
မြစ်ကြီးနား မတ် ၂၁
ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်းရှိ ယာယီ ခိုလှုံရာစခန်း လေးခုမှ မူလနေရပ်ကျေးရွာ ဝိုင်းမော် မြို့နယ်အတွင်းရှိ ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်း နေထိုင်ကြမည့် အိမ်ထောင်စုများအတွက် ပြည်နယ် အစိုးရအဖွဲ့မှ ဆန်ရိက္ခာ၊ ဆီနှင့် ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို မတ် ၂၁ ရက်က ကျင်းပသည်။
ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက် အတွင်း မန်ခိန်နှစ်ခြင်းကယ်ဆယ်ရေးစခန်းမှ မူလ နေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန်ကျေးရွာနှင့် ဒဘတ်ယန်ကျေးရွာများသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စုများကို တွေ့ဆုံအားပေး ပြောကြားသည်။ (ယာပုံ)
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အဆိုပါ စခန်းမှ မူလနေရပ်သို့ ပြန်လည်ပြောင်းရွှေ့နေထိုင်ကြ မည့် အိမ်ထောင်စု ၂၅ စု၊ လူဦးရေ ၁၄၄ ဦးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့မှ တစ်အိမ်ထောင်လျှင် ဆန် တစ်အိတ်၊ ဆီတစ်ပိဿာ၊ ထောက်ပံ့ငွေကျပ် တစ်သိန်းစီကို လည်းကောင်း၊ ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ဦးစီးမှူး ဒေါ်လှကေသီမာက ဆန်ရိက္ခာဖိုးငွေ ၁၂၉၆၀၀၀၊ ပြောင်းရွှေ့စရိတ်အဖြစ် ငွေကျပ် ၂၅၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ၂၅ ပုံးကိုလည်း ကောင်း ထောက်ပံ့ပေးအပ်သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မူလနေရပ် ဝိုင်းမော်မြို့နယ် ကဇူးယန် ကျေးရွာ၊ ဒဘတ်ယန်ကျေးရွာနှင့် ဂါးရာယန်ကျေးရွာ များသို့ ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် လယ်ကုန်း ဇီးအုန်၊ ဗက်လင်နှင့် မလိယန်ယာယီ ခိုလှုံရာစခန်း သုံးခုမှ မိသားစုများအား တွေ့ဆုံအားပေးစကား ပြောကြားပြီး ပြန်လည်ရွှေ့ပြောင်းနေထိုင်ကြမည့် အိမ်ထောင်စု ၄၀၊ လူဦးရေ ၂၂၃ ဦးတို့အတွက် ဆန် ၁အိတ်၊ ဆီ တစ်ပိဿာစီနှင့် ငွေကျပ် တစ်သိန်းစီကို လည်းကောင်း၊ ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှုဦးစီးဌာနမှ အိမ်ထောင်စုများအတွက် ဆန် ရိက္ခာဖိုးငွေ ၂၀၀၇၀၀၀၊ ပြောင်းရွှေ့စရိတ် ငွေကျပ် ၄၀၀၀၀၀၀ နှင့် ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးပါ ပုံး ၄၀ ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ခဲ့ကြပြီး ယနေ့ နေရပ်ပြန်ပြည်သူများအတွက် မော်တော်ယာဉ် များကိုလည်း ပြည်နယ်အစိုးရအဖွဲ့က စီစဉ်ပေးခဲ့ ကြောင်း သိရသည်။
ပြည်နယ်
(ပြန်/ဆက်)