
ဂျီနီဗာ မတ် ၃
ကျား၊ မ ရေးရာ တန်းတူညီမျှမှု တိုးတက်စေရေး နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို အသုံးချရန် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်ကြောင်း မတ် ၂ ရက် ထုတ်ပြန်သည့် အပြည်ပြည် ဆိုင်ရာ အမျိုးသမီးများနေ့ အထိမ်းအမှတ် သဝဏ်လွှာတွင် ဖော်ပြသည်။
ယခုနှစ် မတ် ၈ ရက်တွင် ကျင်းပမည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့၏ ဆောင်ပုဒ် မှာ “DigitALL: ဆန်းသစ် တီထွင်မှုနှင့် ကျားမတန်း တူညီမျှမှုဆိုင်ရာ နည်းပညာ” ဖြစ်သည်။
ဂူတာရက်စ်၏ သဝဏ်လွှာ တွင် နည်းပညာသည် အမျိုးသမီး များနှင့် မိန်းကလေးများအတွက် ပညာရေးနှင့် အခွင့်အလမ်းများကို ချဲ့ထွင်နိုင်သော်လည်း အလွဲ သုံးစားလုပ်မှုနှင့် မုန်းတီးမှုကို ချဲ့ထွင်ရန်အတွက်လည်း အသုံးပြု နိုင်ကြောင်း ထောက်ပြခဲ့သည်။
ယနေ့ခေတ်တွင် အမျိုးသမီး များသည် သိပ္ပံ၊ နည်းပညာ၊ အင်ဂျင်နီယာနှင့် သင်္ချာတို့တွင် လုပ်သားအင်အား၏ သုံးပုံတစ်ပုံ အောက်တွင်သာရှိပြီး နည်းပညာ သစ်များ ဖော်ဆောင်ရာတွင် အမျိုးသမီးများ ကိုယ်စားပြုမှု နည်းပါးလာသောအခါ ယခင် ကဲ့သို့ ခွဲခြားဆက်ဆံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။
လွန်ခဲ့သည့် ဆယ်စုနှစ်များ အတွင်း ဒစ်ဂျစ်တယ်ကမ္ဘာမှ အမျိုးသမီးများကို ဖယ်ထုတ်လိုက် ခြင်းသည် ပြည်တွင်းအသားတင် ထုတ်ကုန် (ဂျီဒီပီ) မှ ခန့်မှန်းခြေ အမေရိကန်ဒေါ်လာ ၁ ထရီလီယံ ကို ဆုံးရှုံးခဲ့ပြီး ၂၀၂၅ ခုနှစ်တွင် ဝင်ငွေ အလယ်အလတ်အဆင့် နိုင်ငံများတွင် ဆုံးရှုံးနိုင်ခြေသည် ၁ ဒသမ ၅ ထရီလီယံ ဒေါ်လာအထိ ရှိလာနိုင်ကြောင်း သတိပေးထား သည်။
ဆင်ဟွာ