
ဂျကာတာ မတ် ၄
အင်ဒိုနီးရှားနိုင်ငံ မြို့တော် ဂျကာတာတွင် မတ် ၄ ရက်က စက်သုံးဆီဆိုင် မီးလောင်မှုဖြစ်ပွား ခဲ့ရာ သေဆုံးသူဦးရေ ၁၇ ဦးအထိ ရှိလာပြီဖြစ်သည်။ ဒဏ်ရာရရှိသူ များပြားပြီး ဒေသခံ ရာပေါင်း များစွာကို ကယ်တင်ခဲ့ရသည်။
မတ် ၃ ရက် ဒေသစံတော်ချိန် ည ၈ နာရီတွင် နိုင်ငံပိုင်စက်သုံးဆီ ကုမ္ပဏီမှ စက်သုံးဆီအရောင်းဆိုင် တစ်ခု မီးလောင်ခဲ့ပြီး ဒေသခံများ နေထိုင်သည့် အခြားနေရာများ ကိုပါ မီးကူးစက်ပျံ့နှံ့ခဲ့သည်။ သေဆုံးသူများထဲတွင် ကလေး နှစ်ဦးပါဝင်ကြောင်း ဒေသတွင်း မီဒီယာများတွင်ဖော်ပြကြသည်။
လူ ၅၀ ခန့်မှာ မီးလောင် ဒဏ်ရာများဖြင့် ဆေးရုံတက်ကာ ကုသမှုခံယူနေရသည်။ မီးတောက် များနှင့် ညှော်နံ့များကြောင့် လူနေ ထူထပ်သည့် ရပ်ကွက်ရှိ ပြည်သူ များကို ကြောက်ရွံ့ထိတ်လန့် စေခဲ့သည်။
အဆိုပါမီးကြောင့် လူပေါင်း ၆၄၀ နီးပါးကို ဘေးလွတ်ရာသို့ ကယ်တင်ပေးခဲ့ရသည်။ မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် ပိုက်လိုင်း ပျက်စီးခဲ့ပြီးနောက် မိုးကြိုးထိမှန်မှုကြောင့် မီးလောင် ရခြင်း ဖြစ်ကောင်းဖြစ်နိုင်ကြောင်း စက်သုံးဆီကုမ္ပဏီမှ တာဝန်ရှိသူ တစ်ဦးက သတင်းထောက်များကို ပြောသည်။
အဆိုပါမီးလောင်မှုကို စုံစမ်း စစ်ဆေးရန် အင်ဒိုနီးရှားအစိုးရ က ညွှန်ကြားထားသည်ဟု သိရ သည်။
အင်န်အိတ်ချ်ကေ