
ထွန်းကျော်
လောင်စာဆီဈေးနှုန်းတွေ၊ အစား အသောက်ဈေးနှုန်းတွေ မြင့်တက် လာသလို တခြားအကြောင်းတွေကြောင့် ဂျပန်နိုင်ငံရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အရင်ကထက် ပိုမိုကြီးမားတဲ့ ငွေကြေး ဖောင်းပွမှု ဖိအားများနဲ့ ရင်ဆိုင်နေရပါ တယ်။ တစ်ဖက်မှာ ငွေကြေးဖောင်းပွမှု ဖိအားတွေနဲ့ ရင်ဆိုင်နေရသလို တခြား တစ်ဖက်မှာလည်း ဆယ်စုနှစ်ပေါင်း များစွာ ငွေကြေးဖောင်းပွမှုနဲ့ လုပ်ခ လစာ လျင်မြန်စွာ တိုးတက်လာမှု ကြောင့် ဖြစ်ပေါ်လာတဲ့ စားသုံးသူရဲ့ အတွေးအမြင် စိတ်နေစိတ်ထားပြောင်းလဲမှုတွေနဲ့လည်း ရင်ဆိုင်နေရပါတယ်။
ချောက်ကမ်းပါးကို တွန်းပို့နေ
ထို့အတူ ကုန်ဈေးနှုန်းကြီးမြင့်မှုတွေကိုလည်း ခေါင်းမာမာနဲ့ တွန်းလှန်နေကြ ပါတယ်။ ဘယ်လိုပဲတွန်းလှန်နေစေကာမူ ဒါတွေဟာ ဂျပန်နိုင်ငံမှာရှိတဲ့ စီးပွားရေး လုပ်ငန်းတွေ ချောက်ကမ်းပါးကို တွန်းပို့ နေသလိုဖြစ်နေပါတယ်။
ဂျပန်နိုင်ငံသုံး ယန်းတန်ဖိုးငွေ ကျဆင်းခြင်းနဲ့ ကမ္ဘာ့လောင်စာဆီအကျပ် အတည်းတွေကြောင့် ဒီဇင်ဘာလ အထိ တစ်နှစ်ပြီးတစ်နှစ် ကုန်ဈေးနှုန်း တွေ ၄ ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့ တယ်လို့ ဂျပန်နိုင်ငံရဲ့စားသုံးသူအညွှန်းကိန်းက ဖော်ပြခဲ့ပါတယ်။
ပဲတင်သွင်းဈေးကများ
ဟာယာရှီ ရှိုဂျီဟာ မိုယာရှီလို့ခေါ်တဲ့ ပဲတီပင်ပေါက်ရောင်းတဲ့ ကုမ္ပဏီကို တည်ထောင်ထားပါတယ်။ ပဲတီပင်ပေါက် ဟာ ဂျပန်အိမ်ရှင်မတွေရဲ့ ဟင်းချက် တဲ့အခါသုံးတဲ့ ပါဝင်ပစ္စည်းတစ်ခုဖြစ်ပါ တယ်။ ပဲတီပင်ပေါက်ဟာ လူတိုင်းဝယ်ယူ နိုင်တဲ့ ဈေးနှုန်းဖြစ်ပြီး ၂၀၀ ဂရမ်ကို ၂၅ စင့်ဖြစ်ပါတယ်။
လက်လီရောင်းချသူတွေက အိတ် တစ်လုံးကို ၁ ရာခိုင်နှုန်းလောက် ဈေးတက်တာဟာ ဖြစ်သင့်တယ်လို့ ပြောဆိုနေကြပါတယ်။ သို့သော်လည်း အိတ်တစ်လုံးကို လေးဆင့်လောက် ဈေးတက်တာကတော့ များလွန်းတယ်လို့ ပြောပါတယ်။
ပဲတီပင်ပေါက်တွေဟာ လွန်ခဲ့တဲ့နှစ် ၃၀ ကျော်ကတည်းက ဈေးကောင်းမရ ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ပဲတင်သွင်းဈေးတွေကတော့ သုံးဆ လောက်မြင့်တက်ခဲ့ပါတယ်။ ပဲတွေကို အများဆုံး တရုတ်က တင်သွင်းခဲ့တာ ဖြစ်ပါတယ်။
သွင်းကုန်တွေပိုပြီးဈေးကြီး
တရုတ်နိုင်ငံရဲ့ စီးပွားရေးချဲ့ထွင် လာမှုကြောင့် ပဲဈေးတွေလည်း မြင့်တက် လာပါတယ်။ တရုတ်နိုင်ငံမှာ လယ်သမား တွေကို တန်ဖိုးမြင့်ထုတ်ကုန်တွေ တိုးမြှင့်စိုက်ပျိုးဖို့ တိုက်တွန်းထားပြီး ပဲတီပင်ပေါက်ဖောက်တဲ့ပဲတွေ လျှော့စိုက် ဖို့ ပြောကြားထားပါတယ်။
လွန်ခဲ့တဲ့နှစ်က ဂျပန်နိုင်ငံသုံး ယန်းငွေဈေးတွေ ထိုးကျခဲ့တဲ့အတွက် ကြောင့် သွင်းကုန်တွေ ပိုပြီးဈေးကြီးခဲ့ ပါတယ်။ အကယ်၍ မိမိတို့တွေ ဈေးနှုန်း ကိုသာ အာရုံစိုက်မယ်ဆိုရင် ပဲတီပင် ပေါက်ဖောက်တဲ့ပဲတွေကို တခြားကမ္ဘာ့ နိုင်ငံတွေက ဝယ်သင့်တယ်၊ ဒါပေမယ့် လည်း တရုတ်ပဲတွေကိုပဲ မိမိတို့က ကြိုက်ကြတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အရည်အသွေးကောင်းတဲ့ ပဲတီပင်ပေါက် တွေဖောက်နိုင်လို့ဆိုပြီး ဟာယာရှီက ပြောပါတယ်။
နောက်ထပ်ရှုပ်ထွေးမှုတစ်ခု
ဓာတ်အားဈေးနှုန်းတွေ မြင့်တက် လာတာကလည်း နောက်ထပ်ရှုပ်ထွေးမှု တစ်ခုပဲဖြစ်ပါတယ်။ ပဲတီပင်ပေါက် ဖောက်တဲ့အခါ သတ်မှတ်တဲ့အပူချိန်ပေးဖို့လိုအပ်ပါတယ်။ ကုမ္ပဏီရဲ့ မီတာခက နှစ်ဆလောက်တက်ခဲ့တယ်။ လောင်စာ ဆီကလည်း လွန်ခဲ့တဲ့နှစ်ကတည်းက တစ်နှစ်ပြီးတစ်နှစ် ၅၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။
ဒါကြောင့်မို့ ပဲတီပင်ပေါက်တွေကို ဈေးတက်ရောင်းဖို့ လက်လီဈေးသည် တွေက တောင်းဆိုနေကြပါတယ်။ ဈေး နည်းနည်းနဲ့ရောင်းရင် မိမိတို့တွေ ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ လက်လီ ဈေးသည်တွေကို ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့်လည်း အခုချိန်ထိတော့ ကိုယ်လိုချင်တဲ့ဈေးနဲ့ ရောင်းလို့မရသေး ပါဘူး။ ကုန်ကျစရိတ်တွေကို ကာမိဖို့ ဆိုရင် ၂၀ ရာခိုင်နှုန်းလောက် ဈေးတက်မှ ရမယ်။ အခုချိန်ထိတော့ ထက်ဝက် လောက်ပဲရသေးတယ်လို့ ဟာယာရှီက ပြောပါတယ်။
အကြိတ်အနယ်ကြိုးစားနေရ
ဈေးဝယ်ကုန်တိုက် (စူပါမားကတ်)တွေလည်း လုပ်ငန်းလည်ပတ်ရပ်တည် နိုင်ရေး အကြိတ်အနယ်ကြိုးစားလျက်ရှိ ပါတယ်။ အကီဘာ ဟီရိုမီချီက တိုကျိုမှာ ဆိုင်တော်တော်များများ စီမံခန့်ခွဲလျက် ရှိပါတယ်။ ဈေးနှုန်းမြှင့်ဖို့ ပေးသွင်းသူ တွေရဲ့ မရေမတွက်နိုင်တဲ့ တောင်းဆိုမှု တွေကို ရရှိခဲ့တယ်လို့ အကီဘာက ပြောပါတယ်။ သို့သော်လည်း သူ့အနေ နဲ့ အခုလိုတစ်ခါမှ မလုပ်ဖူးကြောင်းနဲ့ တောင်းဆိုလိုက်တဲ့ ဈေးနှုန်းကို မြှင့်ပေး လိုက်တာနဲ့ ရောင်းချရမယ့်ကုန်ပစ္စည်း အရေအတွက်ပေါ် တိုက်ရိုက်အကျိုး သက်ရောက်နိုင်တယ်လို့ သူက ပြောပါ တယ်။
မြင့်လာတဲ့ ကုန်ကျစရိတ်တွေကို ဖောက်သည်တွေအပေါ်ပုံချဖို့ အကီဘာ တစ်ယောက် တွန့်ဆုတ်လျက်ရှိပါ တယ်။ သူ့ရဲ့ဆိုင်တွေမှာ နို့ဈေးကိုသာ တက်ထားသော်လည်း ဒါကလည်း အမြတ်နည်းနည်းလေးပဲ ယူထားတယ် လို့ သူကပြောပါတယ်။ တချို့ပစ္စည်း တွေကို အမှန်တကယ်ကုန်ကျတဲ့စရိတ် ထက် လျှော့ပြီးရောင်းခဲ့တာပါလို့ သူက ပြောပါတယ်။
လက်ကားဈေးတက်ရင် လက်လီ ဈေးတက်သင့်တယ်ဆိုပြီး အစိုးရက ထင်နေတယ်လို့ သူက ဆက်ပြောပါ တယ်။ ဈေးဝယ်သူနဲ့ တိုက်ရိုက်ထိတွေ့ ရတဲ့အခါ ဒါက ထင်သလောက်မလွယ်ဘူး လို့လည်း သူက ပြောပါတယ်။
လုပ်ခလစာတိုးပေးဖို့တိုက်တွန်း
ဂျပန်အစိုးရက ကုမ္ပဏီတွေကို အလုပ်သမားတွေအတွက် လုပ်ခလစာ တိုးပေးဖို့ တိုက်တွန်းထားပါတယ်။ လုပ်ခလစာကို တင်းကျပ်စွာချုပ်ကိုင် လိုက်ခြင်းဖြင့် ကော်ပိုရိတ်အကျိုးအမြတ် ကို ရရှိစေမယ်ဆိုတဲ့ မှန်ကန်တဲ့ အတွေး အခေါ်ကို ပြောင်းလဲပေးဖို့ပဲ ဖြစ်ပါတယ်။ သို့သော်လည်း လုပ်ခလစာတိုးလာတဲ့ အတွက် ငွေကြေးဖောင်းပွတဲ့ဘက်မှာ အခြေအနေ တိုးတက်ကောင်းမွန်လာ တယ်လို့ ပြောမရသေးပါဘူး။ ။
ကိုးကား - အင်န်အိတ်ချ်ကေ
- Log in to post comments