စိုက်ပျိုးရေးလုပ်ငန်းနှင့် စားသုံးသူပြည်သူများအကျိုးရှိစေရန် စတုတ္ထအကြိမ် မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ်ဖြင့် မြေဆီလွှာနှင့် ရေတွင်ပါဝင်သည့်သတ္တုများ စစ်ဆေးပြုစုမည်

 

နေပြည်တော်   မတ်    ၄


အစားအစာ ဘေးကင်းလုံခြုံရေး အတွက် စိုက်ပျိုးထုတ်လုပ်ရာတွင် အသုံးပြုသည့်    မြေဆီလွှာနှင့် ရေအရင်းအမြစ်များ  ကောင်းမွန် ရန်  လိုအပ်ပြီး  ရေရှည်တည်တံ့ သော   စိုက်ပျိုးထုတ်လုပ်မှုဖြစ် စေရေးနှင့် အာဟာရပြည့်ဝသော စားနပ်ရိက္ခာများ    ဖူလုံပိုလျှံစွာ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုး ရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန စိုက်ပျိုးရေးဦးစီးဌာန က ဆက်စပ်ဌာနများ၊ အဖွဲ့အစည်း များနှင့်      ပူးပေါင်းဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံတွင် ဘေး အန္တရာယ်ကင်းသော စားနပ်ရိက္ခာ စိုက်ပျိုးထုတ်လုပ်နိုင်ရန်အတွက် မြေဆီလွှာနှင့် ရေတွင် ပါဝင်လျက် ရှိသော  သတ္တုများအား စစ်တမ်း ကောက်ယူခြင်း      စီမံကိန်းကို မဲခေါင် - ကိုရီးယား     ပူးပေါင်း ဆောင်ရွက်မှုရန်ပုံငွေ အစီအစဉ် ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


တက်ရောက်ဆွေးနွေး


အဆိုပါစီမံကိန်း၏ ကျွမ်းကျင် ပညာရှင်များ  အစည်းအဝေးကို ယနေ့ နံနက်ပိုင်းက နေပြည်တော် အမရာဟိုတယ်၌     ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန၊   နိုင်ငံခြား ရေးဝန်ကြီးဌာန  နည်းပညာမြှင့် တင်ရေးနှင့် ပူးပေါင်းဆောင်ရွက် ရေး    ဦးစီးဌာန၊    စိုက်ပျိုးရေး တက္ကသိုလ်၊   ပတ်ဝန်းကျင်  ထိန်း    သိမ်းရေးဦးစီးဌာနတို့မှ  တာဝန်ရှိ သူများ၊       စီမံကိန်းဦးဆောင် ကော်မတီဝင်များ၊     အလုပ်အမှု ဆောင်   ကော်မတီဝင်များ   တက် ရောက် ဆွေးနွေးကြသည်။

 


ကြိုတင်တားဆီးကာကွယ်ရေး


စိုက်ပျိုးရေး     လုပ်ငန်းနှင့် စားသုံးသူပြည်သူများ   အကျိုးရှိ စေရန် စိုက်ပျိုးရေးဦးစီးဌာန မြေ အသုံးချရေးဌာနခွဲက   စီမံကိန်း ရေးဆွဲအဆိုပြုတင်ပြသည့် မြန်မာ နိုင်ငံတွင်    ဘေးအန္တရာယ်ကင်း သော     စားနပ်ရိက္ခာ    စိုက်ပျိုး ထုတ်လုပ်နိုင်ရန်အတွက်  မြေဆီ လွှာနှင့်   ရေတွင်    ပါဝင်လျက် ရှိသော သတ္တုများအား စစ်တမ်း ကောက်ယူခြင်း      စီမံကိန်းကို စတုတ္ထအကြိမ် မဲခေါင် - ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု   ရန်ပုံငွေ အစီအစဉ်က ရွေးချယ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း၊      အဆိုပါ  စီမံကိန်းအနေဖြင့် စက်ရုံအလုပ်ရုံ များ၏    စွန့်ပစ်ရေများ၊   သတ္တု သန့်စင်လုပ်ငန်းများမှ      ဓာတု ပစ္စည်းများ၊      အတိုင်းအဆမဲ့ အသုံးပြုသည့် စိုက်ပျိုးရေးသွင်း အားစုများ    စသည့်အကြောင်း အမျိုးမျိုးကြောင့်  မြေဆီလွှာနှင့် ရေတွင်   ပျော်ဝင်နေသည့်  သတ္တု ဓာတ်များ၏    လူနှင့် တိရစ္ဆာန် များအား ဘေးဥပါဒ်ဖြစ်စေနိုင်မှုကို စစ်ဆေးဆောင်ရွက်သွားမည်ဖြစ် ပြီး ရရှိလာသည့် အချက်အလက် များကို မြေပုံရေးဆွဲ အသုံးပြုခြင်း၊ ဘေးအန္တရာယ် ကြိုတင်တားဆီး ကာကွယ်ရေး   လုပ်ငန်းများတွင် အသုံးပြုခြင်း၊   ဒေသတွင်းနိုင်ငံ များနှင့် အချက်အလက်များ မျှဝေ ဖလှယ်ခြင်း        လုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။      

         
သတင်းစဉ်