“ပြည်ချစ်သားမွန် တေးသဝဏ်” (ပွဲစဉ်-၅) တေးဂီတဖျော်ဖြေပွဲ မြန်မာ့ရုပ်မြင်သံကြားမှ တိုက်ရိုက်ထုတ်လွှင့်ပြသမည်

 

နေပြည်တော်   မတ်    ၂၂


ပြည်သူများ အပန်းပြေစေရန်၊ ပျော်ရွှင်စေရန်နှင့် စိတ်ခွန်အားသစ်များ ရရှိနိုင်ရန်အတွက် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ဖျော်ဖြေရေးအစီ အစဉ်များကို တိုးမြှင့်တင်ဆက်လျက်ရှိရာ  Friday Night Live Show အစီအစဉ်ဆန်းသစ်မှုအဖြစ်  ၂၀၂၃ ခုနှစ်  မတ် ၂၇ ရက်တွင် ကျရောက် မည့် (၇၈)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် “ပြည်ချစ်သားမွန် တေးသဝဏ်” တေးဂီတဖျော်ဖြေပွဲအစီအစဉ်ကို ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်မှ  မတ် ၂၄ ရက်အထိ  ပွဲစဉ်ငါးခု  ဖြင့်   အပတ်စဉ်   သောကြာနေ့   ည ၈ နာရီ  သတင်းများအပြီးတွင် MRTV-HD Channel မှ ထုတ်လွှင့်ပြသလျက်ရှိသည်။ 

 


အဆိုပါအစီအစဉ်ကို “မြန်မာ့အသံတေးဂီတ” အဖွဲ့၏ တီးခတ်မှု နှင့်အတူ  မူရင်းတေးသံရှင်များ၊ နာမည်ကျော်တေးသံရှင်များ၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားမှ ဝန်ထမ်းအဆိုရှင်များနှင့် တူယှဉ်နွှဲပျော်ဂီတ ပွဲတော်များမှ တေးသံရှင်များ ပါဝင်သီဆိုလျက်ရှိရာ မတ်  ၂၄ ရက်တွင် တင်ဆက်မည့်    နောက်ဆုံးပွဲစဉ်ဖြစ်သည့်    ပွဲစဉ်(၅)တွင်   စိုးသူ၊ စိုးရန်အောင်၊   စိုးထက်အောင်၊    ဇော်ထွေးလတ်၊   စောဒယ်နီရယ်၊ စောရက်စတာ၊ အောင်ကျော်ကျော်မိုး၊ မေထူးကျော်၊ ပုလဲသန့်သွယ်၊ ဖူးဧကရီဆောင်း၊ သီရိအောင်နှင့် သဉ္ဇာဝေလင်းတို့ ဖျော်ဖြေတင်ဆက် ကြမည်ဖြစ်ကြောင်းနှင့် ထိုသို့တင်ဆက်မှုကို မတ် ၂၆ ရက် (တနင်္ဂနွေ နေ့) နံနက် ၁၀ နာရီခွဲတွင် ထပ်မံထုတ်လွှင့်ပြသမည်ဖြစ်ကြောင်း သိရသည်။ 


သတင်းစဉ်