ဒုတိယဝန်ကြီး ဦးဝင်းရှိန် ထိုင်းနိုင်ငံသို့ ထွက်ခွာမည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများနှင့်တွေ့ဆုံ

 

နေပြည်တော် မတ် ၂၁


အလုပ်သမားဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းရှိန်သည် ယနေ့နံနက်ပိုင်းတွင် ကော့သောင်းမြို့သို့ ရောက်ရှိ ပြီး ကော့သောင်းမြို့ ရွှေဝက်ဝံတံတား ရွှေ့ပြောင်းအလုပ်သမားရုံး၌ ထိုင်းနိုင်ငံသို့  ထွက်ခွာမည့်  မြန်မာ ရွှေ့ပြောင်းအလုပ်သမားများအား တွေ့ဆုံမှာကြားသည်။

 


ဦးစွာ ဒုတိယဝန်ကြီးက ၁၉၉၉ ခုနှစ်  ပြည်ပ အလုပ်အကိုင်ဆိုင်ရာဥပဒေအရ       ပြည်ပအလုပ် အကိုင်ရှာဖွေသူများအနေဖြင့် ပြည်ပအလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေပြီး ပြည်ပသို့  စနစ်တကျ သွားရောက်လုပ်ကိုင်နိုင်ရန်နှင့် ပြည်ပအလုပ်အကိုင် အမျိုးအစားအလိုက်  ရရှိခဲ့သော  အတွေ့အကြုံနှင့် အသိပညာများ၊ အတတ်ပညာများကို ပြည်တွင်းတွင် စနစ်တကျ ပြန်လည်အသုံးချဆောင်ရွက်ခွင့် ရရှိနိုင် ရန်  တရားဝင်ခွင့်ပြုပေးထားသည့်  ပြည်ပအလုပ် အကိုင်အကျိုးဆောင်  လိုင်စင်ရအေဂျင်စီများဖြင့် စေလွှတ်ပေးလျက်ရှိကြောင်း။

 


အလုပ်သမားများသည်  ပြည်ပသို့  မထွက်ခွာမီ ပြည်ပအလုပ်အကိုင်ရှာဖွေသူအဖြစ် ဦးစီးဌာနတွင် မှတ်ပုံတင်ပြီး       ကျန်းမာရေးစစ်ဆေးမှုခံယူကာ ကျန်းမာကြောင်း   ထောက်ခံချက်လက်မှတ်ရယူ၍ ပြည်ပရောက်ရှိက         သက်ဆိုင်ရာမြန်မာသံရုံး သို့မဟုတ် ကောင်စစ်ဝန်ရုံးသို့ သတ်မှတ်ချက်များနှင့် အညီ သတင်းပို့ရမည့်အပြင် ပြည်ပတွင်  အလုပ်ခွင် ထိခိုက်မှုအတွက်   ရထိုက်ခွင့်ရှိသည့်  လျော်ကြေး၊ နစ်နာကြေး အပြည့်အဝရရှိစေရေးအတွက် ဆောင် ရွက်ပေးရန် သက်ဆိုင်ရာ အကျိုးဆောင်မှ တစ်ဆင့် တောင်းဆိုခွင့်ရှိကြောင်း။

 


ပြည်ပအလုပ်အကိုင်  အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများသည် ပြည်ပအလုပ်အကိုင်  အကျိုး ဆောင်လိုင်စင်ရ   အေဂျင်စီများ  လိုက်နာရမည့် စည်းကမ်းချက်များကို  လေးစားလိုက်နာရမည်ဖြစ် ပြီး  အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အရေးများ နစ်နာဆုံးရှုံးမှု ဖြစ်ပေါ်လာပါက သက်ဆိုင်ရာ ပြည်ပ လုပ်ငန်းရှင်နှင့် ဆက်သွယ်၍ ရပိုင်ခွင့်နှင့် အခွင့်အရေး များ အပြည့်အဝ ရရှိခံစားနိုင်ရေးအတွက်  တာဝန်ယူဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။

 


ပြည်ပအလုပ်အကိုင်ဆိုင်ရာ ဥပဒေအရ သတ်မှတ် ထားသည့်   ဝန်ဆောင်ခသာ   အလုပ်သမားထံမှ တောင်းဆိုခွင့်ရှိကြောင်း၊ သတ်မှတ်သည့် ဝန်ဆောင်ခ ထက် ပိုမိုတောင်းခံရယူကြောင်း ပြစ်မှုထင်ရှား စီရင် ခြင်းခံရလျှင် ထောင်ဒဏ် သုံးနှစ်အထိ ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထား ကြောင်း။

 


မည်သူမဆို အကျိုးဆောင်လိုင်စင်မရှိဘဲ အကျိုး ဆောင်လုပ်ငန်းကို လုပ်ကိုင်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို ထောင်ဒဏ် ခုနစ်နှစ်အထိ ချမှတ်ရမည့်အပြင်  ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု ပြဋ္ဌာန်းထားကြောင်း။ 
အလုပ်သမားစေလွှတ်ပေးသည့်   အေဂျင်စီနှင့် သွားရောက်မည့် အလုပ်သမားတို့အကြား စေလွှတ် ခြင်းဆိုင်ရာ  နှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုရမည့် အပြင် အလုပ်သမားများအား   အလုပ်ခန့်ထားမှု ဆိုင်ရာ   သဘောတူညီချက်စာချုပ်တွင်  မြန်မာ/ အင်္ဂလိပ်၊ သက်ဆိုင်ရာနိုင်ငံ  ဘာသာတို့ဖြင့်  ချုပ်ဆို ရန်နှင့်   စည်းကမ်းချက်၊   သတ်မှတ်ချက်များကို အပြည့်အဝ နားလည်သဘောပေါက်စေရေးအတွက်   အလုပ်သမားများအား  ရှင်းလင်းစွာ  ပြောကြားပြီး အလုပ်သမားက  သဘောတူညီမှသာ  သဘောတူညီ ချက်စာချုပ်ကို         လက်မှတ်ရေးထိုးစေရမည်ဖြစ် ကြောင်း။

 


မိမိအစီအစဉ်ဖြင့်    ပြည်ပသို့   သွားရောက် အလုပ်လုပ်ကိုင်မည့် ကျွမ်းကျင်အလုပ်သမားများ၊ ခွင့်ပြန်အလုပ်သမားများ၊ အမြဲတမ်းနေထိုင်ခွင့်ပါမစ် ဖြင့် နေထိုင်လုပ်ကိုင်သူများက ပြည်ပအလုပ်အကိုင် လမ်းညွှန်သင်တန်း  တက်ရောက်ခွင့်နှင့်  OWIC ပြုလုပ်ခွင့်များ   တင်ပြလာပါက    အလုပ်သမား ညွှန်ကြားရေးဦးစီးဌာနမှ ရုံးဖွင့်ရက် နှစ်ရက်မှ သုံး ရက်အတွင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ အမြန် စိစစ်ခွင့်ပြုပေးလျက်ရှိရာ      ပွဲစား/အေဂျင်စီများထံ ဝန်ဆောင်ခအဖြစ်     ငွေကြေးအဆမတန်ပေး၍ လုပ်ငန်းအပ်နှံခြင်းမပြုဘဲ OWIC ကတ်ရရှိရေး မိမိ ကိုယ်တိုင် တင်ပြလျှောက်ထားရမည်ဖြစ်ကြောင်း။
တရားမဝင် သွားရောက်သူများအနေဖြင့် လူကုန် ကူးခံရခြင်း၊ အကြမ်းဖက်ခံရခြင်း၊ လုပ်အားခေါင်းပုံ ဖြတ်ခံရခြင်း၊   အန္တရာယ်ရှိပြီး   ကျန်းမာရေးနှင့် မညီညွတ်သော လုပ်ငန်းခွင်များတွင်  လုပ်ကိုင်ရခြင်း တို့နှင့် ကြုံတွေ့ရနိုင်ကြောင်း၊ သို့ဖြစ်၍ အခက်အခဲ ရှိပါက တိုင်းဒေသကြီး/ ပြည်နယ်/ ခရိုင်မြို့နယ်များရှိ အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေးရုံးများနှင့် နေပြည်တော်နှင့်   ရန်ကုန်မြို့ရှိ   Compliants Mechanism Center များသို့ တိုင်ကြားနိုင်ကြောင်း၊ ဥပဒေချိုးဖောက်သူများကို  ကာယကံရှင်ကိုယ်တိုင် စီရင်ပိုင်ခွင့်ရှိသော တရားရုံးသို့ တိုင်ကြားနိုင်ကြောင်း ပြောကြားသည်။    

                          
သတင်းစဉ်