ဆောင်းနေကြာသီးနှံစိုက်ပျိုးထုတ်လုပ်ရေးကွင်းသို့ စိုက်ပျိုးရေးသိပ္ပံ ကျောင်းသား ကျောင်းသူများ လာရောက်လေ့လာ

 

ကျောက်တော်  ဖေဖော်ဝါရီ   ၁၄


ရခိုင်ပြည်နယ်  စိုက်ပျိုးရေးဦးစီးဌာန  မြောက်ဦးခရိုင်  ကျောက်တော် မြို့နယ်ရှိ သရက်တပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ခုနှစ် ဆောင်းနေကြာ သီးနှံစိုက်ပျိုးထုတ်လုပ်မှုကွင်းသို့         စိုက်ပျိုးရေးသိပ္ပံကျောင်းမှ ကျောင်းသား ကျောင်းသူများက ယမန်နေ့က လာရောက်လေ့လာခဲ့ ကြသည်။

 


အဆိုပါ     လေ့လာရေးခရီးစဉ်တွင်     ကျောက်တော်မြို့နယ် သရက်တပင်ကျေးရွာနေတောင်သူ   ဦးစံသာထွန်း၏   ဆောင်းသီးနှံနေကြာစိုက်ခင်းအတွင်း စိုက်ပျိုးထားသော ဆင်းရွှေကြာ (နေကြာ)    စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းနေမှု    အခြေအနေများနှင့်  ပတ်သက်၍ ကျောက်တော်မြို့နယ်          စိုက်ပျိုးရေးဦးစီးဌာနမှ      မြို့နယ်ဦးစီးမှူး ဦးဇော်သန့်အောင်က ဆောင်းနေကြာသီးနှံ စိုက်ပျိုးထုတ်လုပ်ရခြင်း ၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။

 


ထို့နောက် စိုက်ပျိုးရေးသိပ္ပံ (ကျောက်တော်)မှ ကျောင်းသား ကျောင်းသူများက သိရှိလိုသည်များအား  မေးမြန်းဆွေးနွေးရာ   မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးက  ရှင်းလင်းပြောကြားသည်။ ဆက်လက်ပြီး ကျောက်တော်မြို့နယ်အနေဖြင့် ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ကျောက်တော် မြို့နယ် တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်  ဆောင်းနေကြာဆီထွက် သီးနှံစိုက်ဧက  ၁၃၀၆၅ ဧက စိုက်ပျိုးသည့်အနက် ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးလျက်ရှိကြောင်း  သိရသည်။  

 

ခင်မောင်ထွန်း(ပြန်/ဆက်)