
နေပြည်တော် ဇန်နဝါရီ ၂၈
တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းမြှင့်တင်ရန် ရည်ရွယ် ၍ တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ (၂၀၂၁) အောင်မြင်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီတွင် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကိုဗစ်-၁၉ တားဆီးကာကွယ်ရေး၊ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ကျင်းပသည်။ (ယာပုံ)
အစည်းအဝေးသို့ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်၊ ဒုတိယဝန်ကြီး ဦးလှမော်ဦး၊ အမြဲတမ်းအတွင်းဝန် ဒေါက်တာ အယ်လ်တူးမိန်းဂေါင်၊ သက်ဆိုင်ရာ ဝန်ကြီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိ သူများ တက်ရောက်ခဲ့ကြပြီး ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ ဦးစီးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ချင်းပြည် နယ် အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး များ၊ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းမှ ဒုတိယ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်တို့က အွန်လိုင်းစနစ် ဖြင့် တက်ရောက်သည်။
အများပြည်သူ ကြည့်ရှုနိုင်ရန်
ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်က ပထမအကြိမ် “သွေးချင်းတို့ရဲ့ပွဲတော်ဆီ” ကို ၂၀၁၉ ခုနှစ်နှင့် ၂၀၂၀ ပြည့်နှစ်၌ ရန်ကုန်မြို့ ကျိုက္ကဆံ အားကစားကွင်းတွင် တိုင်းရင်းသားများ စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပါကြောင်း၊ ယခု ၂၀၂၁ ခုနှစ် တတိယအကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီပွဲတော်ကို ကိုဗစ်-၁၉ ကြောင့် ကျင်းပခြင်း မပြု လုပ်ဘဲ MRTV၊ တိုင်းရင်းသား လူမျိုး များရုပ်သံလိုင်း (NRC)၊ Web portal၊ Webiner (Web program)၊ Face-book platform တို့မှ Virtual Reality နည်းပညာဖြင့် ကျင်းပမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီး ဌာန၏ ကိုဗစ်-၁၉ ညွှန်ကြားချက်များ နှင့်အညီ ကျင်းပနိုင်ရန် ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း၊ “သွေးချင်းတို့ ရဲ့ ပွဲတော်ဆီ” ပွဲတော်ကို အများ ပြည်သူများ စိတ်ဝင်တစား ကြည့်ရှုနိုင် ရန်အတွက် အကြိုထုတ်လွှင့်မှုကို ဆောင်ရွက်လျက်ရှိပြီး ရုပ်မြင်သံကြား အစီအစဉ်ကို ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၂ ရက် သောကြာနေ့တွင် စတင်ထုတ် လွှင့်သွားမည်ဖြစ်ကာ ဖွင့်ပွဲအခမ်း အနားကို ဖေဖော်ဝါရီ ၂၆ ရက်တွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို မတ် ၁၂ ရက်တွင်လည်းကောင်း ကျင်းပ ဆောင်ရွက်သွားမည်ဖြစ်ပါ ကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ၂၀၂၁ ပွဲတော်အတွက် ပြပွဲများကို အဓိကအားဖြင့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ဒေသ(၆)ခု စုစုပေါင်း (၁၄)ခုကို အခြေခံ၍ စီစဉ် ဆောင်ရွက်ထားခြင်းဖြစ်ပါကြောင်း။
ထို့ကြောင့် ချင်းပြည်နယ် အစိုးရ အဖွဲ့၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသဦးစီးအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ်များရှိ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးများအနေဖြင့် မိမိတို့ တိုင်းရင်းသားများအလိုက် ပြပွဲများ၊ ဗီဒီယို Clip များ၊ ဒေသဆိုင်ရာ အကြောင်းအရာများ ပြသနိုင်ရန် အတွက် လိုအပ်သော ထောက်ပံ့မှုများ ကို မြန်မာနိုင်ငံတိုင်းရင်းသား လုပ်ငန်း ရှင်များအသင်းနှင့် ချိတ်ဆက်၍ လည်းကောင်း၊ မိမိတို့တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ နှင့် ညှိနှိုင်း၍လည်းကောင်း ကူညီပံ့ပိုး မှုများ ဆောင်ရွက်ပေးစေလိုပါ ကြောင်း၊ မိမိတို့တိုင်းရင်းသားများအား ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့် အညီ ပါဝင်လာစေရေး ဆောင်ရွက်ပေး စေလိုပါကြောင်း။
တိုင်းရင်းသားများ၏ အကျိုးစီးပွား
ယခုကာလသည် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကို တစ်ကမ္ဘာလုံး ရင်ဆိုင်နေရသည့် ကာလဖြစ်သည့် အတွက် မြေပြင်တွင် ကျင်းပခြင်းမပြု ဘဲ ရုပ်သံများဖြင့် ကျင်းပရခြင်း ဖြစ်ပါကြောင်း၊ ရုပ်သံများဖြင့် ကျင်းပ ရသည့်အတွက် ရိုက်ကူးရေး ဆောင်ရွက်ရမည့် ကိစ္စရပ်များ၊ Video Clip များကို အချိန်မီ ပေးပို့ဆောင်ရွက် ရန် လိုအပ်ပါကြောင်း၊ ရိုက်ကူးရေးများ တိုက်ရိုက်ထုတ်လွှင့်မှု (Live) ဆောင် ရွက်ရာတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန် ချက်များကို အထူးဂရုပြု ဆောင်ရွက်ရ မည်ဖြစ်ပါကြောင်း၊ လူစုလူဝေးမဖြစ် ပေါ်စေရေး၊ ကူးစက်ရောဂါ ဖြစ်ပွားမှု မရှိစေရေး အလေးထားဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ဆောင်ရွက်ရ မည့် အစီအစဉ် များပြားသည့်အတွက် ကြိုတင်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ရှိသကဲ့သို့ ပွဲတော်ရက်အတွင်း အချိန် နှင့်တစ်ပြေးညီ ဆောင်ရွက်ရမည့် ကိစ္စရပ်များလည်း ရှိလာမည်ဖြစ်ပါ ကြောင်း၊ သက်ဆိုင်ရာဝန်ကြီးဌာန များ၊ တိုင်းရင်းသားလုပ်ငန်းရှင်များ၊ တိုင်းရင်းသား အသင်းအဖွဲ့များနှင့် အချင်းချင်းချိတ်ဆက်၍ ဆောင်ရွက် ပေးကြပါရန်၊ လုပ်ငန်းအောင်မြင်ပြီးမြောက်စေရန်နှင့် တိုင်းရင်းသားများ အတွက် အားလုံးပူးပေါင်း ဆောင်ရွက် ပေးကြစေလိုပါကြောင်း၊ တိုင်းရင်း သား ဒေသ၏ ရိုးရာယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်းများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက် ခြင်းသည် ကောင်းမွန်သည့် ရည်ရွယ် ချက်ဖြစ်သည့်အတွက် တိုင်းရင်းသား များ၏ အကျိုးစီးပွား၊ လူမှုဘဝဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းများ၊ တိုင်းရင်း သားဒေသ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုး တက်ရေး၊ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးရေး၊ ဒေသထွက်ကုန်များ ပိုမိုမြှင့်တင်နိုင် ရေး စသည်များကို အထောက်အကူ ဖြစ်စေရန် ဝိုင်းဝန်းဆွေးနွေးပေး ကြစေလိုပါကြောင်း၊ ယခင်က ပြည်ထောင်စုနေ့ကို ပြည်ထောင်စုပွဲ တော်အဖြစ် ရန်ကုန်မြို့ရှိ ကျိုက္ကဆံ ကွင်းတွင် ဆိုင်ခန်း၊ ပြခန်းများ ဖွင့်လှစ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သော်လည်း ပြည်ထောင်စု ပွဲတော်အား မကျင်းပနိုင်တော့သည် မှာ နှစ်ပေါင်း (၃၀) ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါကြောင်း၊ ပြည်ထောင်စု ထာဝရ ငြိမ်းချမ်းရေးနှင့် တိုင်းရင်းသားဖွံ့ဖြိုး တိုးတက်ရေးသည် ဆက်နွှယ်အကျိုး ပြုနေပါကြောင်း၊ ယခုအခါ တိုင်းရင်း သားလုပ်ငန်းရှင်များ စုပေါင်းကာ ယခုပွဲတော်ကို တိုင်းရင်းသားဒေသ များ ဖွံ့ဖြိုးတိုးတက်ရေးတို့ကို ရည်ရွယ် ၍ Virtual စနစ်ဖြင့် ကျင်းပခြင်းဖြစ်ပါ ကြောင်း၊ မြေပြင်တွင် မကျင်းပနိုင် သောအခြေအနေတွင် တိုင်းရင်းသား အားလုံး ပြည်ထောင်စုစိတ်ဓာတ်ဖြင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အားလုံးစုပေါင်း၍ ကြိုးစားကြစေလို ပါကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး နိုင်သက်လွင်က တတိယ အကြိမ် သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော် အောင်မြင်စွာ ကျင်းပနိုင်ရေး အတွက် ထောက်ပံ့ငွေကျပ် သိန်း ၅၀၀ ကို ပေးအပ်ရာ ပွဲတော်ကျင်းပ ရေး ဦးစီးကော်မတီ အတွင်းရေးမှူး ညွှန်ကြားရေးမှူးချုပ် ဦးဝင်းနိုင်က လက်ခံရယူသည်။
ယင်းနောက် ဒုတိယဝန်ကြီး ဦးလှမော်ဦးက မြန်မာနိုင်ငံ တိုင်းရင်း သားလုပ်ငန်းရှင်များအသင်းအနေဖြင့် ပွဲတော်ဖြစ်မြောက်ရေး သက်ဆိုင်ရာ ဝန်ကြီးဌာန အဖွဲ့အစည်းများနှင့် ညှိနှိုင်း ဆောင်ရွက်လျက်ရှိသည်ကို သိရှိရပါကြောင်း၊ သွေးချင်းတို့ရဲ့ ပွဲတော်ဆီ ပွဲတော်ကျင်းပခြင်းဖြင့် တိုင်းရင်းသားများ၏ စည်းလုံး ညီညွတ်မှုနှင့် ရင်းနှီးချစ်ကြည်မှုကို ရရှိစေမည်ဖြစ်ပါကြောင်း ပြောကြား သည်။
ပြသမည့်အစီအစဉ်များရှင်းလင်း
ထို့နောက် ပြန်ကြားရေးဝန်ကြီး ဌာန မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမျိုး မြင့်အောင်က သွေးချင်းတို့ရဲ့ပွဲတော်ဆီ ပွဲတော် ကျင်းပရေးစီမံချက်၊ မြန်မာ့ အသံနှင့် ရုပ်မြင်သံကြားနှင့် တိုင်းရင်း သားလူမျိုးများရုပ်သံလိုင်း (NRC)တို့ တွင် ပြသမည့်အစီအစဉ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ မြန်မာနိုင်ငံ တိုင်းရင်းသား လုပ်ငန်းရှင်များအသင်း မှ တွဲဖက်အထွေထွေအတွင်းရေးမှူး ဒေါက်တာအောင်ရဲဇော်က “သွေးချင်း တို့ရဲ့ပွဲတော်ဆီ ၂၀၂၁” ပွဲတော်နှင့် စပ်လျဉ်း၍ ဆောင်ရွက်ထားရှိမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယဝန်ကြီး၊ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် များမှ တိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရတိုင်း/ ဒေသဦးစီးအဖွဲ့မှ တာဝန်ရှိသူ များ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ဒုတိယ ညွှန်ကြားရေး မှူးချုပ်များနှင့် မြန်မာနိုင်ငံတိုင်းရင်းသားလုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများက အထွေထွေ ဆွေးနွေး တင်ပြကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြား သည်။
သတင်းစဉ်