
ဂျကာတာ မတ် ၁၁
အင်ဒိုနီးရှားနိုင်ငံအနောက်ပိုင်း နက်တူနာဒေသ၌ မြေပြိုမှုကြောင့်သေဆုံးသူဦးရေမှာ ၃၆ ဦးအထိရှိ လာသည်ဟု သဘာဝဘေးစီမံခန့်ခွဲမှုအေဂျင်စီမှ ပြောရေးဆိုခွင့်ရှိသူ အဗ္ဗဒူမူဟာရီကပြောသည်။ မြေပြိုမှု ဖြစ်ပွားရာနေရာမှ အလောင်း ၃၆လောင်းကို တွေ့ရှိခဲ့ကြောင်းနှင့် ၁၈ ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း မူဟာရီက ကြေညာချက်ထုတ်ပြန်ခဲ့သည်။ မိုးအဆက်မပြတ်ရွာသွန်းမှုဖြစ်ပွားခဲ့ပြီး မတ် ၆ ရက် မွန်းလွဲပိုင်း တွင် မြေပြိုမှုဖြစ်ပွားခဲ့သည်။ ကျေးရွာသုံးရွာ မြေကြီးအောက်ရောက်ခဲ့ရပြီး လူပေါင်းထောင်နှင့်ချီ၍ ယာယီ တဲများတွင် နေထိုင်နေရသည်။ အင်ဒိုနီးရှားနိုင်ငံသည်မိုးရာသီတွင် ရေကြီးမြေပြိုမှုအစရှိသော သဘာဝဘေး အန္တရာယ်များနှင့် ရင်ဆိုင်ရလေ့ရှိသည်။
ဆင်ဟွာ