ဤမြေ … ပြည်ထောင်စုအမွေ

Type

 

(၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြုဆောင်းပါး

ဒေါက်တာမောင်ကျော်
ပါမောက္ခချုပ်(ငြိမ်း)

 

ကျွန်တော်တို့ ဒီလိုလွတ်လပ်တဲ့ နိုင်ငံဖြစ်ဖို့ ဘိုးဘေး ဘီဘင်တို့ဟာ  ပင်လုံမြေမှာ စုစည်းနိုင်ခဲ့ကြတယ်။ ၂၀၂၃  ခုနှစ်    ဖေဖော်ဝါရီလ   ၁၂   ရက်ဟာ     (၇၆) နှစ်မြောက် ပြည်ထောင်စုနေ့ဖြစ်ရာ တိုင်းရင်းသား လူမျိုးရှစ်မျိုး မျိုးနွယ်စုပေါင်း ၁၃၀ ကျော်တို့ ပျော်ရွှင် ရတဲ့နေ့၊   အေးအတူပူအမျှ  အတူတကွနေကြမယ်၊ တို့တိုင်းရင်းသားအပေါင်း  သာယာဝပြောအောင်၊ ကျန်းမာအောင် ကမ္ဘာ့အလယ်မှာ ဂုဏ်ယူဝင့်ကြွားဖို့ ဆိုတဲ့နေ့ ဖြစ်ပါတယ်။

 


ကိုယ့်မြေပေါ်မှာ   ကိုယ့်ဘုရင်၊   ကိုယ့်သခင်နဲ့ နေလာခဲ့တဲ့ ပုဂံခေတ်မှ ကုန်းဘောင်ခေတ်တိုင် မြန်မာ နိုင်ငံဟာ အမြဲတမ်းအေးချမ်းသာယာနေတာတော့ မဟုတ်၊ မတည်ငြိမ် မအေးချမ်းတဲ့ကာလ ရှိခဲ့ပေမယ့် သမိုင်းနဲ့ချီပြီးပြောရရင် အလွန်ပင်တိုတောင်းခဲ့ပါ တယ်။ 

 


အေးချမ်းသာယာစွာ နေထိုင်ခဲ့ကြ


မြန်မာနိုင်ငံလို့ခေါ်တဲ့    မြေပြန့်ကုန်းမြင့်  အရပ် ဒေသအသီးသီး၊    မြို့ပြအသီးသီးမှာ    တိုင်းရင်းသား အမည်နာမအသီးသီးနဲ့  အေးအတူပူအမျှ  ကိုယ့်မင်း ကိုယ့်ချင်း ကိုယ့်ဘုရင်ကိုယ့်သခင်တို့ရဲ့ စီမံအုပ်ချုပ် ခန့်ခွဲမှုကို ကျေနပ်ခဲ့ပါတယ်။ ကမ္ဘာ့လူသားကောင်း များအဖြစ်    ထားအပ်တဲ့   ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားကာ ချစ်ခင်စွာ နေထိုင်ခဲ့ကြပါတယ်။ ပထဝီမြေပြင်အရ         အလှမ်းဝေးဟန်ရှိပေမယ့် တိုင်းရင်းသားအပေါင်းတို့ဟာ   စိတ်တူကိုယ်တူရှိ ကာ     စည်းလုံးညီညွတ်ခဲ့ကြပါတယ်။    ရိုးသား ကြိုးစားကာ   မိမိရဲ့ဘဝနဲ့   တစ်ပါးသူအား   ဒုက္ခ မပေးဘဲ  တိုင်းပြည်ရဲ့    အရှိဘဝကို    သာယာစွာ၊ အေးချမ်းစွာ နေထိုင်ခဲ့ကြစဉ် ကိုလိုနီနယ်ချဲ့တို့ဟာ အိန္ဒိယနိုင်ငံအတွင်း    နှစ်ပေါင်း ၂၀၀  ကျော်ကပင် ဝင်ရောက်နေခဲ့ပြီဖြစ်ပါတယ်။

 


ကြေကွဲဝမ်းနည်းဖွယ်ရာ နှစ်တစ်ရာသမိုင်း


၁၈၂၄ ခုနှစ်မှ ၁၉၂၄ ခုနှစ်ထိ နှစ်တစ်ရာ သမိုင်း ကိုဖတ်ရှုတဲ့အခါ မြန်မာ့လွတ်လပ်ရေး  ဆုံးရှုံးမှုဟာ ယူကျုံးမရ   ကြေကွဲဝမ်းနည်းဖွယ်ရာ  တွေ့ရပါတယ်။ ၁၈၈၈   ခုနှစ်တိုင်   ပြည်မတွင်သာမက   ပြည်နယ် ပြည်စွန်ဖျားများ  (Frontier  Areas)   မြန်မာနိုင်ငံ မြောက်ပိုင်းရှိ      တောင်တန်းများပေါ်မှ    ချင်း အမျိုးသားများ၊    လူရှိုင်းအမျိုးသားများ၊      စီယင် အမျိုးသားများ၊      ကချင်အမျိုးသားများကလည်း တွန်းလှန်တော်လှန်ခဲ့ကြပါတယ်။ 

 


တောင်ပေါ်မြေပြန့်            တစ်မျိုးသားလုံးရဲ့ လွတ်လပ်ရေး၊  မြန်မာ့လွတ်လပ်ရေးအတွက် ဆင်းရဲ ဒုက္ခကိုမမှု      ညည်းညူခြင်းမရှိ၊   အလွန်တရာ ကြမ်းတမ်းခက်ထန်တဲ့ ခရီးရှည်ကြီးကို  ဇွဲသတ္တိနဲ့ အသက်သွေးချွေးတွေပေးခဲ့တဲ့ စွန့်စားမှုကြီးများဟာ ဂုဏ်ယူလို့မဆုံးနိုင်တဲ့      မြန်မာတို့ရဲ့   ဇာတိမာန် မော်ကွန်းများဖြစ်ပါတယ်။   ဒီလိုနဲ့  ၁၉၄၆   ခုနှစ်၊ ဇွန်လထဲမှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ယာယီအစိုးရ အဖွဲ့ရဲ့  ဒုတိယဥက္ကဋ္ဌဖြစ်လာခဲ့ပါတယ်။   ထိုခေတ် ထိုအချိန်က နိုင်ငံရေးလှုပ်ရှားမှုများဟာ  တစ်နိုင်ငံ လုံး တိုင်းရင်းသားအပေါင်း လွတ်လပ်ရေးအတွက် ကျောပိုးအိတ်ကိုလွယ်၊   နိုင်ငံနဲ့လူမျိုး    လွတ်လပ်ဖို့၊ ကိုယ့်နိုင်ငံကို       ကိုယ်တိုင်ကာကွယ်ဖို့       အသက် သွေးချွေးနဲ့ အချိန်တွေပေးခဲ့ကြတယ်။ တစ်မျိုးသား လုံး ကောင်းစားရေးကို  ရှေးရှုခဲ့ကြောင်း  ၂၁ ရာစု လူငယ်တွေ နမူနာယူကြရလိမ့်မယ်။
ယနေ့ခေတ်       လူကြီးလူငယ်အပေါင်းဟာ အတိတ်သမိုင်းကြောင်းကို         စေ့စေ့တွေးရင် လွတ်လပ်ရေးရဖို့ ဘယ်လိုခက်ခဲကြောင်း  သိမြင်နိုင် ပါတယ်။ 

 


ပြည်ထောင်စုအမွေ အမြဲတည်တံ့စေ


ရှေးနှစ်ပေါင်းများစွာကတည်းက  အေးအတူ ပူအမျှ နေထိုင်လာခဲ့ကြတဲ့ ကချင်၊ ကယား၊ ကရင်၊ ချင်း၊  မွန်၊   ရခိုင်၊ ရှမ်းနဲ့  ဗမာတို့ဟာ အမည်နာမ ကွဲပြားပေမယ့်   တောင်ပေါ်မြေပြန့်မှာ   ရှေးမြန်မာ ဘုရင်မင်းများ         လက်ထက်ကလည်းကောင်း၊ နှစ်ပေါင်း တစ်ရာကျော်ကြာ  ကိုလိုနီနယ်ချဲ့အောက် မှာ   လည်းကောင်း   ပါလီမန်ဒီမိုကရေစီ၊   ဆိုရှယ် လစ်ဒီမိုကရေစီ၊ ပါတီစုံဒီမိုကရေစီစနစ်အောက်မှာလည်းကောင်း   နေခဲ့ကြရရာ  အနာဂတ်မှာ   ကမ္ဘာ့ မြေပုံပါ မြန်မာနိုင်ငံဆိုတဲ့  ဒီမြေဟာ  ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့  ပြည်ထောင်စုအဖြစ် တည်ထောင်ဖို့ဖြစ်ပါတယ်။

 


အဟောသိကံ 


နိုင်ငံရေးဝါဒစွဲ၊       ဂိုဏ်းဂဏစွဲ၊    လူမျိုးရေးစွဲ၊ ဘာသာရေးစွဲတွေဟု  ဆိုရမလိုပါပဲ။  လွတ်လပ်ရေး ရပြီး       နှစ်လ၊   သုံးလအတွင်းမှာ     ပြည်တွင်း သောင်းကျန်းမှု ပဋိပက္ခတွေ စတင်ဖြစ်ပွားခဲ့ပါတယ်။ မြန်မာတို့ကံကြမ္မာဟာ    ဆိုးခဲ့ပါတယ်။    ရံဖန်ရံခါ ဆိုသလို ပြည်ထောင်စုကြီး ပြိုကွဲရေးဆီသို့ တွန်းပို့ တဲ့ ခြိမ်းခြောက်မှုတွေကြုံခဲ့ပါတယ်။   ၂၀  ရာစု နှောင်းပိုင်းအထိပါပဲ။  ဖွံ့ဖြိုးတိုးတက်ဖို့လမ်းကြောင်း ပေါ်သို့      မရောက်၊    ထင်သလောက်    ခရီးမပေါက်၊ တိုင်းပြည်ဟာ အထနှေးခဲ့ပါတယ်။ လွတ်လပ်ရေး အတွက် အတူတကွလက်တွဲခဲ့ကြတဲ့  ခေါင်းဆောင် တွေရဲ့      ဝါဒရေးရာ၊   လူမျိုးရေး၊     ဘာသာရေး အယူအဆအမျိုးမျိုးကြောင့် ပြည်သူဟာ မြေဇာပင် လို ဖြစ်ခဲ့ရပါတယ်။ ဘေးပယောဂတွေ ရှိခဲ့တာက တစ်မှောင့်၊ အမျိုးသားရေး ဝိသေသလက္ခဏာတွေကို သတိ လက်လွတ်တဲ့သဘော ဆောင်ခဲ့ပါလိမ့်မယ်။ အားကောင်းမောင်းသန်တွေဟာ     အဟောသိကံ ဖြစ်ခဲ့ရပါတယ်။  

 


ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို 
အခြေခံသည့်  ပြည်ထောင်စု  


ဒီမိုကရေစီနဲ့     ဖယ်ဒရယ်စနစ်ကို   အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံ တည်ဆောက်မယ်ဆိုရင် သမိုင်း တစ်လျှောက်မှာ     သာဓက   အထောက်အထား ကောင်းတွေရှိခဲ့ပါတယ်။  ဒုတိယကမ္ဘာစစ်ကြီးအပြီး မှာ   ဂျာမနီဟာ  Federal   Republic of Germany (FRG), German Democratic Republic (GDR) ဆိုပြီး နိုင်ငံရေးအတွေးအခေါ်နဲ့   စူပါပါဝါ  နိုင်ငံကြီး တွေရဲ့ လွှမ်းမိုးမှုကြောင့် နှစ်ခြမ်းကွဲသွားခဲ့ပါတယ်။ နှစ်ပေါင်း ၄၅ နှစ်ကျော်ကြာမှာ နှစ်ခြမ်းကွဲ ဂျာမနီ ဟာ ပြန်လည်ပူးပေါင်းနိုင်ခဲ့တာဟာ နမူနာကောင်း ဖြစ်ပါတယ်။ 

 


အမေရိကန်ပြည်ထောင်စု  (United States of America)   ဟာ   ဖက်ဒရယ်    ပြည်ထောင်စုပါပဲ။ ပြည်ထောင်စုမြန်မာနိုင်ငံဟာ  United  States  of Myanmar  လို့ အဓိပ္ပာယ်ရပါတယ်။  တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေကို   စုစည်းဖွဲ့စည်းထားတဲ့    နိုင်ငံပဲ ဖြစ်ပါတယ်။   ၂၁  ရာစု  ပညာခေတ်မှာ   ပညာတတ်၊ အရည်အချင်းပြည့်ဝသူ၊ ဗလငါးတန်  ပြည့်ဝသူတို့ ကသာ  တိုင်းပြည်ရဲ့အပြောင်းအလဲကို ပြုလုပ်နိုင် ပါလိမ့်မယ်။ ပညာလွှမ်းမိုးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့၊ တစ်သက်တာ သင်ယူနေတဲ့  လူ့အဖွဲ့အစည်းဖြစ်ဖို့ မျှော်မှန်းပြီး         အားထုတ်နေကြရမှာဖြစ်ပါတယ်။ အရှေ့၊ အနောက်ကို မမျှော်လေနဲ့။  တိုင်းရင်းသား အပေါင်းက တညီတညွတ်  ကိုယ်ထူကိုယ်ထပြုကြ၊ ရေရှည်အကျိုးကို   မျှော်ကိုးပြီး     ပြည်ထောင်စုရဲ့ အနာဂတ်ခရီးကို ကိုယ့်အားကိုယ်ကိုး လျှောက်ကြရ ပါမယ်။ 

 


စိတ်ကူးယဉ်အိပ်မက်မဟုတ် တကယ်လုပ်


နိုင်ငံရဲ့    ရေမြေတောတောင်   သဘာဝအခြေ အနေကောင်းတွေကို   အကြောင်းပြုရင်  စင်ကာပူ လိုမျိုး     အနည်းဆုံးသုံးနေရာကို      နိုင်ငံတွင်းမှာ ဆယ်နှစ်အတွင်း   တည်ဆောက်နိုင်ပါမယ်။  ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးတို့ကို    စင်ကာပူလိုမျိုး ထူထောင်မယ်ဆိုရင် လွန်စွာအလားအလာကောင်း တယ်လို့ ခန့်မှန်းလို့ရပါတယ်။ စိတ်ကူးယဉ်အိပ်မက် မဟုတ်၊  တကယ်လုပ်ချင်တဲ့ဆန္ဒရှိဖို့ပါပဲ။
ပဲခူး၊ မကွေး၊ မန္တလေး၊  စစ်ကိုင်းတိုင်းဒေသကြီး တွေကတော့ ဧရာဝတီ၊ချင်းတွင်း၊ စစ်တောင်းမြစ်ကြီး တွေကို အကြောင်းပြုပြီး လယ်ယာသားငါး၊  စိုက်ပျိုး သီးနှံ၊  ဆန်ရေစပါး  ပေါကြွယ်ဝရေး   စိုက်ပျိုးမွေးမြူ ရေး လုပ်ငန်းတွေကို ခေတ်မီအောင် စက်မှုလုပ်ငန်း တွေ  အင်တိုက်အားတိုက်  တပ်ဆင်ကာ ထူထောင် နိုင်ပါတယ်။

 


လူ့စွမ်းအားတွေမြှင့်ရင်း        ကချင်ပြည်နယ်၊ ချင်းပြည်နယ်ကို   စကော့တလန်၊     ပြင်သစ်လို ရှမ်းပြည်နယ်၊ ကယားပြည်နယ်အတွက် စဉ်းစားရင် အင်္ဂလန်လို၊ အမေရိကန် ပင်စီဗေးနီးယား ပြည်နယ် လို   စက်မှုစီးပွားရေးလုပ်ငန်းတွေ   ထူထောင်နိုင်ပါ မယ်။   ရခိုင်ပြည်နယ်၊  တနင်္သာရီတိုင်းဒေသကြီး ကိုတော့ ဂျပန်လို တည်ဆောက်နိုင်ပါမယ်။ 
လိုအပ်တဲ့ စွမ်းအင်ကိုတော့ ရေအားလျှပ်စစ်နဲ့ ကျောက်မီးသွေး၊   သဘာဝဓာတ်ငွေ့ကိုသုံးရလိမ့် မယ်။    အလုပ်အကိုင်တွေ   ပေါလာမယ်။   ဆင်းရဲ မွဲတေမှုတွေ လျော့ကျလာမယ်။ ချမ်းသာလာမယ်။ နိုင်ငံမှာလည်း အေးချမ်းမယ်၊  ပြည်တွင်းနိုင်ငံရေး ပဋိပက္ခတွေ ကင်းဝေးသွားပြီး  မြန်မာဟာ မြန်မြန် ဆန်ဆန်     တောင့်တောင့်တင်းတင်းနဲ့   အေးချမ်း သာယာတဲ့ဘဝကို    မျက်မှောက်ပြုနိုင်မှာ   ဖြစ်ပါ တယ်။    ကိုယ့်တိုင်းဒေသကြီး၊      ကိုယ့်ပြည်နယ် တစ်ခွင်မှာ ဘဝအသစ်ဖန်တီးနိုင်မယ့် အမြော်အမြင် ကြီးမားတဲ့၊ ကြံရည်ဖန်ရည်ရှိတဲ့ လူ့စွမ်းအားအရင်း အမြစ်    လိုအပ်တယ်ဆိုတာ   ယနေ့အချိန်အခါမှာ ပိုပြီးမြင်တွေ့နေရပါပြီ။

 


ရွေးချယ်စရာ လမ်းနှစ်သွယ်ရှိပါတယ်။ တစ်ခုက “ပိုနေမြဲ    ကျားနေမြဲ” ဆိုသလို   လက်ရှိဘဝအခြေ အနေကို  ပျော်သလိုနေကြဖို့ပဲ။ နောက်လမ်းသွယ် တစ်ခုက ခရစ်နှစ် ၂၀၃၀−၂၀၄၈  ခုနှစ်မှာ   နိုင်ငံ့ အင်အားတောင့်တင်းဖို့         လူသားအရင်းအမြစ် မှန်သမျှကို      အဖိုးတန်သည်ထက်     တန်အောင် ပြည်သူတွေ   တစ်သက်တာလုံး သင်ယူနေကြရဦး မယ်။ ဧရာဝတီဟာ နှစ်ပေါင်းသန်းချီပြီး မြန်မာနိုင်ငံ မြောက်ဖျား၊   ရခိုင်ရိုးမတောင်တန်းနဲ့   ရှမ်းကုန်း ပြင်မြင့်ကြားက    မြန်မာပြည်တောင်ပိုင်း   အိန္ဒိယ သမုဒ္ဒရာသို့    စီးဆင်းတာ   ယနေ့အထိဖြစ်တယ်။ အမြဲစွတ်စိုလျက်ရှိတာက       စစ်တောင်းမြစ်နဲ့ အရှေ့ဘက်ခြမ်းက သံလွင်မြစ်ကြီးတို့ပဲ။ ဒီမြစ်ကြီး သုံးသွယ်ဟာ    မြန်မာတို့အတွက်    ချမ်းသာဖို့ပဲ။ သုံးတတ်ရင်   အဖိုးအနဂ္ဂတန်ပါတယ်။   နည်းပညာ နည်းရင်၊  ပညာနည်းရင်တော့ ပင်လယ်ထဲ စီးဆင်း သွားတာပဲ အဖတ်တင်ပါမယ်။   ဒီလိုခေတ်   အခြေ အနေမှာ    သိပ္ပံပညာနည်းပညာ၊    စိုက်ပျိုးရေး၊ စီးပွားရေးဘွဲ့ရတွေဟာ ကိုယ်ပိုင်စီးပွားရေး ကုမ္ပဏီ ကြီးတွေ    တည်ထောင်၊   ဘဏ်လုပ်ငန်းကြီးတွေ တည်ထောင်၊ ရေနံကုမ္ပဏီကြီးတွေ  တည်ထောင်ဖို့ တာစူရမယ်။ အလုပ်လုပ်ဖို့ ပညာသင်ရမယ်။ ဒီလို ဆိုရင် မြန်မာ့ အနာဂတ်ဟာ သေချာရေရာပါမယ်။ 

 


ပုဂံခေတ်၊ အင်းဝခေတ်နဲ့ ကုန်းဘောင်ခေတ်တိုင် မြန်မာတို့ဟာ ကချင်၊ ကယား၊ ကရင်၊ ချင်း စတဲ့ အမည်နာမကွဲပြားပေမယ့် မြင့်မြတ်တဲ့ ဘဝလို့ခေါ် လောက်အောင်   ပျော်ရွှင်ချမ်းမြေ့တဲ့၊    ငြိမ်းချမ်းတဲ့ ဘဝကို    အတူတကွ   တည်ဆောက်ခဲ့ကြတယ်။ နှစ်ပေါင်းတစ်ရာကျော်ကြာ ကျွန်ပြုခဲ့တဲ့  ကိုလိုနီ နယ်ချဲ့ကို စုစုစည်းစည်းနဲ့ တွန်းလှန်နိုင်ခဲ့ကြတယ်။ ဒါဟာလည်း   အမျိုးသားရေးလက္ခဏာ၊   ၂၁   ရာစု ဝေါဟာရနဲ့ ပြောရရင် ဖက်ဒရယ်ဆန်ခဲ့ပါတယ်။

 


အမျိုးသားရေး  ဝိသေသများဖြစ်တဲ့၊   နှစ်ပေါင်း ထောင်သောင်းမက   အေးအတူပူအမျှ    အတူတကွ နေထိုင်လာခဲ့ကြတဲ့      တိုင်းရင်းသားညီအစ်ကို တစ်တွေ အတူလက်တွဲကာ  ရှေ့ခရီးကို ပျော်ပျော် ပါးပါးနဲ့  လျှောက်လှမ်းကြရလိမ့်မယ်။   ဘဝသစ်မှာ ကိုယ်စိတ်နှစ်ဖြာ  အေးချမ်းဖို့ပဲ၊    ခေါင်းပုံမဖြတ်၊ အကြမ်းမဖက်တဲ့  လူ့အသိုင်းအဝိုင်း   တည်ထောင် နိုင်ဖို့၊  ၂၁ ရာစု မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင် ကြတဲ့    ပြည်သူအပေါင်းဟာ  ငြိမ်းချမ်းသာယာတဲ့ ဘဝကို      ကိုယ်တိုင်တည်ဆောက်ကြရလိမ့်မယ်။ အဝိဇ္ဇာအမှောင်ထုမှ အလင်းဆီရောက်မယ့်လမ်းကို     ကိုယ်တိုင်ရှာဖွေကြရလိမ့်မယ်လို့ တင်ပြချင်ပါတယ်။ 
အရှေ့   အနောက်     နိုင်ငံရေးအယူဝါဒတွေကို အလွန်အမင်း      မတွယ်တာလေနဲ့။          ကိုယ်ပိုင် ယဉ်ကျေးမှု        ဓလေ့ထုံးတမ်းစဉ်လာတွေဟာ ဟောင်းနွမ်းနေပြီ၊      ခေတ်မမီတော့ဘူးလို့လည်း ယုံမှား  သံသယ  မရှိလေနဲ့။  

 


ကိုယ့်စာပေ၊       ကိုယ့်တေးဂီတတွေ၊     သုခုမ အနုပညာတွေဟာ  ‘မတိုး’  တော့ပြီ   ဆိုပြီးလည်း   မထင်လေနဲ့။      အတိတ်က   ကိုယ့်ထီးကိုယ့်နန်း  ကိုယ်ကြငှန်းနဲ့   ကတ္တီပါဖိနပ်စီး     ရွှေထီးဆောင်း ခဲ့တဲ့ဘဝကိုလည်း    လွမ်းနေရုံနဲ့  မပြီးတာကို သိရ ပေမယ်။  အဋ္ဌာရသ   ၁၈  ရပ်နဲ့   လုံလောက်ပြီလို့ လည်း    မတွက်လေနဲ့။  ဒီမိုကရေစီဆိုတိုင်း ရောဂါ မှန်သမျှ  ကုသနိုင်တဲ့ဆေးကျမ်းလို့ မဆိုနိုင်ပေ။ 

 


ဘာကြောင့်ပါလဲ။      အရှေ့၊   အနောက်နိုင်ငံတို့မှ အချို့သောသူတို့ရဲ့   အနက်အဓိပ္ပာယ်  ကောက်ယူ ပုံမှာ  ဒီမိုကရေစီဆိုတာ အစိုးရကို  ဆန့်ကျင်ခွင့်ရှိရ မယ်။  လက်နက်စွဲကိုင်ပြီး   တော်လှန်ပုန်ကန်နိုင်ခွင့် ရှိရမယ်။      နိုင်ငံရေးအဖွဲ့အစည်း၊   ဘာသာရေး အဖွဲ့အစည်းတို့မှ ခွဲထွက်ခွင့် နုတ်ထွက်ခွင့်ရှိရမယ်။  စည်းစည်းလုံးလုံးရှိရာမှ  အစိတ်စိတ်အမြွှာမြွှာဖြစ် သွားရင်လည်း အကြောင်းမဟုတ်လို့  ယူဆကြလေ တယ်။ 

 


         ဒါ့အပြင်  ဂုဏ်ရောင် တဝင်းဝင်းနဲ့ ရာဇမင်းတို့ (World Lords)   ဝင်ချင်တိုင်းဝင်၊    ထွက်ချင်တိုင်း ထွက်   စိတ်စေစားရာ၊  မကြည်ရင်   မကြည်သလို ပုတ်ခတ်စွပ်စွဲခွင့်ရှိရမယ်။   ဒေသဆိုင်ရာ   ဥပဒေ တွေကို  သူတို့အတွက် အကျုံးမဝင်လို့ အဓိပ္ပာယ် ဖွင့်ဆိုပြန်တော့   မြန်မာ့မျက်စိ၊    မြန်မာ့အမြင်မှာ ထိုသို့သော ဒီမိုကရေစီဟာ  စစ်မှန်စရာ အကြောင်း မရှိ။    မြန်မာသာမက၊    အချုပ်အခြာအာဏာပိုင် ဘယ်နိုင်ငံကမှ       လက်ခံလိမ့်မည်မဟုတ်။       ဒီလို ဒီမိုကရေစီကို စစ်မှန်တဲ့ ဒီမိုကရေစီလို့ ပြောရခက်ပါ တော့တယ်။ 

 


အနာဂတ် မျိုးဆက်သစ်တွေကိုလည်း အဝိဇ္ဇာ အမှောင်ထု လောင်းရိပ်အောက်မှာ မမွန်းကျပ်စေလို။ ဒါ့ကြောင့် စစ်မှန်တဲ့  ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့      ပြည်ထောင်စုတည်ဆောက်ရေးမှာ သမာသမတ်ရှိသူ    အသိဉာဏ်ကောင်းသူ၊  သစ္စာ သမာဓိနဲ့     ပြည့်စုံသူတွေနဲ့    ကျယ်ကျယ်ပြန့်ပြန့် မိတ်ဆွေဖွဲ့ကြရပါမယ်။ ရှေ့သို့    တစ်ခေါ် တစ်မျှော် မြော်မြင်နိုင်စွမ်းရှိတဲ့။  သညာနဲ့ပညာတွေကိုလည်း ဆည်းပူးကျင့်သုံးနေရပါလိမ့်မယ်။     အလျင်အမြန် အကျိုးဖြစ်ထွန်းစေဖို့နဲ့ အားကောင်းမောင်းသန်တွေ ဘယ်သူမဆို    အဟောသိကံမဖြစ်ဖို့လည်း    သတိမူ ရပေလိမ့်မယ်။   ဖက်ဒရယ်အဖြစ်   စုစည်းထားတဲ့ အင်အားစုကြီးဟာ    သာယာဝပြောတဲ့နိုင်ငံရဲ့ပုံရိပ် မိမိတို့ရဲ့စိတ်ကူးတွေကို ကမ္ဘာသို့  အလျင်အမြန် ဝင့်ကြွားနိုင်ပါလိမ့်မယ်။
         

 

ဤခရီးဟာ  ရှည်လျားမယ်လို့  ခန့်မှန်းပေမယ့် ရေရှည်အကျိုးကို    မြော်တွေးကာ    ရက်တိုတိုနဲ့ မဂ်ဖိုလ်ရောက်လိုသူတွေချည်း      ဖြစ်ပါကြောင်း ကျွန်တော်၊ ခင်ဗျား၊ သူ သုံးဦးလုံးပါဝင်ကာ မျှော်မှန်း ရလဒ်ပန်းတိုင်ကို    အရောက်သွားကြပါစို့လားလို့ မေတ္တာနဲ့ ရေးသားအပ်ပါတယ်။

ကိုးကား- 
v    ၂၀ ရာစု  မြန်မာနိုင်ငံ၊ အမျိုးသားလူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးရေးဌာန၊ ပညာရေး ဝန်ကြီးဌာန၊ ဇန်နဝါရီလ ၂၀၀၂ ခုနှစ် 
v     Myanmar: Facts and Figures; Published by Ministry of Information, Myanmar, March, 2000
v     ဗမာ့တော်လှန်ရေးသမိုင်း၊ ဗိုလ်မှူးဘသောင်း (မောင်သုတ) မတ်လ ၁၉၉၁ ခုနှစ်၊ ပြန်ကြား ရေးဝန်ကြီးဌာန
v    မကြန်၊    သမိုင်းရှာပုံတော်ခရီးနှင့်    အခြားစာတမ်းများ   မြရတနာစာပေ၊    စာစဉ် (၁) ၂၀၀၂ ခုနှစ် 
v     မီနာမီကီကန်း၊   အိဇုမိယတတ်စုရော၊ သမိုင်းသုတေသန    စာစဉ်   (၁)၊   စာတည်း ဦးကျော်အောင်၊    ဘာသာပြန်နှင့်   စာအုပ် ထုတ်ဝေရေးဌာန၊      အထက်တန်းပညာ ဦးစီးဌာန၊ ပညာရေးဝန်ကြီးဌာန 
v     ကြေးမုံသတင်းစာ၊ စာ ၁-၈၊ အောက်တိုဘာ ၁၆၊ ၂၀၁၈ 
v     Asia Pacific: Its Role in the new World Order, (Myanmar Burma)by  M S Dobbs–  Higginson, New Light of Myanmar, 1998