တုရင်တောင်စွယ်တော်မြတ်စေတီတော်ကြီးကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူ

 

ညောင်ဦး  မတ်  ၄


မန္တလေးတိုင်းဒေသကြီး  ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေတုရင်တောင်တန်းပေါ်တွင်   တည်ရှိသည့်      တုရင်တောင် စွယ်တော်မြတ်   စေတီတော်ကြီးလုံးတော်ပြည့်      ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို  မတ်  ၁  ရက်က  စတင်ကာ ရွှေသင်္ကန်းကပ်လှူပူဇော် လျက်ရှိကြောင်း ညောင်ဦးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးနန်းတင့် ထံမှ သိရသည်။
တုရင်တောင်      တောင်တန်းပေါ်ရှိ       တုရင်တောင်စွယ်တော်မြတ် စေတီတော်ကြီး   ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်းကို  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ     ဦးတိုးလွင်နှင့်     ခရိုင်အဆင့်   ဌာနဆိုင်ရာများ၊   မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့  ဥက္ကဋ္ဌနှင့် မြို့နယ်အဆင့်    ဌာနဆိုင်ရာများ တက်ရောက်ကပ်လှူပူဇော်ခဲ့ကြသည်။

 


တုရင်တောင်စွယ်တော်မြတ်စေတီသည် ပုဂံ-ညောင်ဦးမြို့မှ အရှေ့ တောင်ဘက်ခြောက်မိုင်ခန့်ကွာဝေးပြီး ကျောက်ပန်းတောင်-ညောင်ဦးသွား ကားလမ်းမကြီး၏     တောင်ဘက်နှစ်မိုင်ခန့်အကွာတွင်    တည်ရှိကာ  အရှေ့တောင်ဘက်     သက်စိုးတောင်နှင့် တစ်ဆက်တစ်စပ်တည်း    တည်ရှိသည်။ အဆိုပါစေတီတော်မြတ်ကြီးကို  အနော်ရထာမင်းကြီးသည် စွယ်တော်ပွားကိုတင်ပြီး   အဓိဋ္ဌာန်ဖြင့်      ဆင်ဖြူတော်ပေါ်တင် စေလွှတ်ရာ ဆင်ဖြူတော် ရတနာဝပ်သည့်နေရာတွင်  ခရစ်သက္ကရာဇ် ၄၂၁   ခုနှစ်တွင်    တည်ထားခဲ့ကြောင်း    တုရင်တောင်နှင့်        ကပ်လျက် ကျန်စစ်သားမင်းကြီး တူးဖော်ခဲ့သော မြကန်တည်ရှိသည်။

 


တုရင်တောင်စွယ်တော်မြတ် စေတီတော်ကြီးကို   ရွှေဆိုင်း ၁၄၄၀၉ ပြား   ကပ်လှူပူဇော်မည်ဖြစ်ပြီး မည်သူမဆို ကုသိုလ်ပါဝင် လှူဒါန်းနိုင်ကြောင်း တုရင်တောင်စွယ်တော်မြတ်စေတီ   ဂေါပကအတွင်းရေးမှူး ဦးလှရွှေက ပြောကြားသည်။                          

ဒီပါလင်း