(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ပြခန်းများ၊ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန် ပစ္စည်းအရောင်းပြခန်းများ ဒုတိယနေ့ ဆက်လက်ခင်းကျင်းပြသ ကြည့်ရှုလေ့လာသူများဖြင့် စည်ကား

 

ရန်ကုန်  ဖေဖော်ဝါရီ ၁၁


ရန်ကုန်မြို့   ပြည်သူ့ရင်ပြင်တွင် ဖွင့်လှစ်ပြသလျက်ရှိသည့်   (၇၆)နှစ်မြောက်   ပြည်ထောင်စုနေ့ အထိမ်းအမှတ်   ဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးနှင့်  ပြည်နယ်များ မှ   ပြခန်းများ၊  ပြည်နယ်နှင့် တိုင်းဒေသကြီးတို့မှ တိုင်းရင်းသား ရိုးရာအစားအစာနှင့် ဒေသထွက် ကုန်ပစ္စည်း   အရောင်းပြခန်းများ ကို    ယနေ့တွင်    ဒုတိယနေ့ အဖြစ် ဆက်လက်ပြသလျက်ရှိရာ ကျောင်းသား    ကျောင်းသူများ၊ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်း များနှင့် ပြည်သူများဖြင့် စည်ကား များပြားလျက်ရှိသည်။

 


နံနက် ၉  နာရီမှ  စတင်၍ ပြခန်းများနှင့် ဈေးရောင်းပွဲတော် ကို ဖွင့်လှစ်ပြသရောင်းချပေးလျက် ရှိပြီး ဈေးနှုန်းသင့်တင့်၍ ထုပ်ပိုး မှုကောင်းမွန်သော ဝန်ကြီးဌာန များမှ     စားသောက်ကုန်နှင့် ဖျော်ရည်များ၊      ရိုးရာအဝတ် အထည်၊ အသုံးအဆောင်ပစ္စည်း နှင့် အစားအစာများ၊ တောင်သူများ အတွက်    နှစ်မျိုးသုံးရွှေ့ပြောင်း ဆိုလာရေတင်စက်   ပစ္စည်းများ၊ စိုက်ပျိုးရေးမျိုးစေ့နှင့်   ငါးသား ပေါက်များကို အများပြည်သူများ စိတ်ဝင်တစား ကြည့်ရှုလေ့လာ ကြပြီး  လူငယ်များအနေဖြင့်  191 Report Mobile Phone Appli-cation အသုံးပြု၍ မီးသတ်ဦးစီး ဌာနသို့    မီးလောင်မှုဖြစ်စဉ်ကို ပေးပို့  အကူအညီပေးနိုင်သည့် လမ်းညွှန် Phone Application ထည့်သွင်းခြင်း၊     ဝန်ကြီးဌာန အလိုက် ကိုယ်စားပြုပြခန်းများကို လေ့လာကြည့်ရှုကြသည်။

 


ပြည်နယ်နှင့် တိုင်းဒေသကြီး များမှ တိုင်းရင်းသားရိုးရာအစား အစာဆိုင်ခန်းများကို   ဖွင့်လှစ် ရောင်းချလျက်ရှိရာ    ပြခန်းသို့ လာရောက်သည့်    ပြည်သူများ ဈေးနှုန်းသက်သာစွာ စားသောက် နိုင်ရန်    ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က တန်ဖိုးသင့် ထမင်း နှင့် ဟင်းအရောင်းဆိုင်ကို ဖွင့်လှစ် ရောင်းချပေးလျက်ရှိရာ လေ့လာ သူများအတွက်  စားသောက်ရေး အဆင်ပြေလျက်ရှိသည်။

 


ယနေ့     မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး  ဝန်ကြီး ချုပ် ဦးစိုးသိန်း၊  ရန်ကုန်မြို့တော်  စည်ပင်သာယာရေး      ကော်မတီ ဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊  စီးပွားရေးရာ ဝန်ကြီး     ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများသည်    ဝန်ကြီး ဌာန၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ပြခန်းတို့ကို  လှည့်လည်ကြည့်ရှု အားပေးကြသည်။

 


ပြည်ထောင်စုနေ့   အထိမ်း အမှတ်   ပြည်သူ့ရင်ပြင်   ရေပန်း အဝိုင်းအနီးတွင် အနုပညာရှင်များ သီဆိုဖျော်ဖြေကြသည့် တေးဂီတ ဖျော်ဖြေပွဲကို ညနေ ၆ နာရီမှ ည ၉ နာရီအထိ ဖျော်ဖြေတင်ဆက် လျက်ရှိပြီး  ရွှေတိဂုံစေတီတော် မြတ်၏ အေးမြသောမေတ္တာရိပ်နှင့် တိုင်းရင်းသားစည်းလုံးညီညွတ်မှု ကို ဖော်ဆောင်သည့် တေးသံသာ များကို     ပြပွဲလာပြည်သူများ စိတ်အားတက်ကြွဖွယ်  နားဆင် ခံစားနိုင်ကြမည်ဖြစ်သည်။ 

 


(၇၆)နှစ်မြောက် ပြည်ထောင် စုနေ့  အထိမ်းအမှတ်ပြခန်းများ၊ တိုင်းရင်းသားရိုးရာ  အစားအစာ နှင့်      ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများ   ခင်းကျင်း ပြသခြင်းကို ဖေဖော်ဝါရီ ၁၄ ရက် အထိ နံနက် ၉ နာရီမှ စတင်၍ ည ၁၀ နာရီအထိ ဖွင့်လှစ်ပြသလျက် ရှိကြောင်း သိရသည်။


ညိမ်းသူ (သတင်းစဉ်)
ဓာတ်ပုံ- ကနူး