BYD အမျိုးအစား လျှပ်စစ်သုံးမော်တော်ယာဉ်များ‌ ထီးတန်းဆိပ်ကမ်းသို့ ရောက်ရှိ

 

နေပြည်တော်  မတ်   ၄


Earth Renewable Energy Co., Ltd.   မှ တင်သွင်းလာသော   BYD   အမျိုးအစား   လျှပ်စစ် သုံးယာဉ်  ၁၉ စီးသည် ယမန်နေ့က ထီးတန်းဆိပ်ကမ်း သို့    ရောက်ရှိလာပြီး   လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ကြောင်းနှင့်  Asia Pacific Auto-maker Corporation Co., Ltd. မှ တင်သွင်းလာသော Dongfeng အမျိုးအစား လျှပ်စစ်သုံးယာဉ်အစီး  ၃၀ သည်   ရှမ်းပြည်နယ်(မြောက်ပိုင်း)    မူဆယ်  (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ ယမန်နေ့က လုပ်ထုံးလုပ်နည်း နှင့်အညီ     ထုတ်ယူခွင့်ပြုခဲ့ကာ      အဆိုပါလျှပ်စစ် သုံးယာဉ်များ  တင်သွင်းမှုသည်  ပြည်တွင်းလျှပ်စစ် သုံးယာဉ်ကဏ္ဍ       ဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောက်ခွန်ကင်းလွတ်ခွင့် သက်သာခွင့်ပြုထား ကြောင်း သိရသည်။ 


သတင်းစဉ်