
မြစ်ကြီးနား မတ် ၄
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ဒွဲဘူသည် တိုင်းရင်း သားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ် အစိုးရအဖွဲ့ဝင်များနှင့်အတူ ယနေ့ နံနက် ၈ နာရီခွဲက ကချင်ပြည်နယ် မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်ရှိ ကတ်သလစ်အသင်းတော်ရုံး၌ ခရစ်ယာန်ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေးခေါင်းဆောင်များနှင့် တွေ့ဆုံသည်။
ထိုသို့ တွေ့ဆုံစဉ် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ဒေါ်ဒွဲဘူက တိုင်းပြည်တည်ငြိမ် အေးချမ်းရေးနှင့် ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘာသာ ရေးခေါင်းဆောင်များ အားလုံးက ကောင်းချီးတောင်းခံ ဆုတောင်း ဆက်ကပ်ပေးကြရန်နှင့် တိုင်းပြည် အေးချမ်းသာယာ ဖွံ့ဖြိုးတိုးတက် ရေးအတွက် ပူးပေါင်းဆောင်ရွက် ကြပါရန် ပြောကြားပြီး ခရစ်ယာန် ဂိုဏ်းဂဏပေါင်းစုံမှ ဘာသာရေး ခေါင်းဆောင်များနှင့် အပြန်အလှန် မိတ်ဆက်ကြသည်။
ပေးအပ်လှူဒါန်း
ဆက်လက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က ဘာသာရေး အသင်းအဖွဲ့ အသီးသီးအတွက် လက်ဆောင်ခြင်းနှင့် အလှူငွေ များကို ပေးအပ်လှူဒါန်းကြသည်။
ထို့နောက် မြစ်ကြီးနားမြို့ အံတော်ရှင်တောင်တန်းသာသနာပြုကျောင်းတိုက်၌ မြစ်ကြီးနားမြို့ နယ် သံဃနာယကဥက္ကဋ္ဌ ဆရာ တော်နှင့် ပင့်သံဃာများအား ဖူးမြော်ကြည်ညိုကြပြီး သာသနာ ရေးဆိုင်ရာများ လျှောက်ထား တင်ပြ၍ ဆရာတော်၊ သံဃာတော် များထံ ဆန်အိတ် ၅၀ ၊ ဆီပုံး ၂၀ နှင့် လှူဖွယ်ပစ္စည်းများ၊ ဝတ္ထုငွေ များကို ဆက်ကပ်လှူဒါန်းကြကာ အံတော်ရှင်ဘုရားအား ဖူးမြော် ကြည်ညိုကြသည်။
ထိုမှတစ်ဆင့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်တို့သည် မြစ်ကြီးနား မြို့ စီတာပူရပ်ကွက်ရှိ မနောကွင်း အတွင်း မနောအိမ်တော်၌ ပြည်နယ်အတွင်းရှိ တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့မှ တာဝန်ရှိသူများနှင့် တွေ့ဆုံသည်။
တွေ့ဆုံစဉ် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် က နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအနေဖြင့် မိမိတို့တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေးအတွက် တိုင်းရင်း သားများအရေးကို အလေးထား ဆောင်ရွက်လျက် ရှိပါကြောင်း၊ ထိုသို့ အလေးထားဆောင်ရွက် လျက်ရှိရာတွင် တိုင်းရင်းသား များအားလုံးကလည်း ပူးပေါင်း ဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း၊ ယနေ့ တိုင်းရင်းသားများ အနေဖြင့် မိမိတို့ စာပေနှင့် ရိုးရာယဉ်ကျေးမှု စသည့်အရေး အရာကိစ္စရပ်များ ဆောင်ရွက်နေ ခြင်းသည် နိုင်ငံ့အရေးဆောင်ရွက် နေခြင်းဖြစ်ပြီး မိမိတို့ တစ်ဦး/တစ်ဖွဲ့၏ အောင်မြင်မှုသည် မိမိတို့ နိုင်ငံ၊ မိမိတို့ ပြည်ထောင်စု၏ အောင်မြင်မှုပင် ဖြစ်ပါကြောင်း၊ ယနေ့ နိုင်ငံတော်တည်ငြိမ် အေးချမ်းနှင့် ဖွံ့ဖြိုးရေးအတွက် ကြိုးပမ်းဆောင်ရွက်မှုများကို မိမိ တို့ တိုင်းရင်းသားအားလုံးက နိုင်ငံတော်အစိုးရနှင့်အတူ ဝိုင်းဝန်း ပူးပေါင်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြား သည်။
ကြိုးစားဆောင်ရွက်
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က ယနေ့ တိုင်းရင်းသားခေါင်း ဆောင်များအနေဖြင့် မိမိတို့၏ တိုင်းရင်းသားအရေးကိစ္စရပ်များကို ဦးစီးဌာနနှစ်ခုနှင့် ချိတ်ဆက် ပြီး ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့ လုပ်ငန်းစဉ်နှင့် ဦးတည်ချက်များပါ အတိုင်း မိမိတို့ ပြည်နယ်၏ အကျိုး၊ မိမိတို့နိုင်ငံ၏ အကျိုး အတွက် ဝိုင်းဝန်းပူးပေါင်း၍ ကြိုးပမ်းဆောင်ရွက်ကြရန် တိုက် တွန်းလိုပါကြောင်း ပြောကြား သည်။
ထို့နောက် ပြည်နယ်ဝန်ကြီး ချုပ်က အမှာစကားပြောကြား ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ပြည်ထောင်စု ဝန်ကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ် တို့က တက်ရောက်လာကြသည့် တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအသင်းအဖွဲ့ ၁၄ ခုတို့အတွက် တစ်ဖွဲ့လျှင် ထောက်ပံ့ငွေကျပ် သုံးသိန်းစီနှင့် အမှတ်တရ လက်ဆောင်များကို ပေးအပ်ချီးမြှင့် ကြသည်။
ယင်းနောက် စာပေနှင့် ယဉ်ကျေးမှုအဖွဲ့ ခေါင်းဆောင် များက စာပေ၊ ယဉ်ကျေးမှုများ ထိန်းသိမ်း ဆောင်ရွက်ရာတွင် လိုအပ်ချက်များ တင်ပြဆွေးနွေး ကြရာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်က ပြန်လည်ရှင်းလင်း ဆွေးနွေးပြီး လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်ပေး သည်။
မွန်းလွဲပိုင်းတွင် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်သည် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ ၌ ကျင်းပသည့် လူထုတွေ့ဆုံပွဲသို့ တက်ရောက်ပြီး (အပေါ်ပုံ) အခမ်း အနားတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ရှေ့လုပ်ငန်း စဉ် (၅) ရပ်၊ ဦးတည်ချက် (၁၂) ရပ်ကို ချမှတ်ပြီး တိုင်းပြည် တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံ မှုရှိစေရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက် ရေးကို အလေးအနက်ထား ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ပြည်သူများအနေဖြင့် လည်း အစိုးရနှင့်အတူ ထဲထဲ ဝင်ဝင်ပါဝင်ပြီး မိမိတို့ ရပ်ကွက်၊ ကျေးရွာ၊ ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို တစ်ဦးချင်းစီက တာဝန်ရှိရှိ ဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ပေါင်းစပ်ဆောင်ရွက်ပေး
ထို့နောက် ပြည်ထောင်စု ဝန်ကြီး Jeng Phang နော်တောင် က အမှာစကား ပြောကြားပြီး တက်ရောက်လာကြသည့် ဒေသခံ ပြည်သူများက လမ်း၊ တံတား၊ ကုန်ထုတ်လမ်း၊ မြေယာကိစ္စရပ် များ၊ သက်မွေးပညာလုပ်ငန်းများ နှင့် စပ်လျဉ်း၍ လိုလားချက်များ ကို တင်ပြကြရာ သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ က ကဏ္ဍအလိုက် စီစဉ်ဆောင်ရွက် ထားရှိမှုများကို ပြန်လည်ရှင်းလင်း တင်ပြ၍ ပေါင်းစပ်ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။
သတင်းစဉ်