လျှပ်စစ်သုံးယာဉ်များအတွက် မြန်မာနိုင်ငံ၏ ပထမဆုံးသောလျှပ်စစ်ဓာတ်အားဖြည့်သွင်းရုံ စတင်ဖွင့်လှစ်

 

နေပြည်တော်  မတ်  ၄


လျှပ်စစ်သုံး  ယာဉ်များအတွက် မြန်မာနိုင်ငံ၏   ပထမဆုံးသော လျှပ်စစ်ဓာတ်အား  ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) ဖွင့်ပွဲအခမ်းအနား ကို  ယနေ့နံနက် ၈  နာရီခွဲတွင် နေပြည်တော်   သပြေကုန်းဈေး ယာယီမဏ္ဍပ်၌ ကျင်းပသည်။ 

 


အခမ်းအနားသို့ ပြည်ထောင်စု ဝန်ကြီးများ၊ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးများ၊ နေပြည် တော် ဒုတိယမြို့တော်ဝန်၊ အမြဲတမ်း      အတွင်းဝန်များနှင့်  တာဝန်ရှိသူ များ တက်ရောက်ကြသည်။

 


အခမ်းအနားတွင်    နေပြည် တော်ကောင်စီဥက္ကဋ္ဌ ဦးတင်ဦးလွင် က    အမှာစကားပြောကြားပြီး NPK Motor Co.,Ltd ဥက္ကဋ္ဌ ဦးနိုင် ဖြိုးကျော်က  MG EV  Charging Station (NPT)  တည်ဆောက် ခြင်းနှင့်စပ်လျဉ်း၍     ရှင်းလင်း တင်ပြသည်။
ထို့နောက်   စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန       ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ဆောက်လုပ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်နှင့်   နေပြည်တော် ကောင်စီဥက္ကဋ္ဌတို့က  လျှပ်စစ်သုံး ယာဉ်များအတွက်  ပထမဦးဆုံး လျှပ်စစ်ဓာတ်အား   ဖြည့်သွင်းရုံ (နေပြည်တော်)ကို ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး    ပြန်ကြားရေး        ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းက  Electric Vehicle Charging Station ဆိုင်းဘုတ်ကို       စက်ခလုတ်နှိပ် ဖွင့်လှစ်ပေးသည်။

 


ယင်းနောက် အခမ်းအနားသို့ တက်ရောက်    လာကြသူများက လျှပ်စစ်သုံး    ယာဉ်များအတွက် လျှပ်စစ်ဓာတ်အား  ဖြည့်သွင်းရုံ (နေပြည်တော်) MG EV Charging Station (NPT) အတွင်း ကြည့်ရှု လေ့လာကြပြီး လျှပ်စစ်သုံးယာဉ် များကို        လက်တွေ့စမ်းသပ် မောင်းနှင်ကြသည်။ 

 


မြန်မာနိုင်ငံအတွင်း လျှပ်စစ် သုံးယာဉ်များ အသုံးပြုနိုင်ရေး အတွက် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ       နိုင်ငံတော် ဝန်ကြီးချုပ်၏  လမ်းညွှန်မှုဖြင့် အမျိုးသားအဆင့်   လျှပ်စစ်သုံး ယာဉ်နှင့်  ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး      ဦးဆောင် ကော်မတီက   Pilot   Project အနေဖြင့် နေပြည်တော်၊ ရန်ကုန် မြို့၊   မန္တလေးမြို့နှင့်   ရန်ကုန် - မန္တလေး        အမြန်လမ်းမကြီး တစ်လျှောက်တွင်  လျှပ်စစ်သုံး ယာဉ်များ  လွယ်ကူလျင်မြန်စွာ အားသွင်းနိုင်ရေးအတွက် လျှပ်စစ် ဓာတ်အားဖြည့်သွင်းရုံ  (Charging Station)   များ   တည်ဆောက် ရန်   စီမံဆောင်ရွက်လျက်ရှိရာ နေပြည်တော်အတွင်း NPK Motor Co., Ltd   က     ပထမဦးစွာ  တည်ဆောက်  ဖွင့်လှစ်အသုံးပြု နိုင်ခဲ့ခြင်းဖြစ်ပြီး တည်ဆောက်ပြီး Charging  Station  နှင့်အတူ လျှပ်စစ်သုံး Taxi အငှားယာဉ် လုပ်ငန်းကိုလည်း  စတင်ဆောင် ရွက်သွားမည်  ဖြစ်ကြောင်းနှင့် ကျန်တည်ဆောက်ဆဲ လျှပ်စစ် ဓာတ်အားဖြည့်သွင်းရုံ  (Charging Station) များကိုလည်း အမြန်ဆုံး ဖွင့်လှစ်          အသုံးပြုနိုင်ရေး ဆက်လက်  ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။  

 

သတင်းစဉ်