
အိမ်မဲ မတ် ၄
ဧရာဝတီတိုင်းဒေသကြီး အိမ်မဲမြို့နယ်၌ ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေး၊ လျှပ်စစ်ဓာတ်အားပျောက်ဆုံးမှု လျှော့ချနိုင် ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာတွင် အိမ်မဲမြို့နယ် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်း မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးတိုးတိုးနှင့် ဝန်ထမ်းများက ပြည်သူများ လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးနှင့် တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးအတွက် လျှပ်စစ်ဓာတ်အားလိုင်းများနှင့် ထရန်စဖော် များပြုပြင်ထိန်းသိမ်းခြင်း၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မီတာ များ စစ်ဆေးခြင်း၊ လျှပ်စစ်ဓာတ်အားလိုင်းနှင့် နီးကပ်သော သစ်ပင် သစ်ကိုင်းများအား ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
အိမ်မဲမြို့နယ်အတွင်း ပြည်သူများ လျှပ်စစ်ဓာတ်အား ပြည့်ဝစွာ အသုံးပြုနိုင်ရေးအတွက် စစ်ဆေးခြင်းလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်ဦးစီးမှူး ဦးတိုးတိုး ထံမှ သိရသည်။
ချစ်သက်လယ်(အိမ်မဲ)