ဗီယက်နမ်သမ္မတသစ်အဖြစ် ဗိုဘင်သောင် ရွေးချယ်ခံရ

 

ဟနွိုင်း     မတ်    ၂


ဗီယက်နမ်ကွန်မြူနစ်ပါတီ ပေါ်လစ်  ဗျူရိုအဖွဲ့ဝင်   ဗိုဘင်သောင်သည် ဗီယက်နမ်နိုင်ငံ သမ္မတသစ်အဖြစ်  ရွေးချယ်ခံခဲ့ရကြောင်း ဗီယက်နမ် သတင်းအေဂျင်စီက မတ် ၂ ရက် တွင်ဖော်ပြသည်။

 


ဗီယက်နမ်နိုင်ငံ၏   ထိပ်တန်း ဥပဒေပြုလွှတ်တော်သည်   အထူး အစည်းအဝေးတစ်ရပ်   ခေါ်ယူပြီး  ၎င်းကို  သမ္မတသစ်အဖြစ်  ၉၈ ဒသမ ၃၈     ရာခိုင်နှုန်းသော    ထောက်ခံမဲဖြင့် ရွေးချယ်ခဲ့ကြောင်း  ဗီယက်နမ်   သတင်းအေဂျင်စီက ဖော်ပြသည်။

 


သမ္မတသစ်က  ၎င်း၏ ကျမ်း သစ္စာကျိန်ဆိုပွဲတွင် နိုင်ငံတော်နှင့် ဗီယက်နမ် ဆိုရှယ်လစ်သမ္မတနိုင်ငံ ဖွဲ့စည်းပုံအခြေခံ         ဥပဒေအပေါ်  အကြွင်းမဲ့      သစ္စာစောင့်သိကာ      နိုင်ငံတော်နှင့် ပြည်သူတို့၏ တာဝန်  ဝတ္တရားများကို    ကျေပွန်အောင် ထမ်းဆောင်မည်ဟု        ကတိပြုခဲ့ သည်။    

 


၎င်းသည်        သမ္မတရာထူး သက်တမ်း၌     ၂၀၂၆    ခုနှစ်အထိ တာဝန်          ထမ်းဆောင်ရမည်ဖြစ်  သည်။ ၁၉၇၀ ပြည့်နှစ် ဒီဇင်ဘာလ တွင် မွေးဖွားခဲ့သော ဗိုဘင်သောင်  သည် ဗီယက်နမ်ကွန်မြူနစ်ပါတီ ၏    ပေါ်လစ်ဗျူရို    အဖွဲ့ဝင်များ အနက်       အသက်အငယ်ဆုံးဖြစ် သည်။


ဆင်ဟွာ