တောင်ကိုရီးယားနိုင်ငံ၌ လက်ထပ်သည့် စုံတွဲဦးရေ ၂၀၂၂ ခုနှစ်တွင်  စံချိန်တင်လျော့ကျ

 

ဆိုးလ်  မတ်  ၁၆
လက်ထပ်ခြင်းအပေါ် အယူအဆ များ      ပြောင်းလဲသွားခြင်းနှင့် လက်ထပ်နိုင်သည့် အသက်အရွယ် ရှိသော လူဦးရေလျော့ကျခြင်းတို့ ကြောင့်    ပြီးခဲ့သည့်နှစ်အတွင်းတောင်ကိုရီးယားတွင် လက်ထပ် သည့်   စုံတွဲဦးရေမှာ   စံချိန်တင် ကျဆင်းခဲ့သည်ဟု စာရင်းအင်းရုံး မှ မတ်  ၁၆  ရက်တွင်   သတင်း ထုတ်ပြန်သည်။ 
၂၀၂၂ ခုနှစ်အတွင်း လက်ထပ် သည့်ဦးရေမှာ   ၁၉၁၇၀၀      ရှိပြီး  ၁၉၇၀     ပြည့်နှစ်   နှောင်းပိုင်းမှ စတင်ကာ အဆိုပါအရေအတွက် မှာ   အနိမ့်ဆုံးဖြစ်သည်ဟု    ကိုရီး ယားစာရင်းအင်းရုံး၏  ထုတ်ပြန် ချက်အရ သိရသည်။
နေအိမ်စရိတ်  ကြီးမားခြင်း၊ ကလေး   ပြုစုပျိုးထောင်ရာတွင် စရိတ်ကြီးမြင့်မှုနှင့် လူငယ်အလုပ် လက်မဲ့ဦးရေ    မြင့်မားလာသည့် အတွက်   လူငယ်မျိုးဆက်များ မှာ လက်ထပ်ခြင်းနှင့် ကလေးယူ ခြင်းတို့ကို   ရှောင်ရှားလာသည်။  အသက် ၂၅နှစ်မှ ၄၉ နှစ်အတွင်း လူဦးရေ   လျော့ကျလာသည်မှာ  ၁၁နှစ်ဆက်တိုက်ရှိပြီဖြစ်သည်ဟုစာရင်းဇယားများအရ သိရသည်။ 
နိုင်ငံခြားအိမ်ထောင်ဖက်နှင့် လက်ထပ်သည့်    ဦးရေမှာ    ပြီးခဲ့ သည့်နှစ်အတွင်း   ၂၇  ဒသမ ၂ ရာခိုင်နှုန်းတိုးလာခဲ့သည်။ ထိုစဉ် ကွာရှင်းသည့်စုံတွဲဦးရေမှာ  ၂၀၂၂ ခုနှစ်တွင်   ၉၃၂၀၀   ရှိသည်။ ကွာရှင်းသည့်ဦးရေ လျော့ကျလာ သည်မှာ    သုံးနှစ်ဆက်တိုက်ရှိပြီ ဖြစ်သည်။          ဆင်ဟွာ