
ဘရာဇီးတိုက်စစ်ကစားသမား ရော်ဘတ်တို ဖာမီနိုသည် ရာသီကုန်၌ လီဗာပူးအသင်း နှင့် ၎င်း၏စာချုပ်သက်တမ်း ကုန်ဆုံးချိန် တွင် အန်းဖီးလ်မှ ထွက်ခွာတော့မည်ဖြစ်ကြောင်း သတင်းများ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ် လာသည်။
အသက် ၃၁ နှစ်အရွယ်ရှိ ဖာမီနိုသည် ၂၀၁၅ ခုနှစ်တွင် ဟော်ဖန်ဟိန်းအသင်းမှ ပေါင် ၂၉ သန်းဖြင့် လီဗာပူးအသင်းသို့ ပြောင်း ရွှေ့ရောက်ရှိလာသူ ဖြစ်သည်။ ၎င်းပြောင်း ရွှေ့ရောက်ရှိလာပြီးနောက် အသင်းအတွက် ပြိုင်ပွဲအရပ်ရပ် ၃၅၃ ပွဲ ပါဝင်ကစားထားကာ ၁၀၇ ဂိုး သွင်းယူပေးထားပြီး ဂိုးဖန်တီးမှု အကြိမ် ၇၀ ပြုလုပ်ထားသည်။
အသင်းနည်းပြ ကလော့ပ်က အန်းဖီးလ် တွင် ဖာမီနိုကို ဆက်လက်ရှိနေစေရေးနှင့် ပတ်သက်ပြီး တစ်နှစ်သက်တမ်းတိုးစာချုပ် ချုပ်ဆိုရန် ဆွေးနွေးခဲ့သော်လည်း ကစား သမားကိုယ်တိုင်က ထွက်ခွာရန် ဆုံးဖြတ်ခဲ့ ခြင်းဖြစ်ကြောင်း ပြောသည်။ ကလော့ပ်နှင့် ဖာမီနိုသည် ၂၀၁၉ - ၂၀၂၀ ရာသီတွင် လီဗာပူး အသင်းကို နှစ် ၃၀ ကြာ ဝေးကွာနေသည့် ပရီမီယာလိဂ်ဖလား ဆွတ်ခူးရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။