(၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲ အားကစားသမား ၂၀၀ ခန့် ဝင်‌ရောက်ယှဉ်ပြိုင်

 

ရန်ကုန်   မတ်  ၂၁ 


ရန်ကုန်တိုင်းဒေသကြီး   အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့်၂၀၂၃ ခုနှစ် (၇၈)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး စက်ဘီးပြိုင်ပွဲကိုယနေ့နံနက် ၆ နာရီက ပြည်သူ့ရင်ပြင်ရှေ့၌ကျင်းပရာစက်ဘီးအားကစားသမားများ ၂၀၀ ခန့် ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

 


ယင်းပြိုင်ပွဲတွင်    Mountain Bike ၊ Road Bike         စက်ဘီးပြိုင်ပွဲများကို အမျိုးသား       အားကစားသမားများအား ‌ထောက်ကြန့်မှစတင်၍    လည်းကောင်း၊ Road Bike စက်ဘီးပြိုင်ပွဲကို အမျိုးသမီး အားကစားသမားများအား      မြောက် ဥက္ကလာပ ကျောက်ရေတွင်းကွေ့မှ  စတင် ၍ လည်းကောင်း    တာလွှတ်ပေးကြပြီး ပြည်သူ့ရင်ပြင်ရှေ့သို့ ပန်းဝင်ခဲ့ကြသည်။

 


အဆိုပါပြိုင်ပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေ၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာကော်မတီ ဥက္ကဋ္ဌ၊  တိုင်းဒေသကြီး  ဥပဒေချုပ်နှင့်  ဌာနဆိုင်ရာ တာဝန်ရှိသူများ    တက်ရောက်   ကြည့်ရှုအားပေးခဲ့ ကြသည်။

 


ပြိုင်ပွဲများအပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကိုကျင်းပရာ  တိုင်းဒေသကြီးဝန်ကြီးချုပ်၊   တိုင်းမှူး၊  တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီး အားကစား နှင့်   ကာယပညာကော်မတီဥက္ကဋ္ဌ၊   တိုင်းဒေသကြီး  ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထ၊ ပဉ္စမနှင့် ပန်းဝင်ကြသော အားကစားသမားများအား  ငွေသားဆုများ ချီးမြှင့် ကြောင်း သိရသည်။

အာကာစိုး