မလေးရှားနိုင်ငံ၌ ရေကြီးမှုကြောင့် သုံးဦးသေဆုံးပြီး လူပေါင်း ၄၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်

 

ကွာလာလမ်ပူ   မတ်   ၄


မလေးရှားနိုင်ငံ ဂျိုဟာပြည်နယ် တွင် ရေကြီးမှုကြောင့် မတ် ၄ ရက် အထိ  လူပေါင်း  ၄၀၀၀၀ ကျော် နေရပ်စွန့်ခွာခဲ့ရပြီး       လူသုံးဦး သေဆုံးခဲ့ရသည်ဟု    အစိုးရ၏ ထုတ်ပြန်ချက်များအရ     သိရသည်။  

 

 
ဂျိုဟာပြည်နယ် တစ်ခုတည်း မှ    လူပေါင်း     ၃၇၀၀၀   ကျော်ကို ကယ်တင်ခဲ့ရပြီး ၎င်းတို့မှာရေဘေး ကယ်ဆယ်ရေး    စခန်းများတွင် နေထိုင်နေရသည်။  နမ်ဂရီ ဆမ်ဘီ လန်၊ ပါဟန်၊ မလက်ကာ ပြည်နယ် တို့တွင်လည်း ရေဘေးဒုက္ခသည် များကို     ကယ်တင်ခဲ့ရကြောင်း   လူမှုဖူလုံရေးဌာန၏   ထုတ်ပြန် ချက်များအရ   သိရသည်။   မတ် ၁ ရက်တွင် ဂျိုဟာပြည်နယ်တွင်   ရေကြီးမှုကြောင့်     နောက်ထပ် နှစ်ဦး   သေဆုံးခဲ့သည်။  ရေဘေး ဒုက္ခခံစားနေရသည့် နေရာများသို့   သွားရောက်ပြီးနောက်   ရဟတ် ယာဉ်နှင့် အသက်ကယ်ရေယာဉ် များ နောက်ထပ်စေလွှတ်သွားရန် ရှိသည်ဟု   မီးသတ်ဌာနမှ  ဒုတိယ ညွှန်ကြားရေးမှူးဖြစ်သူ အက်ဒ်ဝင်   ဂါလန်  တီရုကီက   ပြောသည်။ နိုင်ငံတစ်ဝန်း     ရေကြီးမှုများ ဆက်လက်ဆိုးရွားလာပါက  လူ အင်အား၊   ပစ္စည်းအင်အား ဆက်လက်ထောက်ပံ့သွားနိုင်ရေး ပြင်ဆင်မှုများ ပြုလုပ်နေသည်ဟု လည်း  ၎င်းက ဆက်ပြောသည်။

 

သီတင်းပတ်ကုန်တွင်      မိုးသည်းထန်စွာ      ရွာသွန်းနိုင်သည်ဟု  မိုးလေဝသဌာနက     သတိပေးခဲ့သည်။  ရာသီဥတုအခြေအနေနှင့် ပတ်သက်သည့်    သတိပေးချက် များကို   စောင့်ကြည့်ရန်လည်း ပြည်သူများကို     တိုက်တွန်းထားသည်။                        

ဆင်ဟွာ