
တိုကျို မတ် ၇
အီစူဇူးမော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီသည် ဂျပန်နိုင်ငံ၏ ပြိုင်ဆိုင်မှုပြင်းထန်သော ကုန်တင်ကား ကဏ္ဍတွင် နောက်ဆုံးပါဝင်ယှဉ်ပြိုင်လာသည့် ကုမ္ပဏီဖြစ်လာခဲ့သည်။
အီစူဇူးမော်တော်ကား ထုတ်လုပ်ရေးကုမ္ပဏီ သည် လျှပ်စစ်အသုံးပြု Elf ကုန်တင်ကားကို စတင် မိတ်ဆက်လိုက်ပြီဖြစ်သည်။ ၎င်းကားသည် အားတစ်ခါသွင်းလျှင် ကီလိုမီတာ ၁၇၀ အထိ မောင်းနိုင်သည်။
လာမည့် ၂၀၃၀ ပြည့်နှစ်တွင် အသေးစားကုန်တင် ယာဉ်နှင့် အခြားစီးပွားဖြစ်ယာဉ် ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ရောင်းချနိုင်ရန် ဂျပန်အစိုးရက ရည်မှန်းချက်ထား လုပ်ဆောင်လျက်ရှိသည်။
အဆိုပါကားကုမ္ပဏီသည် ပြောင်းလဲမှုများကို လုပ်ဆောင်နေပြီဖြစ်သည်။ မစ်ဆူဘီရှိဖူတိုထရပ် နှင့် ဘတ်စ်တို့သည် ၎င်းတို့၏ အသေးစား အီးဗွီ ထရပ်ကား ပုံစံများကို ယခုနှစ်တွင် အဆင့်မြှင့်တင်ရန် စီစဉ်နေသည်။
ဟီးနိုးကားကုမ္ပဏီကလည်း လွန်ခဲ့သောနှစ်က လျှပ်စစ်ကုန်တင်ကားကို စတင်မိတ်ဆက်ခဲ့သည်။ အဆိုပါကားသည် အားတစ်ခါသွင်းလျှင် ကီလိုမီတာ ၁၅၀ မောင်းနိုင်သည်။
အင်န်အိတ်ချ်ကေ