
အန်ကာရာ မတ် ၄
တူကီယဲနိုင်ငံ (ယခင်တူရကီ) တောင်ပိုင်း ငလျင်ဒဏ်ကြောင့် အိုးအိမ်ဆုံးရှုံးခဲ့ရ သူများအတွက် အများပြည်သူဆိုင်ရာ အိမ်ရာများ ဆောက်လုပ်နေကြောင်း သိရ သည်။ မတ် ၁ ရက်တွင် သမ္မတ ရီဆက် တေရစ် အာဒိုဂန်က အိမ်ထောင်စု ၄၆၈၀၀၀ အတွက် လုံလောက်ဖွယ်ရှိကြောင်း ပြော သည်။
ခါရာမန်မာရာစ် ပြည်နယ် ပါဇာဆစ်ခရိုင်တွင် မတ် ၃ ရက်က မြေပြင်နေရာ ပြင်ဆင်ရန်အတွက် လုပ်သားများက စက်ယန္တရားကြီး များ အသုံးပြု လုပ်ဆောင်လျက် ရှိသည်။ အဆိုပါ ဒေသသည် ဖေဖော်ဝါရီ ၆ ရက်က ငလျင်များ ကြောင့် အလွန်ထိခိုက်ခဲ့သော နေရာများဖြစ်သည်ဟု ဆိုသည်။ ဒေသဆိုင်ရာ တာဝန်ရှိသူများက နိုဝင်ဘာလတွင် ဆောက်လုပ်မှု အပြီးသတ်ရန် စီစဉ်ထားကြောင်း ပြောသည်။
စုစုပေါင်း အိမ်ထောင်စု ၈၀၀ ခန့်အတွက် အိမ်ထောင်စု ၂၀ နေထိုင်နိုင်သော အိမ်ရာ ၄၁ လုံး ဆောက်လုပ်ရန် စီစဉ်ထားကြောင်း အဆိုပါ တာဝန်ရှိသူများက ပြောသည်။ အချို့သောသူများက ပြောင်းရွှေ့နေထိုင်ရန် စိတ်အား ထက်သန်လျက် ရှိသော်လည်း အချို့သောသူများက ငလျင် ဒဏ်ခံနိုင်ရည်ရှိမှုနှင့် ပတ်သက် ပြီး စိုးရိမ်မကင်း ဖြစ်နေကြသည်။
ကျွမ်းကျင်သူများက ဘေးကင်း လုံခြုံမှု အတည်မပြုထားသော အများပြည်သူဆိုင်ရာ အိမ်ရာတွင် မနေထိုင်လိုကြောင်း အမျိုးသမီး တစ်ဦးက ပြောသည်။
အင်န်အိတ်ချ်ကေ