ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး၊ အဖြေ အစီအစဉ် ဆက်လက် ထုတ်လွှင့်မည်

 

 

နေပြည်တော် ဇန်နဝါရီ ၂၇

 

ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု ကာလအတွင်း စီးပွားရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်လည်ပတ်နိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြည်သူကို ပညာပေး မျှဝေပေး မည့် “ဒစ်ဂျစ်တယ် စီးပွားရေးအကြောင်း သိကောင်းစရာ အမေး/အဖြေ အစီ အစဉ် ” ကို နိုဝင်ဘာ ၂၅ ရက်မှ စ၍ အပတ်စဉ် ဗုဒ္ဓဟူးနှင့် ကြာသပတေးနေ့များတွင် ညနေ ၆ နာရီခွဲမှ ည ၇ နာရီ အထိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် ထုတ်လွှင့် ပြသလျက်ရှိသည်။

ဇန်နဝါရီ ၂၈ ရက် (ကြာသပတေးနေ့) ညနေတွင် မြန်မာနိုင်ငံ၏ Digital အသွင်ပြောင်းမှု၌ အဓိကအရေးပါသည့် အခန်းကဏ္ဍတွင် ပါဝင်နေသည့် ဒစ်ဂျစ် တယ်ငွေပေးချေမှုစနစ်အသုံးပြုပြီး ဝန်ဆောင်မှုများ မြန်ဆန်လာအောင် လက်တွေ့ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်အတွက် ဗဟုသုတမျှဝေပေးမည့် ဒစ်ဂျစ် တယ်စီးပွားရေးအကြောင်း သိကောင်းစရာအစီအစဉ်ကို ဖန်တီးရာ Startup နည်းပြ ဦးစိုးသီဟနှင့် မြန်မာနိုင်ငံ လူငယ်စွန့်ဦးတီထွင်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူးချုပ် ဦးဝင်းထက်မောင်မောင်တို့၏ ဆွေးနွေးချက် များကို ညနေ ၆ နာရီခွဲတွင် ထပ်မံထုတ်လွှင့်သွားမည်ဖြစ်ကြောင်း သိရ သည်။

သတင်းစဉ်