နေမကောင်းဖျားနာမှုများကိုကုသရန် စမတ်ဖုန်းအက်ပလီကေးရှင်းတစ်ခုကို ဂျပန်နိုင်ငံ ခွင့်ပြု

 

တိုကျို   မတ်   ၇ 


နေမကောင်းဖျားနာမှုများကို ကုသသော စမတ်ဖုန်းအက်ပလီကေးရှင်း တစ်ခုသည် ဂျပန်နိုင်ငံတွင် ရေပန်းစားလျက်ရှိသည်။ 
အဆိုပါ အက်ပလီကေးရှင်းကို တိုကျိုအခြေပြု ဆက်စ်မက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး  လူနာများအိပ်ပျော်စေရန်အတွက်  အကူအညီပေး ရန် ရည်ရွယ်တီထွင်ခဲ့ခြင်းဖြစ်သည်။ 


အဆိုပါအက်ပလီကေးရှင်းကို လက်တွေ့စမ်းသပ်မှုများပြုလုပ်ပြီးဖြစ်သည်။ ကျန်းမာရေးဝန်ကြီးဌာနက အဆိုပါ အက်ပလီကေးရှင်းကို ရောင်းချရန် ဖေဖော်ဝါရီလက သဘောတူခဲ့သည်။ 


ဆက်စ်မက် စီအီးအို ယူအီနိုတာရိုက အိပ်မပျော်ခြင်းကို ကုသရန် အက်ပလီကေးရှင်း သို့မဟုတ် ဆေးဝါးတစ်ခုခုကို သင်ရွေးချယ်နိုင် တော့မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 


ဈေးကွက်ရှာဖွေရာတွင်  အဆိုပါကုမ္ပဏီသည်  အဓိကဆေးဝါး ကုမ္ပဏီတစ်ခုနှင့်   ပူးပေါင်းခြင်းဖြင့်   အက်ပလီကေးရှင်းကို  စတင် ကမ်းလှမ်းရန် ရည်ရွယ်ထားသည်။ အလားတူအက်ပလီကေးရှင်းနှစ်ခု ကိုလည်း ကျန်းမာရေးဝန်ကြီးဌာနက ပြည်တွင်းအသုံးပြုရန် ခွင့်ပြု ပေးခဲ့သည်။                                                      

အင်န်အိတ်ချ်ကေ