
နယူးဒေလီ မတ် ၄
ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့မှ နိုင်ငံခြားရေးဝန်ကြီးများသည် လုံခြုံရေးနှင့် စီးပွားရေးဆက်ဆံမှုများကို ခိုင်မာ အားကောင်းလာစေရေးနှင့်ပတ်သက်ပြီး သဘောတူခဲ့ကြကြောင်း သိရသည်။
ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဟာယာရှိ ယိုရှီမာဆာ နှင့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး ဆူဘရာ မန်ယမ် ဂျာရှန်ကာတို့သည် မတ် ၃ ရက်က နယူးဒေလီမြို့၌ တစ်နာရီနီးပါးကြာ တွေ့ဆုံဆွေးနွေးခဲ့သည်။ ဂျပန် နှင့် အိန္ဒိယနိုင်ငံတို့အနေဖြင့် ပွင့်လင်းမြင်သာမှုနှင့် မျှတသော ဘဏ္ဍာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးအတွက် နီးကပ်စွာအတူတကွလုပ်ဆောင် သွားမည်ဖြစ်ကြောင်း အတည်ပြုပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ဂျပန်နိုင်ငံခြား ရေးဝန်ကြီး၏ ဂျပန်နိုင်ငံ၏ အမျိုးသားလုံခြုံရေး မဟာဗျူဟာအသစ်နှင့် ပတ်သက်ပြီး ရှင်းလင်း တင်ပြချက်အပေါ် ထောက်ခံခဲ့သည်။ ဂျပန်နိုင်ငံသည် အိန္ဒိယနိုင်ငံနှင့် ပူးတွဲ လေကြောင်းစစ်ရေးလေ့ကျင့်မှု ကို ဇန်နဝါရီလက လက်ခံကျင်းပခဲ့သည်။ အိန္ဒိယ နိုင်ငံနှင့် အဆိုပါလေကြောင်း စစ်ရေးလေ့ကျင့်မှုမှာ ဂျပန်နိုင်ငံ၌ ပထမဆုံးအကြိမ်ဖြစ်သည်။ ထို့အပြင် နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများသည် နှစ်နိုင်ငံ ကြား လုံခြုံရေးနှင့် စီးပွားရေး ထပ်မံအားကောင်း ခိုင်မာအောင် လုပ်ဆောင်ရေးနှင့် ပတ်သက်ပြီး သဘောတူခဲ့ကြသည်။
ထို့အပြင် ယခုနှစ်တွင် နိုင်ငံတကာဖိုရမ်များ တွင်လည်း အိမ်ရှင်နိုင်ငံများအဖြစ် အတူတကွပူးတွဲ လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း ကတိပြု ခဲ့ကြသည်။ ဂျပန်နိုင်ငံသည် ဂျီ-၇ အဖွဲ့ဝင် နိုင်ငံ ဖြစ်ပြီး အိန္ဒိယနိုင်ငံက ဂျီ-၂၀ အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။
အင်န်အိတ်ချ်ကေ