ပါကစ္စတန်အနောက်ပိုင်းတွင် ဓာတ်ငွေ့ပေါက်ကွဲမှုကြောင့် ခြောက်ဦးသေဆုံး၊ လေးဦးဒဏ်ရာရ

 

အစ္စလမ္မာဘတ်  မတ်  ၇ 


ပါကစ္စတန်အနောက်တောင်ပိုင်း ဘလူချီစတန်ပြည်နယ်  မြို့တော် ကွက်တာ၌  ဓာတ်ငွေ့ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာ  လူခြောက်ဦးသေဆုံး ခဲ့ပြီး လေးဦး ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က သတင်း ဖော်ပြခဲ့သည်။ 

 


သတင်းဖော်ပြချက်အရ မတော်တဆမှုသည်  မြို့တော်၏ ဆာကီ ကာလန်ဒေသရှိ အိမ်တစ်အိမ်တွင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ခေါင်မိုး ကျိုးကျရာမှ ဓာတ်ငွေ့ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ နောက်ဆုံးတွင် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ 

 


ကယ်ဆယ်ရေးသမားများသည် အဆိုပါနေရာသို့ အလျင်အမြန် ရောက်ရှိလာခဲ့ပြီး ထိခိုက်ဒဏ်ရာရသူများကို ဆေးရုံသို့ပို့ခဲ့ကြောင်း ကယ်ဆယ်ရေးအဖွဲ့က ပြောသည်။  ကွယ်လွန်သွားသူအားလုံးမှာ မိသားစုတစ်စုတည်းမှဖြစ်ပြီး   ကလေး လေးဦးနှင့်   အမျိုးသမီးနှစ်ဦး ဖြစ်သည်။                                                          

 

အင်န်အိတ်ချ်ကေ