
လော့စ်အိန်ဂျလိစ် မတ် ၁၁
နာဆာ၏ စပေ့ဖ်အိတ်စ် ခရူး-၅ မစ်ရှင်သည် နိုင်ငံတကာအာကာသစခန်း (အိုင်အက်စ်အက်စ်) ချိတ်ဆက်မှုမှ ခွဲထွက်ကာ မတ် ၁၁ ရက်တွင် ကမ္ဘာ မြေသို့ ပြန်လည်ဆင်းသက်မည်ဖြစ်ကြောင်း နာဆာ ၏ ထုတ်ပြန်ချက်အရ သိရသည်။
စပေ့ဖ်အိတ်စ်ဒရက်ဂွန်အာကာသယာဉ်သည် မတ် ၁၁ ရက် အရှေ့ပိုင်းစံတော်ချိန် နံနက် ၂ နာရီ ၅ မိနစ်တွင် အိုင်အက်စ်အက်စ်မှ ခွဲထွက်ကာ ကမ္ဘာ မြေသို့ ပြန်လည်ဆင်းသက်လာမည်ဖြစ်သည်။
အဆိုပါ အာကာသယာဉ်သည် အတ္တလန္တိတ် သမုဒ္ဒရာ သို့မဟုတ် ဖလော်ရီဒါကမ်းလွန် မက္ကဆီကို ပင်လယ်ကွေ့သို့ မတ် ၁၁ ရက် ည ၉ နာရီ ၂ မိနစ် တွင် ဆင်းသက်ရန် စီစဉ်ထားကြောင်း နာဆာက ထုတ်ပြန်ထားသည်။
ထို့ကြောင့် နာဆာအာကာသယာဉ်မှူးများဖြစ် သည့် ဂျို့စ်ကက်စ်ဆာဒါနှင့် နီကိုးမန်း၊ ဂျပန် အာကာသ စူးစမ်းလေ့လာရေးအေဂျင်စီ အာကာသ ယာဉ်မှူး ကိုချိဝါကာတာနှင့် ရို့စ်ကို့စ်မို့စ် အာကာသ ယာဉ်မှူး အန်နာ ကီနီကာတို့၏ ခြောက်လနီးပါးကြာ သိပ္ပံဆိုင်ရာမစ်ရှင်ကို အဆုံးသတ်သွားမည်ဖြစ် သည်။
ဆင်ဟွာ