ရှင်းလင်းတင်ပြကြပြီး   တက်ရောက်လာသူများက လက်ရှိ ဆောင်ရွက်နေသော လုပ်ငန်းများနှင့် ရှေ့ဆက်လက်ဆောင် ရွက်မည့် လုပ်ငန်းအခြေအနေတို့ကို   သက်ဆိုင်ရာကဏ္ဍ အလိုက် ဖြည့်စွက်ဆွေးနွေးတင်ပြကြသည်။  
တင်ပြချက်များအပေါ်   ပြည်ထောင်စုဝန်ကြီးက  နိုင်ငံတော်ကချမှတ်ထားသည့်  မူဝါဒများအတိုင်း လုပ်ငန်း များကို  ရပ်တန့်ခြင်းမရှိဘဲ    အရှိန်အဟုန်မပြတ်  ဆက်လက် ဆောင်ရွက်ရန်၊     မိမိတို့တာဝန်ယူဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်ပတ်သက်၍  ဆုံးဖြတ်ပေးရန်များရှိပါက အချိန်နှင့်တစ်ပြေးညီတင်ပြရန်နှင့်    လုပ်ငန်းလိုအပ်ချက် များကို   ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရ သည်။                                                            သတင်းစဉ်