
ဟယ်ဆင်ကီ မတ် ၁၅
ဖင်လန်နိုင်ငံတွင် ကမ္ဘာ့အကြီးဆုံး နျူကလီးယား ဓာတ်ပေါင်းဖိုကြီး တစ်ခုကို ဧပြီလတွင် စတင် လည်ပတ်တော့မည် ဖြစ်သည်။ ယခုလို နျူကလီးယားဓာတ်ပေါင်း ဖိုလည်ပတ်ခြင်းသည် ဥရောပ၌ ၁၅ နှစ်အတွင်း ပထမဆုံးလည် ပတ်ခြင်းဖြစ်သည်။
နျူကလီးယား ဓာတ်ပေါင်းဖို တာဝန်ခံက ဖင်လန်နိုင်ငံ အနောက်တောင်ပိုင်းရှိ အမှတ်-၃ အော်ကီလူအိုတို နျူကလီးယား စက်ရုံရှိ မီဒီယာများကို မတ် ၁၄ ရက်က ပြသခဲ့သည်။
ယခုနျူကလီးယား ဓာတ် ပေါင်းဖိုသည် ပုံစံအသစ်တစ်မျိုး ဖြစ်ကာ ပြင်သစ်နှင့် အခြား ကုမ္ပဏီများက ထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါနျူကလီးယား ဓာတ်ပေါင်းဖိုသည် လျှပ်စစ် ဓာတ်အား ၁၆၀၀ မဂ္ဂါဝပ်ကို အများဆုံး ထုတ်လုပ်ပေးနိုင်မည် ဖြစ်သည်။
နိုင်ငံအတွင်း လိုအပ်လျက် ရှိသော လျှပ်စစ်ဓာတ်အား ၁၄ ရာခိုင်နှုန်းကို ထောက်ပံ့ပေး နိုင်မည်ဖြစ်သည်။ နောက်ဆုံးပေါ် ဘေးအန္တရာယ်ကင်းရေး ဆောင် ရွက်ချက်များကို လုပ်ဆောင် ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
အဆိုပါ စက်ရုံကို ၂၀၀၅ ခုနှစ် က စတင်တည်ဆောက်ခဲ့သည်။ သို့သော်လည်း အဓိကအစိတ် အပိုင်းများနှင့် ပတ်သက်ပြီး ပြဿနာအနည်းငယ် ကျန်သေး သည်ဟုဆိုသည်။ စက်ရုံကုန်ကျ စရိတ်မှာ ယူရို ၁၁ ဘီလီယံကျော် ကုန်ကျမည်ဟု ပြည်တွင်းမီဒီယာ များက ဖော်ပြသည်။
အင်န်အိတ်ချ်ကေ