အရည်အသွေးရှေးရှု ကျန်းမာရေးစောင့်ရှောက်မှု

Type

 

ဒေါက်တာပြည့်ထူး (FDA)

 

လူတိုင်း သက်တမ်းစေ့ အသက်ရှည်စွာနေနိုင်ရေးနှင့် ပြည်သူလူထု၏    မျှော်မှန်းသက်တမ်း   တိုးတက် မြင့်မားလာစေရေးအတွက်  အခြေခံကျန်းမာ‌ရေးစောင့်ရှောက်မှုများ တိုးမြှင့်‌ဆောင်ရွက်ပေးခြင်းကို ကမ္ဘာ့နိုင်ငံများအားလုံးက   အင်တိုက်အားတိုက် နှင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။  ထိုနည်းတူ ပြည်သူလူထု၏        ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားစေရေးအတွက် အထောက်အကူ ဖြစ်စေမည့်  သုတေသနလုပ်ငန်းများကို စဉ်ဆက် မပြတ် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြသည်။ 


ကူးစက်ရောဂါများနှင့် ကပ်ရောဂါဖြစ်ပွား


ခေတ်မီဖွံ့ဖြိုးတိုးတက်သော      နိုင်ငံတစ်ခု တည်ဆောက်ရာတွင်  တစ်မျိုးသားလုံး ကျန်းမာ ကြံ့ခိုင်မှသာလျှင် ထိ‌ရောက်သည့် တိုးတက်မှုရလဒ် များကို     ရရှိနိုင်မည်ဖြစ်ပြီး    အဓိကကျသော စွမ်းအားစုကြီးဖြစ်သည့် ကျန်းမာကြံ့ခိုင်သော နိုင်ငံ သားများဖြစ်ပေါ်လာရေးအတွက်  နိုင်ငံတစ်နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုစနစ်သည် လွန်စွာပင် အရေးကြီးလှသည်။    ယနေ့   ကမ္ဘာတစ်ဝန်းတွင် ဗိုင်းရပ်စ်ပိုးအမျိုးမျိုးနှင့် ကိုဗစ်-၁၉ နှင့် သွေးလွန် တုပ်ကွေးရောဂါတို့၏   မျိုးရိုးဗီဇပြောင်းလဲခြင်း တို့ကြောင့်    ပြင်းထန်သော   ကူးစက်ရောဂါများ နှင့်  ကပ်ရောဂါဖြစ်ပွားမှုကို   ရင်ဆိုင်နေရလျက် ရှိသည်။ 


ခေတ်နှင့်အညီ တိုးတက်ပြောင်းလဲလာနေသော ကမ္ဘာကြီးအနေနှင့် စီးပွားရေးနှင့် လူမှုရေး မညီမျှမှု များ တိုးပွားလာခြင်း၊ မြို့ပြအလျင်အမြန်ဖွံ့ဖြိုးလာခြင်း၊ ရာသီဥတုနှင့် ပတ်ဝန်းကျင်ကို ခြိမ်းခြောက်မှု များ၊ အိပ်ခ်ျအိုင်ဗွီနှင့် အခြားကူးစက်ရောဂါများ၏ ဝန်ထုပ်ဝန်ပိုးများနှင့်  သွေးတိုးနှင့်ဆီးချိုတို့ကဲ့သို့သော မကူးစက်သည့်ရောဂါများ ဖြစ်ပွားမှုမြင့်မား လာခြင်း စသည်တို့ကိုလည်း ရင်ဆိုင်ဖြေရှင်းနေရ သည်။ ကျန်းမာရေးကဏ္ဍသည် နိုင်ငံဖွံ့ဖြိုးတိုးတက် ရေးတွင် အခြေခံအကျဆုံး ဖြစ်သည့်အတွက်ကြောင့် နောင်အနာဂတ်ကာလတွင်  တိုးတက်ပြောင်းလဲ လာမည့် လူမှုစီးပွားနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အခြေ အနေများကို ကြိုတင်တွက်ဆကာ ရှိရင်းစွဲအရင်း အမြစ်များကို အခြေခံ၍ မိမိတို့နိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှုစနစ်ကို  အရည်အသွေးပြည့်ဝစွာ ဖြင့်  လိုက်လျောညီထွေ  ဖွံ့ဖြိုးတိုးတက်နေစေရန် လိုအပ်လျက်ရှိသည်။


ကျန်းမာရေးစောင့်ရှောက်မှု     အရည်အသွေး ဆိုသည်မှာ လူတစ်ဦးချင်းစီကိုသော် လည်းကောင်း၊ ပြည်သူများအားလုံးကိုသော်လည်းကောင်း ပေးအပ် သည့် ကျန်းမာရေးဝန်ဆောင်မှုများသည် မိမိတို့ဆန္ဒ ရှိသည့်   ကျန်းမာရေးရလဒ်များဖြင့်   လူနေမှုဘဝ မြင့်တက်လာစေသည့် တိုင်းတာချက်ကို ခေါ်ဆိုခြင်း ဖြစ်သည်။ အရည်အသွေးပြည့်ဝသည့် ကျန်းမာရေး စောင့်ရှောက်မှုသည် အထောက်အထား  အခြေပြု ပညာရပ်ဆိုင်ရာ အသိပညာ (Evidence-based Professional Knowledge) အပေါ်   အခြေခံကာ အားလုံးလွှမ်းခြုံနိုင်သည့် ကျန်းမာရေး (Universal Health Coverage)စနစ်ကို ရရှိလာစေရန်အတွက် အရေးပါသည့် အချက်တစ်ချက်လည်း ဖြစ်သည်။ နိုင်ငံတိုင်းသည်  စဉ်ဆက်မပြတ်  ဖွံ့ဖြိုးမှုပန်းတိုင် (၃) ဖြစ်သည့်   ကောင်းမွန်သော   ကျန်းမာရေး စောင့်ရှောက်မှုရရှိရေးကို အကောင်အထည်ဖော် လျက်ရှိရာ နိုင်ငံများအားလုံးအနေဖြင့် ကျန်းမာရေး စောင့်ရှောက်မှု  (Health Care)  နှင့်    ကျန်းမာရေး ဝန်ဆောင်မှု (Health Services) များ၏ အရည် အသွေးကို ဂရုတစိုက်ထည့်သွင်းစဉ်းစားရန် အထူး လိုအပ်ပါသည်။ 


နိုင်ငံသားတိုင်း သက်တမ်းအပြည့်ရှိစေရန်


နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် “နိုင်ငံ၏  အခြေခံကျန်းမာရေးစောင့်ရှောက်မှုကို ပိုမိုခိုင်မာအောင်  တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာရေးစနစ်ဖြစ်ပေါ် လာရေး” ဆိုသည့်အချက်ကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီ ဦးတည်ချက် (၁၂)ရပ်အနက် လူမှုရေး ဦးတည်ချက်တွင်  ထည့်သွင်းချမှတ်ထားပြီး  ဖြစ် သည်။ တစ်နည်းအားဖြင့် အရည်အသွေးကောင်းမွန် သည့် ကျန်းမာရေးစောင့်ရှောက်မှုများ တိုးတက် ဖြစ်ပွားလာစေရေးကို      အဓိက     အလေးထား ဆောင်ရွက်ရန် ဦးတည်ထားခြင်းဖြစ်သည်။ လက်ရှိ တွင် မြန်မာနိုင်ငံ၏ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံသားတိုင်း    သက်တမ်းအပြည့်    ရှိစေရန်နှင့် သက်ရှည်ကျန်းမာစွာနှင့် နိုင်ငံသားတိုင်း ရောဂါ ဘယကင်းဝေးစေရေးဟူသည့် ရည်ရွယ်ချက်(၂)ခု ကို ချမှတ်ထားသည်ဖြစ်ရာ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် ပြည်သူတစ်ရပ်လုံးအတွက် အရည်အသွေး ပြည့်ဝသော၊ မရှိမဖြစ်လိုအပ်သည့် ပြည်သူ့ကျန်းမာ ရေး စောင့်ရှောက်မှုလုပ်ငန်းများကို လူမျိုးဘာသာ မရွေး၊  အသက်အရွယ်၊  ကျားမ မရွေး၊  မြို့ပြနှင့် ကျေးလက်ဒေသများရှိ ပြည်သူတိုင်း လက်လှမ်းမီ လွယ်လင့်တကူရရှိစေရေးအတွက် ဆောင်ရွက်ပေး လျက်ရှိပါသည်။ 


ထိုသို့   ကျန်းမာရေးစနစ်အဆင့်ဆင့်ကို    ပိုမို အားဖြည့် ဆောင်ရွက်ကြရာတွင် ကျန်းမာရေးစနစ် ၏  အခြေခံအုတ်မြစ်  (၆)ခုအနက်  (၁)ခုဖြစ်သည့် ကျန်းမာရေးပညာရှင်များ၏      စွမ်းဆောင်ရည် မြင့်မားမှုအတွက် ၂၀၂၃ ခုနှစ်၊ မတ်လ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ “အရည်အသွေးရှေးရှု ကျန်းမာရေး စောင့်ရှောက်မှု” ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံကျန်းမာ ရေး    ပညာရပ်ဆိုင်ရာ    နှီးနှောဖလှယ်ပွဲ   (၂၀၂၃) (Myanmar Health Sciences Conference, MHSC 2023)ကို နေပြည်တော်၌ ကျင်းပသွားမည်ဖြစ်ပါ သည်။ ယင်း နှီးနှောဖလှယ်ပွဲသို့ ပြည်တွင်းပြည်ပရှိ ကျန်းမာရေး နယ်ပယ်အသီးသီးမှ ကျွမ်းကျင်ပညာ ရှင်များ စုဝေးတက်ရောက်ကြမည်ဖြစ်သည်။


ကုသရေးကိစ္စရပ်များ ဖွံ့ဖြိုးတိုးတက်လာစေရန်


အဆိုပါ    နှီးနှောဖလှယ်ပွဲကို   နေပြည်တော်၊ တိုင်းဒေသကြီး၊     ပြည်နယ်များရှိ     ကျန်းမာရေး နယ်ပယ်အသီးသီးမှ ပညာရှင်များ ချစ်ကြည်ရင်းနှီးမှု ရရှိစေရန်နှင့်    အပြန်အလှန်ပေါင်းစပ်    ညှိနှိုင်း သင်ကြားရေးနှင့်    ကုသရေးကိစ္စရပ်များ    ဖွံ့ဖြိုး တိုးတက်လာစေရန်၊ ကျန်းမာရေးကဏ္ဍ နယ်ပယ်စုံ မှ ပညာရှင်များ ပါဝင်ဆင်နွှဲစေခြင်းဖြင့် ခေတ်မီဆေး ပညာရပ်များ ဖွံ့ဖြိုးတိုးတက်နေမှုများနှင့် ပတ်သက် ၍ သိရှိနားလည်နိုင်စေရန်၊ ဆေးနှင့်ဆေးနှီးနွှယ် ပညာရှင်များအနေဖြင့် တိုးတက်ပြောင်းလဲနေသော ဆေးပညာရပ်များအား   စဉ်ဆက်မပြတ်  လေ့လာ ဆည်းပူးလိုစိတ်များ ဖြစ်ထွန်းစေရန်နှင့် ပြည်သူ လူထုအား အရည်အသွေးပြည့်ဝသော ကျန်းမာရေး စောင့်ရှောက်မှုများပေးရာတွင် အထောက်အကူပြု နိုင်စေရန်စသည့်  ရည်ရွယ်ချက်များဖြင့်  ကျင်းပ ခြင်း ဖြစ်သည်။ 


ယင်း နှီးနှောဖလှယ်ပွဲ မကျင်းပမီ အကြိုလှုပ်ရှား မှုများနှင့် အလုပ်ရုံဆွေးနွေးပွဲများ၊ အခြေခံ အသက် အထောက်အကူပြုသင်တန်း၊    USG    သင်တန်း၊ အခြေခံဓာတ်ခွဲနည်းသင်တန်း၊ ရောဂါဗေဒ- ဓာတ်ခွဲ ခန်း ရောဂါရှာဖွေရေး၊ ကျောင်းကျန်းမာရေးအခြေပြု အမြင်စစ်ဆေးမှု၊  ရပ်ရွာအခြေပြု မျက်စိအတွင်း တိမ်ခွဲစိတ်မှု၊ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲ ခွဲစိတ်ကုသ ခြင်း၊ သက်ကြီးဆရာဝန်များအား ကျန်းမာရေးအခမဲ့ စစ်ဆေးပေးခြင်း စသည်တို့ကို ဆောင်ရွက်လျက်ရှိ သည်။ ထို့အပြင် နှီးနှောဖလှယ်ပွဲ၌  မတူညီသော ဆေးဘက်ဆိုင်ရာ    အသင်းအဖွဲ့များနှင့်   ဆေးရုံ လှုပ်ရှားမှုများအလိုက် ခင်းကျင်းပြသခြင်း၊ စာတမ်း ဖတ်ပွဲနှင့် အထူးဟောပြောပွဲများ ပြုလုပ်သွားမည် ဖြစ်သည်။


ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုခိုင်မာရန်


သို့ဖြစ်ရာ မတ်လ ၁၁ ရက်နှင့် ၁၂ ရက်နေ့တို့ တွင် ကျင်းပမည့် မြန်မာနိုင်ငံ ကျန်းမာရေးပညာရပ် ဆိုင်ရာ နှီးနှောဖလှယ်ပွဲ (၂၀၂၃) တွင် ဆေးနှင့် ကျန်းမာရေးသိပ္ပံဆိုင်ရာ နယ်ပယ်ပေါင်းစုံမှတတ်သိ ကျွမ်းကျင်ပညာရှင်များ၏ အသိပညာမျှဝေမှုများနှင့် အပြန်အလှန်ဆွေးနွေးမှုများမှ  ရရှိလာမည့်ရလဒ် များသည် နိုင်ငံ၏ အခြေခံကျန်းမာရေးစောင့်ရှောက် မှုကို     ပိုမိုခိုင်မာလာစေရန်    တည်ဆောက်၍ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာသည့် ကျန်းမာ ရေးစနစ်ဖြစ်ပေါ်လာရေးအတွက် အထောက်အကူ ဖြစ်စေမည် ဖြစ်ပါသည်။ 


ထို့အပြင် နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု အဆင့်အတန်း    တိုးတက်မြင့်မားလာစေရေးနှင့် ပြည်သူတစ်ရပ်လုံး သက်တမ်းစေ့ အသက်ရှည်စွာ နေထိုင်နိုင်ရေး၊ ရောဂါဘယ ကင်း‌ဝေးစေရေးအတွက် ဦးတည်ချက်ထားပြီး ကျန်းမာရေးဝန်ကြီးဌာန၏ နေ့ညမပြတ်     ကြိုးပမ်းဆောင်ရွက်မှုများအပေါ် ဤ    “မြန်မာနိုင်ငံ    ကျန်းမာရေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ”   က    ၎င်းရည်ရွယ်ချက်များကို အောင်မြင်စေရန်  ကြီးမားသည့် အထောက်အပံ့ ကောင်းတစ်ခု ဖြစ်စေမည်ဟု လေးလေးနက်နက် ယုံကြည်မိပါကြောင်း      ရေးသား     တင်ပြအပ်ပါ သည်။