
နေပြည်တော် ဇန်နဝါရီ ၂၀
ဒုတိယအကြိမ် တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်ပေးအပ် သည့် အခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၊ ရုံးခန်းအမှတ် (၂)တွင် ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးမျိုးတင့် က အမှာစကားပြောကြား သည်။
အခမ်းအနားသို့ တက်ရောက်လို ကြောင်း လိုအပ်ချက်များ ပြည့်စုံစွာ ဖြင့် လျှောက်ထားသူ အထက်တန်း ရှေ့နေ ၁၅၆ ဦးကို တရားလွှတ်တော် ရှေ့နေအသိအမှတ်ပြုလက်မှတ်များ ပေးအပ်သည်။ ထို့နောက် တရား လွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ရရှိသူများက ကတိသစ္စာပြု ကြသည်။
အခမ်းအနားသို့ ပြည်ထောင်စုတရားစီရင်ရေးကြီးကြပ်မှုရုံး ဒုတိယ ညွှန်ကြားရေးမှူးချုပ် (လုပ်ထုံး/စစ်ဆေးရေး)၊ ရှေ့နေရှေ့ရပ်ဌာနခွဲမှ ညွှန်ကြားရေးမှူး၊ ဒုတိယညွှန်ကြား ရေးမှူး၊ လက်ထောက်ညွှန်ကြား ရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည့် တရားလွှတ်တော်ရှေ့နေ အသိအမှတ် ပြုလက်မှတ် ပေးအပ်ပွဲအခမ်းအနား တက်ရောက်ရန် ကြေညာထားသူများ အနက် ၂၉၈ ဦး၏ ဝင်ကြေးငွေသွင်း ပြေစာနှင့် လွှတ်တော်ရှေ့နေ တံဆိပ်ခေါင်းများ ပေးပို့ရန်အတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တရားလွှတ်တော်ရှေ့နေများ ကောင်စီတို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး အဆိုပါအခမ်းအနား တက်ရောက် လိုကြောင်း လျှောက်ထားလာသူများ နှင့် အထက်တန်းရှေ့နေလိုင်စင် မူရင်းများ ပြန်လည်အပ်နှံပြီး ပြည့်စုံသူ ၃၁၁ ဦးအနက် ယနေ့ ကျင်းပသည့် အခမ်းအနားတွင် ၁၅၆ ဦးကို ပေးအပ် ခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၇ ရက်တွင် တရား လွှတ်တော်ရှေ့နေ အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ထပ်မံကျင်းပမည်ဖြစ်ပြီး ၁၅၅ ဦးကို ပေးအပ်မည်ဖြစ်ကြောင်း သိရ သည်။
သတင်းစဉ်