ထိန်းသိမ်းကာကွယ် သဘာဝဘေးအန္တရာယ်

Type
၅

 

ခင်ဝန်း

 

ကျွန်ုပ်တို့၏ ကမ္ဘာမြေကြီးသာယာလှပရန်အတွက် ကျွန်ုပ်တို့နေထိုင်ရာ ပတ်ဝန်းကျင် သာယာလှပရန်လိုအပ်ပါသည်။ ထိုသို့ သဘာဝပတ်ဝန်းကျင် သာယာ လှပရန်အတွက် လေထုညစ်ညမ်းမှု၊ ရေထုညစ်ညမ်းမှုများကိုကာကွယ်ထိန်းသိမ်းရန်၊ သဘာဝသစ်ပင်သစ်တောများကို ကာကွယ်ထိန်းသိမ်းရန်၊ ကမ္ဘာကြီး ပူနွေးလာမှုကို လျှော့ချထိန်းသိမ်းရန် စသည်ဖြင့် ကမ္ဘာမြေနှင့် လူသားများ ရေရှည်ရပ်တည်ရှင်သန်နိုင်ရေးအတွက် အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ် ပါသည်။


ကမ္ဘာကြီးပူနွေးလာရသည့် အဓိက အကြောင်း အရင်းဖြစ်သည့် စက်ရုံ၊ အလုပ်ရုံများမှ ဓာတုစွန့်ပစ် ပစ္စည်းများ   စွန့်ထုတ်ခြင်းကြောင့်  လေထု၊  ရေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်စေပြီး ရာသီဥတု အခြေအနေ၊ သဘာဝပတ်ဝန်းကျင်အခြေအနေ  ပြောင်းလဲလာမှု များကို   လူသားများ   နေ့စဉ်ရင်ဆိုင်လာကြရပါ သည်။ ကမ္ဘာ့ရာသီဥတု ပြောင်းလဲမှုကြောင့် ရေကြီး ခြင်း၊ မိုးခေါင်ခြင်း၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက် ခြင်းစသည့်   သဘာဝဘေးအန္တရာယ်များ  တစ်နှစ် ထက်တစ်နှစ် ပြင်းထန်လျက်ရှိနေပါသည်။


စက်မှုဝန်ကြီးဌာန၏ မူဝါဒများ


မိမိတို့ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာနသည်   စက်မှုဝန်ကြီးဌာန၏   ချမှတ်ထားသော မူဝါဒများအရ  “ပြည်တွင်းရှိ  သယံဇာတကုန်ကြမ်း ပစ္စည်းများကို  ထိရောက်အကျိုးရှိစွာ  အသုံးပြုပြီး တန်ဖိုးမြှင့်ထုတ်လုပ်ခြင်းအား   တိုးမြှင့်ဆောင်ရွက် ရေး၊ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုလျော့နည်း စေသည့် စက်မှုလုပ်ငန်းများဖြစ်စေရေး၊ ပြန်လည် ပြည့်ဖြိုးမြဲစွမ်းအင်ကို     အကျိုးရှိထိရောက်စွာ အသုံးချနိုင်ရေး” ဟူသော  မူဝါဒနှင့်အညီ   စက်ရုံ အလုပ်ရုံများ၏ ပတ်ဝန်းကျင်ကို မထိခိုက်စေသော အစိမ်းရောင်စီးပွားရေးလုပ်ငန်း  (Green Economy) ဖြစ်ထွန်းပေါ်ပေါက်စေရေးတို့အတွက်  အလေးထား ဆောင်ရွက်လျက်ရှိပါသည်။


စက်မှုစစ်ဆေးရေးဌာန


စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာန အောက်ရှိ    စက်မှုစစ်ဆေးရေးဌာနသည် စက်ရုံ၊ လုပ်ငန်းများမှထွက်ရှိသော အသံ (Noise)၊ အပူချိန် (Temperature)၊   စွန့်ပစ်ရည်  (Wastewater)၊ အခိုးအငွေ့ (Gas) များနှင့် ပတ်သက်၍ လုပ်ငန်းခွင်ရှိ လုပ်သားများနှင့် ပတ်ဝန်းကျင်တွင် နေထိုင်သူများ ၏ ကျန်းမာရေးကို မထိခိုက်စေရန် ရှေးရှု၍ အစဉ် အမြဲ ကြပ်မတ်ဆောင်ရွက်လျက်ရှိသည်။


ယခုအခါတွင်         ပြည်ထောင်စုနယ်မြေ/ တိုင်းဒေသကြီး/ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှ  ကွင်းဆင်းစစ်ဆေးရေး အဖွဲ့များဖြင့်  သက်ဆိုင်ရာဒေသအလိုက်     ပုဂ္ဂလိက စက်ရုံ၊    အလုပ်ရုံများသို့  လစဉ်ကွင်းဆင်း၍ pH Meter ၊ Noise Level Detector ၊ Gas Detector ၊ Thermometer   များဖြင့်    တိုင်းတာစစ်ဆေးမှုများ ပြုလုပ်ပြီး ဦးစီးဌာနရုံးချုပ်သို့တင်ပြ၍ လုပ်ငန်းရှင် များသို့ လိုအပ်သည်များ ညွှန်ကြားဆောင်ရွက်လျက် ရှိသည်။


ဆူညံသံ တိုင်းတာစစ်ဆေးမှု


ပြည်သူများ၏ အကြားအာရုံ ခံနိုင်ရည်ရှိစေရေး အတွက် အသံလုံရေးဆောင်ရွက်ရန်နှင့် ယခုထက် ပို၍ အသံဆူညံမှုလျှော့ချနိုင်ရေးအတွက် ကိရိယာ များ တပ်ဆင်အသုံးပြုနိုင်ရန်အတွက်  ဆောင်ရွက် လျက်ရှိပါသည်။ ရှစ်နာရီအတွင်း ဆူညံသံ ၉၀ (dB) အထိသာ ရှိသင့်ပြီး  ယင်းထက်ကျော်လွန်ပါက အကြားအာရုံကို ထိခိုက်နိုင်သဖြင့် စက်ရုံ၊ အလုပ်ရုံ များမှ ထွက်ရှိသော ဆူညံသံကို သိရှိနိုင်ရန် Noise Detector ဖြင့်    တိုင်းတာစစ်ဆေးမှုများကို စက်မှု စစ်ဆေးရေးဌာနက   ကြီးကြပ်ဆောင်ရွက်လျက်ရှိ ပါသည်။


အခိုးအငွေ့ တိုင်းတာစစ်ဆေးမှု


ပတ်ဝန်းကျင်သို့ ထုတ်လွှတ်သောအခိုး၊ အငွေ့ များနှင့်ပတ်သက်၍ မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံ ဖြစ်သည့်အတွက်ကြောင့် လက်ရှိအနေအထားအရ ထိန်းသိမ်းကာကွယ်၍ ရနိုင်သလောက် ထိန်းသိမ်း ကာကွယ်ဆောင်ရွက်လျက်ရှိပါသည်။   CO၊ CO2၊ SO2 ၊ H2S စသည့်ဓာတ်ငွေ့များသည် လေထုထဲသို့ အမြောက်အမြား ထုတ်လွှတ်ပါက လေထုညစ်ညမ်း မှုဖြစ်ပေါ်စေသည့်အပြင် ရှူရှိုက်မိပါက အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါ၊  နာတာရှည်ရင်ကျပ် ရောဂါ၊  အာရုံကြောရောဂါများ   ဖြစ်စေနိုင်သည့် အတွက် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိလာသော ယင်းဓာတ်ငွေ့ လေးမျိုး၏ ပမာဏကို သိရှိနိုင်ရန် Gas Detector ကို အသုံးပြု၍ တိုင်းတာလျက်ရှိ ပါသည်။


စွန့်ပစ်ရည် တိုင်းတာစစ်ဆေးမှု


အမျိုးသားပတ်ဝန်းကျင်ဆိုင်ရာ အရည်အသွေး (ထုတ်လွှတ်မှု) လမ်းညွှန်ချက်ကို အခြေခံ၍    pH Meter ဖြင့် စက်ရုံ၊ အလုပ်ရုံများမှ ထွက်ရှိလာသော စွန့်ပစ်ရည်များ၏       အက်စစ်ဓာတ်လွန်ကဲခြင်း (သို့မဟုတ်) အယ်(လ်)ကာလီဓာတ်လွန်ကဲခြင်းကို သိရှိနိုင်ရန်အတွက်       တိုင်းတာမှုများပြုလုပ်ပြီး စွန့်ပစ်ရည်၏အပူချိန်ကို    Thermometer   ဖြင့် သတ်မှတ်အပူချိန်  ၄၀°C  ထက်ကျော်လွန်ခြင်း မရှိစေရေး             တိုင်းတာဆောင်ရွက်လျက်ရှိပါသည်။ ယင်းစွန့်ပစ်ရည်များကို   မြစ်၊  ချောင်း၊  အင်း၊  အိုင် ထဲသို့    တိုက်ရိုက်မစွန့်ပစ်မီ   စွန့်ပစ်ရည်များကို (Physical Process ၊ Physical-Chemical Process၊ Biological Process)   စသည့်   နည်းစနစ်များကို အသုံးပြု၍ လိုအပ်သော ပြုပြင်မှုများ ပြုလုပ်ပြီးမှ စွန့်ပစ်ရန် ကြီးကြပ်ဆောင်ရွက်လျက်ရှိသည်။ 


အချို့သော စက်ရုံ၊ အလုပ်ရုံများမှ  ထွက်ရှိလာ သော  စွန့်ပစ်ပစ္စည်းများမှာ   ပြန်လည်အသုံးပြုရန် သင့်လျော်သဖြင့်    အချို့နေရာများ၌    ပြန်လည် အသုံးပြုခြင်းဖြင့်လည်း  ပတ်ဝန်းကျင်ထိခိုက်မှုကို လျှော့ချဆောင်ရွက်လျက်ရှိပါသည်။ 


ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များ


သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဌာန၏    ဥပဒေ၊   လုပ်ထုံးလုပ်နည်းများနှင့်အညီ ပတ်ဝန်းကျင်မထိခိုက်စေရေး       ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်များအား ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီး ဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ ယခု အခါ  အစိမ်းရောင်စီးပွားရေး (Green Economy) နှင့်  ကမ္ဘာ့ပတ်ဝန်းကျင်ဆိုင်ရာ          ကိစ္စများကို သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ လူသားများ၏ ကျန်းမာရေးအတွက် ဆောင်ရွက်လျက်ရှိသည်။


ပြည်ထောင်စုနယ်မြေ၊  တိုင်းဒေသကြီး၊ ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနများမှ သဘာဝပတ်ဝန်းကျင် မထိခိုက်စေသော  အစီအစဉ် များအား လစဉ်အစီရင်ခံ တင်ပြလာမှုများကို စိစစ် ပြီး ဝန်ကြီးဌာနသို့ တင်ပြဆောင်ရွက်လျက်ရှိပါသည်။


ဆက်လက်၍လည်း       စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေဖြင့်    ပြည်ထောင်စု နယ်မြေ၊   တိုင်းဒေသကြီး၊   ပြည်နယ်များအတွင်း စက်မှုမှတ်ပုံတင်ခြင်းလုပ်ငန်းများ၊     ထပ်မံစက်မှု မှတ်ပုံတင်မည့်     လုပ်ငန်းသစ်များနှင့်ပတ်သက်၍ အစိမ်းရောင်စီးပွားရေးလုပ်ငန်းများ      ဖြစ်ထွန်း ပေါ်ပေါက်လာစေရေး၊    ပတ်ဝန်းကျင်ထိခိုက်စေ နိုင်သည့်    ဆူညံသံနည်းပါးစေရေး၊   အနံ့ဆိုးများ ထွက်ရှိမှု   မရှိစေရေးနှင့်  စက်ရုံ၊ အလုပ်ရုံများမှ စွန့်ပစ်ရည်များကြောင့် ပတ်ဝန်းကျင်မထိခိုက်စေ ရေးအတွက်  သက်ဆိုင်ရာ  ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး၊ ပြည်နယ်နှင့် စက်မှုကြီးကြပ်ရေး နှင့်စစ်ဆေးရေးဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် တက်တက်ကြွကြွ ကြိုးပမ်းဆောင်ရွက်နေခြင်းဖြင့် သဘာဝပတ်ဝန်းကျင်ကို သာယာလှပပြီး သဘာဝ ဘေးအန္တရာယ်များမှ ကင်းဝေးနိုင်စေရန် တစ်ဖက် တစ်လမ်းမှ ထိန်းသိမ်းကာကွယ် စောင့်ရှောက်နေ ခြင်း ဖြစ်ပါတော့သည်။    ။