ပြင်သစ်နှင့် ဗြိတိန်ခေါင်းဆောင်များ ငါးနှစ်အတွင်း ပထမဆုံးအကြိမ် ထိပ်သီးဆွေးနွေးပွဲကျင်းပ 

 

လန်ဒန်   မတ်   ၁၁


ပြင်သစ်နှင့် ဗြိတိန်မှ ခေါင်းဆောင်များသည် ငါးနှစ် တာကာလအတွင်း ၎င်းတို့၏ ပထမဦးဆုံး ထိပ်သီး အစည်းအဝေးကို ကျင်းပခဲ့သည်။  ယခုကဲ့သို့ ပြန်လည် တွေ့ဆုံမှုကို ကြိုဆိုခဲ့ကြပြီး လုံခြုံရေးနှင့်ရွှေ့ပြောင်း နေထိုင်မှုဆိုင်ရာပြဿနာများကို ကိုင်တွယ်ဖြေရှင်း ရန် ကတိပြုခဲ့ကြသည်။  ဗြိတိန်ဝန်ကြီးချုပ် ရစ်ရှီ ဆူနက်နှင့် ပြင်သစ်သမ္မတ အီမန်နျူရယ်မက်ခရွန် တို့သည်  မတ် ၁၀ ရက်ကပြင်သစ်နိုင်ငံ ပါရီမြို့၌ တွေ့ဆုံခဲ့ကြသည်။ 

 


ဝန်ကြီးချုပ်ဆူနက်မတိုင်မီက          တာဝန် ထမ်းဆောင်ခဲ့သူများသည် ဗြိတိန်ကို ဥရောပသမဂ္ဂမှ  ခွဲခွာရန်  လမ်းကြောင်းပေါ်တင်ခဲ့ကြသည်။ ငါးဖမ်းမှု ဆိုင်ရာ အခွင့်အရေးများ၊ ကိုဗစ် -၁၉ကာကွယ်ဆေးနှင့် အခြားသောပြဿနာရပ်များကို ဆွေးနွေးရာတွင် ပူးပေါင်းဆောင်ရွက်မှုများကို  ခေါင်းဆောင်နှစ်ဦး စလုံးက အသိအမှတ်ပြုခဲ့ကြသည်။ ဥရောပမိတ်ဖက် များနှင့် ရင်းနှီးစွာပူးပေါင်း ဆောင်ရွက်လိုကြောင်း၊  ယင်းသို့ဆောင်ရွက်ရာတွင် အနီးဆုံးအိမ်နီးချင်းဖြစ် သည့်        ပြင်သစ်နိုင်ငံမှစတင်လိုသည်ဟု       ဗြိတိန် ဝန်ကြီးချုပ်က ပြောသည်။

 


အင်္ဂလန်ရေလက်ကြားကို ဖြတ်ကာ ရွှေ့ပြောင်း နေထိုင်သူများ အလုံးအရင်းလိုက်ဝင်ရောက်လာ ခြင်းကို ရပ်တန့်ရန်လည်း လုပ်ဆောင်သွားမည်ဟု ၎င်းက   ပြောသည်။      ရွှေ့ပြောင်းနေထိုင်သူများ အလုံးအရင်းလိုက် ဝင်ရောက်လာခြင်းကို ရပ်တန့် ရန် ကြိုးပမ်းခြင်းမှာ ဆူနက်ဝန်ကြီးချုပ်ဖြစ်လာသည့်အချိန်မှစတင်၍ အလေးအနက်ထားလုပ်ဆောင်ခဲ့ ခြင်းလည်း ဖြစ်သည်။
ထိန်းသိမ်းရေးစခန်းများ       ပြင်သစ်တွင် တည်ဆောက်ရန်  ယူရို  သန်း ၅၀၀  ကျော်ပေးရန် သဘောတူခဲ့ပြီး           ပြင်သစ်လုံခြုံရေးအရာရှိများ ကင်းလှည့်ရန်အတွက်    ရန်ပုံငွေများပေးအပ်ရန် သဘောတူခဲ့သည်။                    

အင်န်အိတ်ချ်ကေ